ပတ်လည်ညီအက္ခရာသင်္ချာ

ဝီကီပီးဒီးယား မှ
ပတ်လည်ညီ အက္ခရာသင်္ချာ ဘာသာရပ်ကို စတင်ပျိုးထောင်သူ တစ်ဦးဖြစ်သည့် အမ်မီ နိုသာ (Emmy Noether) က သူ၏ သုတေသန လေ့လာချက်များကို အန့် ဖစ်ရှာ (Ernst Fischer) ထံသို့ ၁၉၁၅ ခုနှစ်အတွင်း ပေးပို့သည့် ပို့စ်ကဒ်ပေါ်တွင် ဆွေးနွေးထားပုံ။

ပတ်လည်ညီ အက္ခရာသင်္ချာဟု မြန်မာဘာသာ ပြန်ဆိုနိုင်သည့် commutative algebra ခေါ် ဘာသာရပ်မှာ သင်္ချာပညာရှိ ခေတ်သစ်၊ သို့မဟုတ် စိတ္တဇ အက္ခရာသင်္ချာဟု ခေါ်နိုင်သည့် abstract algebra ဘာသာရပ်၏ ဘာသာရပ်ခွဲတစ်ခု ဖြစ်ပြီး၊ အက္ခရာသင်္ချာနည်းကျ ဂျီဩမေတြီ (algebraic geometry)၊ ကိန်းသေသီအိုရီ (invariant theory) နှင့် ကိန်းသီအိုရီ (number theory) တို့မှ ၁၉ ရာစုအတွင်း ပေါက်ဖွားလာခြင်း ဖြစ်သည်။[၁] ဤဘာသာရပ်တွင် ပတ်လည်ညီကွင်း (commutative ring) များ၊[မှတ်စု ၁] ၎င်းကွင်းများထဲရှိ အိုင်ဒီးလ် (ideal) ခေါ် အထူးကွင်းငယ်များ၊ ၎င်းကွင်းများအပေါ် အခြေခံသည့် မော်ဂျူး (module) များ အစရှိသည့် သင်္ချာအရာဝတ္ထုများကို လေ့လာသည်။

မှတ်စု[ပြင်ဆင်ရန်]

  1. ပတ်လည်ညီကွင်း ဆိုသည်မှာ ၎င်းကွင်း၏ အမြှောက် အော်ပရေးရှင်း (operation) အရ x နှင့် y မြှောက်ခြင်းသည်၊ y နှင့် x မြှောက်ခြင်းနှင့် အတူတူဖြစ်သည့်၊ တနည်း xy=yx ဖြစ်သည့် ကွင်းမျိုးကို ဆိုလိုခြင်းဖြစ်သည်။

အညွှန်း[ပြင်ဆင်ရန်]

  1. Commutative Algebra၊ Mathematical Sciences Research Institute (MSRI)၊ 12 February 2015 တွင် မူရင်း အား မော်ကွန်းတင်ပြီးFebruary 5, 2014 တွင် ပြန်စစ်ပြီး