ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း

ဝီကီပီးဒီးယား မှ

ဗုဒ္ဓဘုရားရှင် ဝေသာလီပြည် မဟာဝန်ကျောင်းတိုက်တွင် သီတင်းသုံးတော်မူစဉ် သံဃာတော်များ၏ ဆွမ်းကွမ်းကိစ္စ စီစဉ်ပေးတော်မူရသော အရှင်ဒဗ္ဗ မထေရ်မြတ်ကို မလိမ္မာ လူမိုက်တစ်စုက မြှောက်ထိုး ပင့်ကော်လုပ်သဖြင့် လဇ္ဇဝီလူမျိုးနွယ် ဝဎ္ဍ ဆိုသည့် ပုဂ္ဂိုလ်က ပထမပါရာဇိကဖြင့် စွပ်စွဲမှု ဖြစ်ပွားခဲ့သည်။ ဤသည်ကို အကြောင်းပြု၍ သပိတ်မှောက် ကံဆောင်ထိုက်သော အချက်အင်္ဂါ ၈ ပါးအနက် တချက်ချက်နှင့် ငြိစွန်းလျှင် သပိတ်မှောက်ခွင့်ကို ဗုဒ္ဓမြတ်စွာက ခွင့်ပြုတော်မူခဲ့သည်။ ဗုဒ္ဓသာသနာနှင့် သံဃာကို ဖျက်ဆီးလိုသူတို့ဘေးအန္တရာယ်မှ ကာကွယ်ခွင့်ပေးလိုက်သော အခွင့်အရေးတမျိုးဟု ဆိုနိုင်သည် [၁] Archived 12 October 2008 at the Wayback Machine.။

ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း[ပြင်ဆင်ရန်]

ကံဆောင်နိုင်သောအင်္ဂါ ၈-ပါး[ပြင်ဆင်ရန်]

ဝိနည်းတော်အရ ရဟန်းတော်များက ဒါယကာများအား သပိတ်မှောက်ရခြင်း အကြောင်းအရင်း အင်္ဂါ ၈-ပါးရှိ၏။

(၁) ဘိက္ခူနံ အလာဘာယ ပရိသက္ကန - ရဟန်းတို့အား လာဘ်တိတ်အောင် လာဘ်မရအောင် ပြုလုပ်ခြင်း၊

(၂) အနတ္တာယ ပရိသက္ကန - အကျိုးမဲ့ဖြစ်အောင်ပြုခြင်း၊

(၃) အဝါသာယ ပရိသက္ကန - နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း၊

(၄)အက္ကောသန - ဆဲရေးခြင်း၊

(၅) ဘေဒန - ရဟန်းချင်းဂိုဏ်းကွဲအောင်ပြုခြင်း၊

(၆) ဗုဒ္ဓအဝဏ္ဏ ဘာသန - ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကိုပြောဆိုခြင်း၊

(၇) ဓမ္မ အဝဏ္ဏ ဘာသန- တရား၏ဂုဏ်မဲ့ကို ပြောဆိုခြင်း၊

(၈) သံဃ အဝဏ္ဏ ဘာသန-သံဃာ့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုကဲ့ရဲ့ခြင်း။

ကံဆောင်နိုင်သော အချိန်[ပြင်ဆင်ရန်]

အင်္ဂါ၈ပါးအနက် တစ်ပါးပါး ပြည့်စုံသည်ဟု အနည်းဆုံးရဟန်းတော် ၄ ပါးမှ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ချနိုင်လျှင် (ထင်ရှားစေခဲ့လျှင်) စတင်ကံဆောင်နိုင်သည်။

ကံဆောင်မှုကို ကန့်ကွက်ပိုင်ခွင့်[ပြင်ဆင်ရန်]

စတင်ကံဆောင်သော ရဟန်းတော်များ၏ လုပ်ရပ်သည် သင့်တင့် လျှော်ကံမှုမရှိ (မတရား) ဖြစ်နေလျှင် မည်သည့်ရဟန်းတော်မဆို ကန့်ကွက်ပိုင်ခွင့်ရှိသည်။ ကျူးလွန်သော အပြစ်တို့မှာ ထင်ရှားပြီးဖြစ်၍ ကန့်ကွက်ရန်မရှိတော့လျှင် ဆိတ်ဆိတ်နေခြင်းအားဖြင့် ထောက်ခံနိုင်သည်။

(ကန့်ကွက်သူ သံဃာ တစ်ပါးပါး ပေါ်ပေါက်ခဲ့လျှင်တော့ ကံဆောင်မှု အထမြောက်/မမြောက်ကို ပြန်လည်သုံးသပ်ကောင်း သုံးသပ်နိုင်သည်။ ကန့်ကွက်သူ မပေါ်ပေါက်ခဲ့လျှင် ရဟန်းတော်အားလုံးက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ပြီ ဖြစ်သောကြောင့် သံဃာထု၏ ဆန္ဒနှင့်ညီသည်။ သံဃာ့ကံဆောင်မှု အထမြောက်ခဲ့ပြီ ဆိုသည်မှာ အငြင်းပွားစရာမရှိတော့။)

ကံဆောင်ခြင်း၏ နောက်ဆက်တွဲ အကျိုးကျေးဇူး[ပြင်ဆင်ရန်]

အရပ်စကားဖြင့် သံဃာထု၏ ဆန္ဒဟု သုံနှုံးခဲ့ရသော်လည်း မူအားဖြင့် ရဟန်းတော်တို့၏ ခံပြင်းမှုဒေါသစိတ် အစရှိသော ကိလေသာ ဆန္ဒတို့အပေါ်တွင် ခြေခံခြင်းမရှိသည်ကို အသေအချာစဉ်းစား ကြည့်လျှင်ကောင်းစွာ တွေ့မြင်နိုင်သည်။

တစ်ကြိမ်တစ်ခါ စော်ကားခဲ့ပြီး ဖြစ်သောကြောင့် စော်ကားသူတို့၌ အပြစ်သည်ဖြစ်ခဲ့လေပြီ။ ထို့ကြောင့်

(က) စော်ကားသူတို့၌ နောက်တစ်ကြိမ် အပြစ်မဖြစ်စေရန်၊

(ခ) အနာဂတ် သံဃာထုအတွက် နောက်တစ်ကြိမ် အလားတူစော်ကားခံရမှုမျိုးမှာ မပေါ်ပေါက်စေရန်၊

စသော အကျိုးတရားများကို မျှော်ကိုး၍ စော်ကားသော ပုဂ္ဂိုလ်းအား ရဟန်းတော်တို့ အနေနှင့် အဆက်အဆံ မပြုကြရန် အဆိုတင်သွင်းခြင်းဖြစ်သည် ဟုယူဆနိုင်သည်။

အထက်တွင်ဖော်ပြခဲ့သော အကျိုးတရား နှစ်ပါးကို ကြည့်ခြင်းအားဖြင့်စတင်အဆိုတင်သွန်းခဲ့သော ရဟန်းတော်တို့၏ စော်ကားခဲ့သူအပေါ်၌ လည်းကောင်း၊ အနာဂတ်သံဃာထု အပေါ်၌ လည်းကောင်း ထားရှိသော စေတနာ မေတ္တာမှာ ထင်းရှားလျက် ရှိသည်။ သို့ဖြစ်ပါ၍ စတင်အဆိုတင်သွန်းခြင်း အလုပ်သည် အစော်ကားခံ ရဟန်းတော်တို့၏ ခံပြင်းမှုဒေါသစိတ်၌ အခြေခံခြင်း လုံးဝမရှိပဲ သတ္တဝါအားလုံး၏ ကောင်းကျိုးကို မျှော်ကိုးသော မေတ္တာတရား (အဒေါသ) ကိုအခြေခံ၍ ပြုလုပ်ခြင်းဖြစ်သည်ဟုပင် ဆိုနိုင်သည်။

ကံဆောင်ရန် အဆိုကို တင်သွန်းနေချိန်တွင်လည်း တည်ငြိမ်အေးချမ်းစွာဖြင့် မေတ္တာပို့ခြင်း အလုပ်ကို အဆက်မပြတ် ဆောင်ရွက်နေကြသောကြောင့် ဒေါသ ကိလေသာ စိတ်တို့မှ ကင်းလွတ်နေမည် ဆိုသည်မှာ အငြင်းပွားရန်မရှိတော့။

မေတ္တာတရားကို အခြေခံသော အလုပ်မှ ကံဆောင်သူတို့ အပေါ်တွင်ဖြစ်စေ၊ ကံဆောင်ခံရသူတို့ အပေါ်တွင်ဖြစ်စေ ဆိုးကျိုးတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့လျှင်လည်း (၁) မေတ္တာတရား လက်ကိုင်ထားသူတို့၌ လည်းကောင်း (၂) လိုအပ်သော အခြေအနေနှင့်တကွ သံဃာထုအား သပိတ်မှောက်ကံဆောင် ခွင့်ကို ပြဋ္ဌာန်းပေးခဲ့သော ဘုရားရှင်၏ မူဝါဒ၌ လည်းကောင်း အပြစ်တစ်စုံတစ်ရာမရှိ။ မေတ္တာတရား၏ တန်ဖိုးကို နားမလည်သူတို့တွင်သာ အပြစ်ရှိတော့သည်။

ကံဆောင်မှုနှင့် ဥပဒေ[ပြင်ဆင်ရန်]

ကံဆောင်ခြင်း ဆိုသည်မှာ ကံဆောင်ခံပုဂ္ဂိုလ် (သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု) အား သံဃာထုမှ အဆက်အဆံမပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်သည် ဟုဆိုနိုင်သည်။ မည်သူမဆို မိမိနှင့် သင့်မြတ်သူကို မိတ်ဆွေ ဖွဲ့ပိုင်ခွင့်ရှိသလို၊ မည်သူမဆို မိမိနှင့် မသင့်မြတ်သူအားလည်း ဝေးဝေးရှောင်ကာ နေပိုင်ခွင့်ရှိသည်။ ထို့ကြောင့် သပိတ်မှောက် ကံဆောင်ခြင်းသည် မည်သည့်တရားဥပဒေ နှင့်မျှ ငြိစွန်းခြင်းမရှိနိုင်ပါ။

သံဃာထု၏ ဆုံးဖြတ်ချက်သည် မိမိ၏ရပိုင်ခွင့် ကိုကျော်လွန်၍ ပြုလုပ်ခဲ့ခြင်းမဟုတ်၊ မည်သည့်အပို အခွင့်အရေးကိုမှ အလွဲသုံးစား ပြုလုပ်ခဲ့ခြင်း လည်းမရှိ၊ သူတစ်ပါး၏ လွတ်လပ်ခွင့် (လူ့အခွင့်အရေး) တစ်စုံတစ်ရာကို ထိပါးစော်ကားခြင်းလည်း ကင်း၏။ ထို့ကြောင့် ကံဆောင်ခြင်းသည် လူ့အခွင့်အရေး ရှုဒေါင့်မှ ကြည့်မည်ဆိုလျှင်လည်း တရားမျှတသည် ဟုဆိုရမည်ပင်။

ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းများ[ပြင်ဆင်ရန်]

သပိတ်ကံဆောင်မှုကို ဘုရားရှင် လက်ထက်က တကြိမ်၊ သီရိလင်္ကာနိုင်ငံ( သီဟိုဠ်ကျွန်း)တွင် သီဟိုဠ်ဘုရင် ဒါဌောပတိဿမင်း ( အေဒီ ၆၅၀-၆၅၈ ) ကိုတစ်ကြိမ်၊ ပုဂံခေတ်တွင် တစ်ကြိမ်၊ အင်းဝခေတ်တွင် တကြိမ်၊ ၁၉၉၀ ခုနှစ် န.ဝ.တ စစ်အစိုးရခေတ်တွင် တစ်ကြိမ်နှင့် စက်တင်ဘာလ ၁၈၊ ၂၀ဝ၇ တွင် န.အ.ဖ စစ်အစိုးရကို တစ်ကြိမ် စုစုပေါင်း ၆ ကြိမ် ရှိပြီ ဖြစ်သည် [၂] Archived 12 October 2008 at the Wayback Machine.။

န.ဝ.တ အစိုးရလက်အောက် ၁၉၉၀ ခုနှစ်တွင် မန္တလေးမှ စတင်သပိတ်ကံဆောင်မှု သပိတ် မှောက်ခြင်းတွင် သံဃာ နှစ်သောင်း ကျော်ပါခဲ့သည်။ မန္တလေးဈေးချိုအနီးတွင် တန်းစီကြွလာသော သံဃာများကို အာဏာပိုင်တို့က ကိုယ်ထိလက်ရောက် ရိုက်ပုတ်ခဲ့ရာမှ ကံဆောင်မှု ဖြစ်ပေါ်ခဲ့သည် [၃][လင့်ခ်သေ]။ ထို့နောက် တနိုင်ငံလုံးသို့ ကျယ်ပြန့် သွားခဲ့သည်။

မကြာသေးသော ကံဆောင်မှုအဖြစ် န.အ.ဖ အစိုးရလက်အောက် ၂၀ဝ၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ပခုက္ကူမြို့တွင် ဖြစ်ပွားသော အဓိကရုဏ်း၌ တာဝန်ရှိသူများက သံဃာတော်များ ကျေနပ်သည့်တိုင် ဝန်ချတောင်းပန်ခြင်း မပြု၍ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုထပ်မံဖြစ်ပေါ်ခဲ့သည်။

ပတ္တနိက္ကုဇ္ဇနကံဆောင်ကမ္မဝါ[ပြင်ဆင်ရန်]

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ သူဏာတု မေဘန္တေ (အာဎ္ဍသော) သံဃော စဏ္ဍာ ရုဒ္ဓါ ရဘသာ အဒယာလုကာ ဝိဟေသကာ မဟာစောရ ယောဓ (သပိတ်မှောက်ခံရမည့် ဒါယကာ အမည်။) ရာဇာနော ပခုက္ကူသံဃံ အမူလဇောန မဟာရဒါနဉ္စ ဒဏ္ဍဒါနဉ္စ အဒါသိ၊ ဇီဝိတိန္ဒြိယဉ္ဓ ကရောတိ၊ ယဒိ သံဃဿ ပတ္တကလ္လံ သံဃော စဏ္ဍာရုဒ္ဓါ ရဘသာ အဒယာလုကာ ဝိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တံ နိက္ကု ဇ္ဇေယျ အသမ္ဘောဂံ သံဃေန ကရေယျ၊ ဇသာဥတ္တိ။

သုဏာတု မေ ဘန္တေ(အာဝုသော) သံဃော စဏ္ဍာရုဒ္ဓါ ရဘသာ အဒယာလုကာ ဝိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇာနော ပခုက္ကူ သံဃံ အမူလကေန မဟာရ ဒါနဉ္စ ဒဏ္ဍဒါနဉ္စ အဒါသိ၊ ဇီဝိတိန္ဒြိယဉ္စ ကရောတိ။ သံဃော စဏ္ဍာရုဒ္ဓါ ရဘသာ အဒယာလုကာ ဝိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တံ နိက္ကုဇ္ဖတိ အသမ္ဘောဂံ သံဃေန ကရောတိ။ ယဿာ .သ္ခတော ခမတိ စဏ္ဍာ ရုဒ္ဒါ ရဘသာ အဒယာလုကာ ဝိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တဿ နိက္ကုဇ္ဖနာ အသမ္ဘောဂံ သံဃေန ကရဏံ သောတုဏှဿ ယဿ နက္ခမတိသော ဘာသေယျ။

နိက္ကုဇ္ဇိတော သံဃေန စဏ္ဍာ ရုဒ္ဓါ ရဘသာ အဒယာလုကာ ဝိဟေသကာ မဟာစောရ ယောဓ န.အ.ဖ ရာဇူနံ ပတ္တော အသမ္ဘောဂေါ သံဃေန။ ခမတိ သံဃဿ တသ္မာတုဏှီ ဇာမေတံ ဓါရယာမိ။

ရွတ်ဖတ်ပုံ[ပြင်ဆင်ရန်]

ပထမတွင် “ နမောတဿ” သုံးကြိမ်ရွတ်ပြီး “ သုဏာတုမေ ” မှ “ ဇသာ ဉ တ္တိ ” အထိ၊ အချို့ တစ်ကြိမ် တချို့ သုံးကြိမ်ရွတ်ဖတ်ကြသည်။ “ သုဏာတု မေ” မှ “သောဘာသေယျ ” အထိ အလယ်ပိုဒ်နှင့် “ နိက္ကုဇ္ဇိတော ” မှ “ ဓါရယာမိ ” အထိ အဆုံးပိုဒ်ကို သုံးကြိမ်စီ အသီးသီး ရွတ်ဖတ်ရ ဖြစ်သည်။

အခြား ကမ္မဝါများကဲ့သို့ပင် အသံ အနိမ့်အမြင့်၊ အပြင်း အပျော့၊ သိထိလ ဓနိတ ဌာန်ကရိုဏ်း “တုန်း” သဘောတရားဆန်သည့် သံစဉ်များနှင့် ရွတ်ရမည်ဖြစ်သည်။ စကားပြေကဲ့သို့ တပြေးတည်း ရွတ်ဖတ်၍ မရ။

အနှစ်ချုပ်အဓိပ္ပာယ်[ပြင်ဆင်ရန်]

သံဃာတော် အရှင်မြတ်များ ဘုရား၊ နားဆင်တော်မူကြပါ ဘုရား….။ ရုပ်ရင်း ကြမ်တမ်း ယုတ်မာကောက်ကျစ် သနားကြင်နာမှုမဲ့ ညှင်းဆဲ သတ်ဖြတ်ပြီး မတရားပြုတဲ့ (ဤသူ၊ ဤသူ)တွေက သံဃာတွေကို အခြေအမြစ် မရှိတဲ့ အကြောင်းပြ စွပ်စွဲချက်တွေနဲ့ ရိုက်ပုတ် နှိပ်စက်နေပါပြီ၊ ဖမ်းဆီးချုပ်နှောင်နေပါပြီ၊ အသက်ကိုပင် အန္တရာယ်ပြု နေပါပြီ ဘုရား…..။ ဘုရား တပည့် တော်များ အနေနဲ့ အဲဒီရုပ်ရင်း ကြမ်းတမ်း ယုတ်မာကောက်ကျစ် သနားကြင်နာမှုမဲ့ ညှင်းဆဲ သတ်ဖြတ်သော (ဤသူ၊ ဤသူ) တွေကို ဘာသာရေးအရ ဆက်ဆံမှုတွေ မလုပ်ဘဲ သပိတ်မှောက်ကံဆောင်ကြောင်း အသိပေးလျှောက်ထားပါတယ် ဘုရား………။

ဒီ သပိတ်မှောက် ကံဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ပြောစရာ ဆိုစရာ ရှိပါက ပြောဆို နိုင်ပါတယ် …..ဘုရား။ ပြောမဲ့ဆိုမဲ့ မထေရ်များ မရှိဘဲ ဆိတ်ဆိတ်နေတော်မူကြမယ်ဆိုယင် ဘုရား တပည့်တော်များ သဘောတူတယ်လို့ သတ်မှတ်ပါတယ်…….ဘုရား။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  • ဟစ်တိုင်မီဒီယာ [၄] Archived 12 October 2008 at the Wayback Machine.
  • ပတ္တနိက္ကုဇ္ဇနကံ အောင်ပွဲ - အရှင်ခေမာစာရ
  • အင်္ဂတ္တရ နိကာယ (၃) စာ၊ ၂၅၄။ ပတ္တနိက္ကုဇ္ဇန သုတ္တ။
  • ဝိနိယစူဠဝဂ္ဂ၊ ပါဠိ၊ စာပိုဒ်ရေ ၂၆၅။
  • ပတ္တနိက္ကုဇ္ဇနကံ အကြောင်းသိကောင်းစရာ - အရှင်သကျကုလ
  • ရွက်ဝါဘလော့ဂ် [၅][လင့်ခ်သေ]
  • ခေတ်ပြိုင်မီဒီယာ [၆][လင့်ခ်သေ]