နွားနို့ခဲချက်

ဝီကီပီးဒီးယား မှ

နွားနို့ခဲချက်[ပြင်ဆင်ရန်]

ပါဝင်သော ပစ္စည်းများ[ပြင်ဆင်ရန်]

  1. နွားနို့ (ငါးပိဿာ)
  2. မုရိုး

လုပ်နည်း[ပြင်ဆင်ရန်]

နွားနို့ခဲလုပ်နည်း[ပြင်ဆင်ရန်]

နွားနို့ခဲလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ နွားနို့ငါးပိဿာရယ်၊ မရိုး (မုရိုး) (သိပ္ပံအမည် Calotropis procera gigantean လို့ခေါ်ပါတယ်) ကိုင်း (ရှေးလူကြီးတွေကပြောကြပါတယ်၊ မရိုးစေးက နို့တွေကို ခဲစေတယ်တဲ့) တစ်ကိုင်းရယ်ပါ။ နွားနို့ကို အိုးကြီးကြီးတစ်လုံးထဲထည့်ပြီး မရိုးကိုင်းက အစေး လေးငါးခြောက်စက်လောက်ထည့်လိုက်ပြီးတော့ အဖုံးဖွင့်ပြီး မီးပြင်းပြင်းနဲ့ကျိုပေးပါ။ မရိုးစေးကြောင့် နွားနို့တွေ အဖတ်လေးတွေဖြစ်လာပြီး တဖြည်းဖြည်းနဲ့ အနယ်ကျလာပါမယ်နော်။ အဲ့ဒီလို နွားနို့တွေအဖတ်လေးတွေဖြစ်လာပြီး အရည်သပ်သပ်၊ အဖတ်သပ်သပ်ဖြစ်လာပြီဆိုရင်တော့ နွားနို့အိုးကို မီးဖိုပေါ်ကနေချ၊ ပိတ်ပါးစနဲ့ နွားနို့ဖတ်တွေစစ်ယူပါနော်။ နွားနို့အဖတ်တွေကို ပိတ်ပါးစနဲ့စစ်ယူပြီး အရည်တွေကိုလည်း သပ်သပ်ဖယ်ထားပေးပါနော်။ အရည်တွေကိုလည်း သောက်လို့ရပါတယ်နော်။ နွားနို့ဖတ်တွေ စစ်ယူထားတဲ့ ပိတ်ပါးစကို အပေါ်ကနေ ကြိုးနဲ့ ချည် ပြီးတော့ ဇလုံတစ်လုံးထဲထည့်ပြီး ပိတ်အိတ်အပေါ်ကနေမှ အလေးအပင် (အုတ်ခဲ၊ ငရုပ်ဆုံ၊ ကျောက်ပျဉ်) တွေ ဖိပေးပါ။ အဲ့ဒီလိုအလေးတုံးတွေရဲ့ ဖိအားကြောင့် နွားနို့အထဲက ရေတွေစစ်သွားပြီး ခဲသွားပါမယ်နော်။ တစ်ညသိပ်ဆိုရင်ကိုပဲ ရေစစ်ပြီး ခဲပါတယ်နော်။ အဲ့ဒီခဲသွားတဲ့ နွားနို့ခဲကိုမှ တချို့က ရေရှည်ခံအောင် ဒယ်အိုးထဲ ဆီလေးပါလေရုံထည့်ပြီး လှိမ့်ပေးတတ်သလို တချို့ကလည်း ဆီမထည့်ဘဲ အိုးကင်းပူတိုက်ကြပါတယ်။ ကျွန်မအဘွားကတော့ ရလာတဲ့ နွားနို့ခဲကို မီးနွေးနွေးလေးနဲ့ ကင်လိုက်ပါတယ်။ မီးကင်တဲ့အခါ အနံ့လေးက သိပ်မွှေးတာပဲ။ ကျွန်မက ဟင်းမချက်ဘဲ နွားနို့ခဲကို အချပ်လေးတွေ ရအောင်လှီးပြီး မီးကင်ပြီး ဆားလေးနဲ့တို့စားရတာကြိုက်တယ်။ အဲ့ဒါဆိုရင်တော့ အကြာကြီး သိမ်းထားလို့ရတယ်လေ။ နွားနို့ငါးပိဿာကို နွားနို့ခဲလုပ်ရင် လူကြီးလက်သီးဆုပ်လောက်ပဲ ရတယ်နော်။ အဲ့ဒါဆိုရင်တော့ နွားနို့ခဲရပါပြီနော်။ [၁]

နွားနို့ခဲချက်[ပြင်ဆင်ရန်]

နွားနို့ခဲချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ နွားနို့ခဲ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ဆား၊ သကြား၊ နနွင်း၊ ငရုတ်သီးအရောင်မှုန့်၊ ပဲငံပြာရည်အကြည်နဲ့ ဆီအနည်းငယ်တို့ပါနော်။

နွားနို့ခဲလေးတွေကို ပဲပြားလေးတွေတုံးသလိုလေး လက်မဝက်လောက်အရွယ်လေးတွေတုံးပြီးတော့ ဆား၊ ပဲငံပြာရည်အကြည်လေးနဲ့ ခပ်ဖွဖွလေးနယ်ပေးပါနော်။ ခရမ်းချဉ်သီးကိုလည်း ရေဆေးပြီး ခပ်ပါးပါးလှီးပေး ပါ။ ကြက်သွန်ဖြူနဲ့ကြက်သွန်နီတို့ကို အခွံနွှာ၊ ရေဆေးပြီး မထူမပါးလေးလှီးပေးထားပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး ထက်ခြမ်းခြမ်းပေးထားပါ။ ပြီးရင် ငရုတ်ဆုံထဲမှာ ကြက်သွန်ဖြူနီကိုထည့်ထောင်းရင်း ငရုတ်သီးအရောင်မှုန့်လေးပါ အတူရောပြီး ထည့်ထောင်းပေးပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ်ဒယ်အိုးတင် ဆီလေးထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး နည်းနည်းခပ်၊ ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ထည့်ပြီး ဆီသတ်၊ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင် လှီးထားတဲ့ ခရမ်းချဉ်သီးထည့်ပြီး နွမ်းအောင်တည်၊ ခရမ်းချဉ်သီးတွေနွမ်းပြီဆိုရင် နွားနို့ခဲလေးတွေထည့်ပြီး အသာအယာမွှေပေး၊ ခရမ်းချဉ်သီးက ထွက်လာတဲ့ အရည်ချဉ်ဖြုန်းဖြုန်းအရသာလေး နွားနို့ခဲထဲဝင်အောင် ဒယ်အိုးအဖုံးအုပ်၊ မီးလေးလျှော့ပြီးတည်ပေးပါနော်။ ရေခမ်းပြီး ဟင်းအိုးဖျစ်ဖျစ်မြည်ပြီဆိုရင်တော့ ဆား၊ သကြားအနည်းငယ်၊ အချိုမှုန့်၊ ပဲငံပြာရည်အကြည်ထည့်၊ ရေလေးနည်းနည်းထပ်ထည့်ပြီး ဟင်းအိုးကို ထပ်တည်ပေးပါ။ ဒီတစ်ခါ ရေခမ်းခါနီးရင် ငရုတ်သီးစိမ်းလေးအုပ်ပြီး ဟင်းအိုးချလို့ရပြီ။ ကြိုက်လည်းကြိုက်တတ်မယ်၊ ဝယ်ထားတာလည်း အသင့်ရှိမယ်ဆိုရင်တော့ နံနံပင်လေး၊ ကြက်သွန်မြိတ်လေးအုပ်လိုက်ဦးနော်။ အဲ့ဒါဆိုရင်တော့ ချိုချဉ်ဆိမ့်စပ် အရသာလေးနဲ့ နွားနို့ခဲချက်လေး ရပါပြီနော်။ [၂]

ကျွဲနို့ကိုလည်း နွားနို့နည်းတူပင် နို့ခဲအဖြစ်ပြုလုပ်နိုင်ပြီး (ဖွတ်ဥ လိပ်သည်း ကျွဲနို့ခဲ) ဆိုသောစာဆိုအရ ဆိမ့်သောအရသာတွင် အထူးကဲဆုံးဟု မြန်မာတို့ သတ်မှတ်စားသုံးလေ့ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. လူလူ မီးဖိုဆောင်
  2. လူလူ မီးဖိုဆောင်