| ပတဲကောလေး |
 |
| သိပ္ပံနည်းကျမျိုးခွဲခြင်း |
|
|
| ဒွိနာမ |
| ''Alpinia officinarum'' |
Lesser Galangal (ပတဲကောလေး) [ပြင်ဆင်ရန်]
- Botany Term : Alpinia offiicnarum Hance
- Species/Family : Zingiberaceae
ပုံသဏ္ဌာန် : အပင်-- ပင်ပျော့ ပင်ငယ် မျိုး ဖြစ်၏။ ရွက်ယောင် ပင်စည် ဖြစ်သည်။ အမြင့် ၃ ပေ မှ ၄ ပေ ထိ မြင့်သည်။ အရွက်-- ပင်စည် ရိုးတံ အား ပတ်၍ ရွက်လွှဲ ထွက်သည်။ရှည်မျော မျော လှံစွပ်ပုံ ဖြစ်၍ အဖျား ချွန်သည်။အရင်း အနည်းငယ် ဝိုင်းသည်။ရွက်ပြား သားရေ ကဲ့သို့ ပျဉ်းတွဲ နေသည်။ရွက်လယ်ကြော ထင်ရှားသည်။ ရွက်နား ညီသည်။ ပတဲကောကြီး ရွက်နှင့် တူသည်။ သို့သော် အနည်းငယ် သေးသည်။ အပွင့်-- ထိပ်ထွက် ပန်းခိုင် ဖြစ်သည်။ အပွင့် စိမ်းဝါရောင် ရှိသည်။အညှာ တစ်ခုတွင် ၂ ပွင့်မှ ၃ ပွင့် ရှိသည်။ပွင့်ခံရွက် ထင်ရှားပြီး အညိုရောင် ရှိသည်။ အသီး-- အစိမ်းရောင် ရှိသည်။ အနည်းငယ် လုံးဝိုင်းသည်။အခွံ ပါးပြီး တွန့်ရှုံ့နေ သည်။ရင့်မှည့် သည့်အခါ အညိုရောင် ရှိသည်။ အမြစ်-- ဥသဏ္ဌာန် ဖြစ်ပြီး နနွင်းတက် နှင့် ဆင်ဆင် တူသည်။ အမြှေးဖတ် များဖြင့် ဖုံးအုပ်ထားသည်။ မြစ်မြွှာ နည်းသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အမြစ်ဥ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ-- သဘာ၀ အလျောက် အလေ့ကျ ပေါက်သည်။ အသုံးဝင်ပုံ : အာနိသင်-- မြန်မာ ဆေးကျမ်း များအလို အရ ပတဲကောလေး သည် ပတဲကောကြီး ကဲ့သို့ အနံ့ အရသာ မထက် မပြင်းပေ။ဥမြစ် အရင်း သည် ခါးစပ်၏။ ပူ၏။ နှုတ်မြိန် စေ၏။ ဝမ်းမီး တောက်၏။ အသုံးပြုပုံ- အမြစ်ဥ-- ၁။ပတဲကောလေး မြစ်ဥ ကို ပြုတ်၍ သောက်သော် ဆီးလွန် ရောဂါ ပျောက်ကင်း၏။ ၂။ယင်းကို ဆီနှင့် ချက်၍ လိမ်းနယ် ပေးသော် အကြောတက်ခြင်း၊ လေးလံ ခြင်း ရောဂါ ပျောက်ကင်း၏။ ၃။ကလေးများ စကား ပြောချိန် တန်လျက် မပြောခြင်း၊ မပီသခြင်း တို့အတွက် အမြစ်ကို သွေး၍ လျှာပွတ်ပေး ခြင်း၊အနည်းငယ် ခွံ့ပေးခြင်း ပြုပါက လျင်စွာ စကား ပြောစေ၏။[၁]
- ↑ http://arogyamonline.com/commodity/materials/?raw=90