နံနံပင်

ဝီကီပီးဒီးယား မှ
Coriander or cilantro
Illustration of coriander parts
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Apiales
မျိုးရင်း: Apiaceae
မျိုးဇာတ်: Coriandreae
မျိုးစု: Coriandrum
မျိုးစိတ်:
C. sativum
ဒွိနာမ
Coriandrum sativum

မြန်မာနိုင်ငံ အနှံ့အပြား တွင်ပေါက်ရောက်သည်။ ရာသီအလိုက် စိုက်ပျိုးပင်ဖြစ်သည်။

  • Botany Term : Coriandrum sativum Linn
  • Species/Family : Umbelliferae
နံနံပင်

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

အပင်-- တစ်နှစ်ခံ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့်တစ်ပေခန့်အထိ ရှိတတ်ပြီး အမြဲစိမ်း ပင်ဖြစ်သည်။ ပင်စည်လုံး အလွန် သေးငယ်၍ ချောမွေ့သည်။

အရွက်--- အရွက်များ လွန်စွာ ဖြာထွက်သည်။ ရွက်နားဝိုက်များ အလွန်ဟိုက်ကာ အဝိုက် ၃ ခု သို့မဟုတ် ၃ ခု ထက် ပို၍ ပါရှိ၏။ အဝိုက်များသည် အပ်ချည်ကဲ့သို့ ကွဲဖြာနေသည်။ ရွက်ပြား အစိမ်းဖျော့ရောင်ရှိသည်။

အပွင့်--- အလွန်သေး ငယ်၍ အဖြူရောင် ရှိသည်။ ထီးပုံ ပန်းခိုင်မှ ပွင့်သည်။

အသီး--- ညိုဝါရောင် ရှိ၍ လုံးသည်။ အက်ကွဲသီး ဖြစ်၍ အခန်း လေးများတွင် တစ်ဖက်လုံး တစ်ဖက်ခွက် နေသော အစေ့လေးပါရှိ၏ ။ အသုံးပြုနိုင်သည့်

အစိတ်အပိုင်းများ : အစေ့။

စိုက်ပျိုးပုံ-

(က) စိုက်ခင်းမြေပြင်ခြင်း။
အလျား ပေ ၂၀ ၊ အနံ ၄ပေ ရှိ စိုက်ခင်း ဘောင်များကို မြေကောင်းစွာ မှုန့်ညက်အောင် ပြုပြင်ရန် လိုသည်။ မြေအား ပြုပြင်ပြီး နောက် နောက်ချေး မြေဆွေး ရသလောက် ဖြင့် ရောမွှေရမည်။

(ခ) စိုက်ပျိုးခြင်း။
ပေ ၂၀ ၊ ၄ ပေရှိ စိုက်ခင်း တစ်ဘောင် အတွက် မျိုးစေ့ တစ်ကျပ်သား ခန့် လိုသည်။ မစိုက်ပျိုး မီ မျိုးစေ့ များကို ကောင်းစွာ ခြောက်သွေ့စေ ပြီး ၇ရက်ခန့် ရေစိမ်၍ ဖောက်ထားပြီး မှ ကြဲပက် စိုက်ပျိုး သင့်သည်။ အပင် ထူလျှင် ၄ လက်မခြား ခန့် လက်ကြားခွဲ ပေးသင့်သည်။

(ဂ) ရေစုပ်ခြင်း။
စိုက်ပျိုး ပြီး လျှင် ပြီးချင်း ကောက်ရိုးဖြင့် စိုက်ဘောင်အား ခပ်ပါးပါး ဖုံးအုပ်၍ ရေရွှဲရွှဲ လောင်းပေးရ မည်။ နေ့စဉ် မှန်မှန် ရေလောင်းပေး သင့်သည်။

(ဃ) ဆွတ်ခူးခြင်း။
စိုက်ပြီး ၄၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း နုတ်ယူ စားသုံးနိုင်သည်။

အသုံးဝင်ပုံ[ပြင်ဆင်ရန်]

မြန်မာဆေးကျမ်းများအလိုအရ နံနံစေ့သည် ဖန်၊ ခါး၊ စပ်၏။ ပူ၏။ ကြေကျက်က ချို၏။ ဝမ်းမီးကို တောက်စေ၏။ အစာကို ကြေကျက်စေ၏။ နှုတ်မြိန်စေ၏။ သွေး၊ လေ၊ သလိပ် သုံးပါးကို ငြိမ်းစေ၏။ သွားကိုက်ခြင်း၊ အရိုးအဆစ်နာကျင်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝက်သက်ရောဂါ၊ တုတ်-သန်ကောင်၊ ဘက်တီးရီးယားနှင့် ယားနာတို့အတွက် ကုသပေးနိုင်သည်ဟုဆိုသည်။ အလှကုန်ပစ္စည်းနှင့် ဆပ်ပြာတို့တွင်လည်း မွှေးရနံ့အဖြစ် နံနံပင်ကို သုံးလေ့ရှိသည်။ [၁]

အသုံးပြုပုံ[ပြင်ဆင်ရန်]

အစေ့

  • နံနံစေ့အား ဆီးဖြူသီး နှင့် ညဦးမှ နေ၍ စိမ်းထားပြီး နံနက်တွင် စစ်၍ သကြားခဲ နှင့် ရောသောက်သော် ခေါင်းကိုက်ရောဂါ ပျောက်၏ ။
  • နံနံစေ့ကို ချင်းခြောက်နှင့် ရောပြုတ်ပြီး အစာစား ပြီး တိုင်း သောက်ပါက ဝမ်းမီး ကောင်းလာစေသည်။
  • နံနံစေ့ကို သကြားနှင့် ပြုတ်ပြီး အအေးခံ ၍ ဆန်ဆေး ရည်နှင့် ရောသောက်ပါက မိန်းမများ ကိုယ်ဝန်တည်စ ဖြစ်သော အန်ခြင်း ၊ပျို့ခြင်း ၊ နှလုံးနာခြင်း များ ပျောက်၏ ။
  • နံနံစေ့ မှုန့်နှင့် သကြားကို ရော၍ စားခြင်းဖြင့် အပူကြောင့် ဖြစ်သော အဆစ်အမျက် ကိုက်ခဲခြင်း များ ပျောက်ကင်းစေနိုင်၏ ။
  • နံနံစေ့ကို ဝါး၍ အရည်မျို ချပါက လည်ချောင်းနာ ခြင်း ပျောက်ကင်းသည်။
  • နံနံစေ့ကို ဆန်ဆေးရည် တွင်စိမ်၍ သကြားသင့် ရုံရောပြီး တိုက်ပါက ကလေးများ ချောင်းဆိုး ပန်းနာ ပျောက်ကင်း၏။

ကိုးကား[ပြင်ဆင်ရန်]