ပခုက္ကူမြို့
| ပခုက္ကူမြို့ | |
|---|---|
| — မြန်မာနိုင်ငံရှိ မြို့များ — | |
|
|
|
| Coordinates: | |
| နိုင်ငံအမည် | |
| တိုင်းဒေသကြီး | မကွေး |
| ခရိုင် | ပခုက္ကူ |
| လတ္တီကျု | (၂၁)ဒီဂရီ၊ (၂၀)မိနစ် |
| လောင်ဂျီကျု | (၉၅)ဒီဂရီ၊ (၄)မိနစ် |
| မြို့နယ်ရုံးစိုက်ရာမြို့ | ပခုက္ကူမြို့ |
| Time zone | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
မာတိကာ |
တည်နေရာ [ပြင်ဆင်ရန်]
ပခုက္ကူမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးတိုင်းတွင် တည်ရှိပြီး တိုင်း၏ ဒုတိယအကြီးဆုံးမြို့ ဖြစ်သည်။ ဧရာဝတီမြစ် အနောက်ဖက်ကမ်းတွင် တည်ရှိသော မြို့ဖြစ်သည်။ ခရိုင်မြို့တော်ဖြစ်ပြီး ဧရာအနောက်မြို့တော် ဟုလည်း ခေါ်တွင်သည်။ မန္တလေးမှ အနောက်တောင်ဘက်၌ တည်ရှိပြီး ရ၅-မိုင်ခန့် ကွာဝေးသည်။
ပခုက္ကူမြို့သည် မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် မကျရောက်မီ တံငါရွာကလေး တစ်ရွာသာ ဖြစ်ခဲ့သည်။ ယခုကဲ့သို့ မြစ်ကမ်းပေါ်၌လည်း မတည်ရှိခဲ့ပေ။ ၁၈၈၅-ခုနှစ်တွင် ပခုက္ကူရွာကလေးနှင့် ဧရာဝတီမြစ်ကြီး အကြားရှိ ကျယ်ပြန့်သော သဲသောင်ကြီး ပျောက်ကွယ်သွားသည်။ မြစ်ကြောင်းသည် ပခုက္ကူရွာ ကလေးအနီး စီးဆင်းသွားပြီး ဆိပ်ကမ်းဖြစ်လာသည်။ ပခုက္ကူရွာကလေးကို အစွဲပြု၍ ပခုက္ကူမြို့ ဖြစ်လာသည်။ [၁]
ပခုက္ကူခရိုင် [ပြင်ဆင်ရန်]
ပခုက္ကူခရိုင်တွင် (၅)မြို့နယ် ပါဝင်ပြီး ၄င်းတို့မှာ-
- ပခုက္ကူမြို့နယ်
- ရေစကြိုမြို့နယ်
- မြိုင်မြို့နယ်
- ဆိပ်ဖြူမြို့နယ်
- ပေါက်မြို့နယ်
ထင်ရှားကျော်ကြားသော ဘုရားများ [ပြင်ဆင်ရန်]
ပခုက္ကူမြို့ရှိ သီဟိုရ်ရှင်ဘုရားကို မြို့ခံများက ဘုရားကြီးဟုလည်း ခေါ်ဆိုပြီး အထူးထင်ရှားသည်။ နှစ်စဉ်နှစ်တိုင်း နယုန်လတွင် ဘုရားပွဲတော် ကျင်းပလေ့ရှိပြီး အနယ်နယ် အရပ်ရပ်မှ ၁၂-ပွဲဈေးသည်များ၊ ဘုရားဖူး ဧည့်သည်များဖြင့် ဘုရားပွဲတော်မှာ အလွန်စည်ကားလှပါသည်။ နာမည်ကျော် ဇာတ်အဖွဲ့များ၊ ဆပ်ကပ်အဖွဲ့များလည်း လာရောက် ဖြေဖျော်ကြပါသည်။
ဗိုလ်ချုပ်လမ်းမပေါ်တွင် တည်ရှိသော ရွှေကူဘုရားသည်လည်း ထင်ရှားလှပါသည်။ ရွှေကူတံကဲတော်ကြီးမှာ ပန်းပုလက်ရာ အလွန် မြောက်သဖြင့် နာမည်ကျော်လှသည်။
ရွှေချောင်းရပ်၊ ဧရာဝတီမြစ်ကမ်းနဖူးပေါ်တွင် တည်ရှိသော ရွှေမုဋ္ဌောစေတီမှာလည်း ထင်ပေါ်လှပါသည်။
သံဃာစာသင်တိုက်များ [ပြင်ဆင်ရန်]
မြန်မာပြည်တွင် သံဃာထု ဒုတိယအများဆုံး သီတင်းသုံးရာ ပခုက္ကူတွင် မဟာဝိဇယာရာမ ပါဠိတက္ကသိုလ်(အရှေ့တိုက်)၊ မဟာဝိသုတာရာမ ပါဠိတက္ကသိုလ် (အလယ်တိုက်)၊ သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ် (အနောက်တိုက်) ဟူ၍ စာသင်တိုက်ကြီး ၃ တိုက်ရှိရာ ဗောဓိမဏ္ဍိုင်၊ မြတိုက်၊ မတ္တထောင် စသည့် စာသင်တိုက်ငယ်များ ရှိပြီး အခြား ကျောင်းတိုက်ငယ်များနှင့် ဆိုပါက သံဃာတော်ပေါင်း ၄ဝဝဝ ကျော်ရှိသည်။ [၂] ပခုက္ကူရှိ သံဃာ့ စာသင်တိုက်များတွင် ပခုက္ကူစာချနည်းအား မလိုက်ဖူးသော သံဃာများကို စာ အပြည့်အစုံ တတ်သည်ဟု မဆိုနိုင်ပေ ဆိုသော အပြောများရှိသည်။
တက္ကသိုလ်များ၊ အခြေခံပညာသင်ကျောင်းများ [ပြင်ဆင်ရန်]
တက္ကသိုလ်၊ကောလိပ်များ [ပြင်ဆင်ရန်]
- ပခုက္ကူတက္ကသိုလ်၊
- ပခုက္ကူပညာရေးကောလိပ်
- ပခုက္ကူနည်းပညာတက္ကသိုလ်
- ပခုက္ကူကွန်ပျူတာတက္ကသိုလ်
အခြေခံပညာကျောင်းများ [ပြင်ဆင်ရန်]
- အခြေခံမူလတန်းကျောင်းများစွာ
- အလယ်တန်းကျောင်း ၃ ကျောင်း
- အထက်တန်းကျောင်း ၄ ကျောင်း
ဒေသထွက်စိုက်ပျိုးရေးထွက်ကုန်များ [ပြင်ဆင်ရန်]
ပခုက္ကူနယ်မှ အဓိက စိုက်ပျိုးရေး ထွက်ကုန်မှာ ဆေးရွက်ကြီး၊ ဗာဂျီးနီးယာ၊ ဝါ၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲအမျိုးမျိုးတို့ဖြစ်သည်။
စက်မှုလက်မှုထုတ်ကုန်များ [ပြင်ဆင်ရန်]
ပခုက္ကူနယ်တွင် ယက္ကန်းလုပ်ငန်း ထွန်းကားပြီး၊ ပခုက္ကူစောင်(ဝါဒစောင်)၊ ချည်ပုဆိုး၊ တံဘက်များ ယက်လုပ်ကြပါသည်။ အစိုးရပိုင် စီးကရက်စက်ရုံများ၊ စက်ယက္ကန်း စက်ရုံများလည်းရှိပါသည်။ ပခုက္ကူ စက်မှုဇုံမှ ပခုက္ကူဂျစ်များလည်း ထုတ်လုပ်သည်။
ကိုးကား [ပြင်ဆင်ရန်]
- ↑ မောင်ကြည်သန့် ၏ မြန်မာ့ မြို့ရွာဒေသ ဝေါဟာရ(၂၀၀)
- ↑ http://www.mizzimaburmese.com/component/content/article/196----.html
|
||||||||||||||||||||||||||
|
||||||||