န.ဝ.တ ခေတ်
Wikipedia မှ
မြန်မာနိုင်ငံတွင်း ၁၉၈၈ ခုနှစ်အတွင်းပေါ်ပေါက်ခဲ့သော အထွေထွေသပိတ်ကြီး ကို အပြီးသတ် ခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဟု ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ အဖွဲ့တွင်
- ဥက္ကဌ-ဗိုလ်ချုပ်ကြီးစောမောင် (နောင်တွင် ဗိုလ်ချုပ်မှူးကြီးအဖြစ်သို့ရောက်ရှိ)
- အတွင်းရေးမှူး (၁)-ဗိုလ်မှူးကြီး ခင်ညွန့်
- အတွင်းရေးမှူး (၂)-ဗိုလ်မှူးကြီး တင်ဦး
တို့မှဦးဆောင်ဖွဲ့စည်းထားသည်။ သမိုင်းတွင်သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ၁၉၉၀ တွင် တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့်အောင်မြင်စွာကျင်းပပေးနိုင်ခဲ့သည်။ သမိုင်းတွင်သည့် အမျိုးသားညီလာခံကိုလဲ ၁၉၉၃ တွင် ကစတင်ကျင်းပခဲ့သည်။ ၁၉၉၄ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကိုတည်ထောင်ခဲ့သည်။