နေတိုး (ရုပ်ရှင်သရုပ်ဆောင်)
| နေတိုး | |
| အမည်ရင်း | နေလင်းအောင် |
| မွေးသက္ကရာဇ် | ၁၉၈၁-ခုနှစ်၊ စက်တင်ဘာ (၉)ရက် |
| မိဘအမည် | ဦးအောင်သန်း+ ဒေါ်သန်းမြင့် |
| မွေးဖွားရာ ဒေသ | မာန်အောင်မြို့၊ ရခိုင်ပြည်နယ် |
| နိုင်ငံ | |
| ပညာအရည်အချင်း | B.Sc . (Maths) |
| အလုပ်အကိုင် | သရုပ်ဆောင် |
| ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
| ထင်ရှားကျော်ကြားမှု | နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် |
| ရရှိခဲ့သောဆုများ | |
နေတိုးသည် ယနေ့ခေတ် အောင်မြင်သော မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သည်။ ရခိုင်အမျိုးသား ဖြစ်သည်။ ရခိုင်ပြည်နယ် မာန်အောင်မြို့ ဇာတိဖြစ်သည်။ နေတိုးကို ၁၉၈၁ခုနှစ်၊ စက်တင်ဘာ (၉)ရက်နေ့တွင် ဦးအောင်သန်း နှင့် ဒေါ်သန်းမြင့်တို့မှ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်ရှိသည်။ ၎င်းတို့မှာ အစ်ကို ဇော်လင်းအောင်၊ ညီ ဗီဒီယို သရုပ်ဆောင် မင်းသွေး(နေမင်းအောင်)၊ ညီမ စုမွန်အောင် တို့ဖြစ်သည်။
နေတိုးသည် ၂၀၁၀-ခုနှစ်၊ ဒီဇင်ဘာလတွင် စေ့ထားသော တံခါးများ အမည်ရှိ စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် နေတိုး၏ ဓာတ်ပုံအသားပေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ နေတိုး၏ ဘဝဖြစ်စဉ်၊ အနုပညာနယ်သို့ ဝင်ရောက်လာမှု၊ အမှတ်တရ အဖြစ်အပျက်၊ မှတ်စုတိုများ၊ ကဗျာများကို သူ၏ ငယ်ဘဝက ရိုက်ကူးခဲ့သည့် ဓာတ်ပုံများ၊ မိသားစု ဓာတ်ပုံများ၊ အလှဓာတ်ပုံများ၊ ရိုက်ကွင်းမှ ဓာတ်ပုံများ၊ နိုင်ငံရပ်ခြားခရီးထွက်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံများနှင့်အတူတူ ဝေဝေဆာဆာ ထည့်သွင်းဖော်ပြပေးထားသည်။
နေတိုးသည် မိုးညအိပ်မက်မြူ ဇာတ်ကားတွင် ၂၀၀၉-ခုနှစ်အတွက် အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုကို ရခဲ့သည်။
နေရပ်လိပ်စာ [ပြင်ဆင်ရန်]
အမှတ် (၄၃)၊ ပိတောက်လမ်း၊မြခွာညိုအိမ်ရာ၊ သာကေတမြို့နယ်၊ရန်ကုန်မြို့။