နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး

ဝီကီပီးဒီးယား မှ

နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး (Civil and Political Rights) များသည် လူသားတို့တွင် ရှိသော အခွင့်အရေးများ ဖြစ်ရုံမက နိုင်ငံတွင်းရှိ လူသားတိုင်းအပေါ် သက်ဆိုင်ရာ အစိုးရက လေးစားလိုက်နာရန် လိုအပ်သော လူတစ်ဦး တစ်ယောက်ချင်း၏ လွတ်လပ်ခွင့်များပင် ဖြစ်သည်။ ထို လူ့အခွင့်အရေးများနှင့် ပတ်သက်၍ ကုလသမဂ္ဂအထွေထွေ ညီလာခံမှ ၁၉၆၆ ခု ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သော နိုင်ငံတကာနိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ သဘောတူစာချုပ်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ယေဘုယျပြောနိုင်သည်မှာ နိုင်ငံသား အခွင့်အရေးဆိုသည်မှာ နိုင်ငံသားတို့၏ အသက်ရှင်ခွင့်နှင့် လွတ်လပ်ခွင့်တို့ကို အစိုးရက တရားလက်လွတ် ဝင်ရောက်နှောက်ယှက်ခြင်းမှ ကာကွယ်ပေးသော အခွင့်အရေးများကို ဆိုလိုသည်။ ဥပမာ - အသက်ရှင်ခွင့်ကျွန်ပြုခြင်းမှ ကင်းလွတ်ခွင့်နှိပ်စက်ခြင်းမှ ကင်းလွတ်ခွင့်ပုဂ်ဂလိက လွတ်လပ်ခွင့်လုံခြုံခွင့်လွတ်လပ်ခွင့်လွတ်လပ်စွာ သွားလာခွင့်ယုံကြည် ကိုးကွယ်ခွင့်တရားရေးအရ စီရင်ခံပိုင်ခွင့် စသည်တို့ ဖြစ်သည်။ နိုင်ငံရေး အခွင့်အရေးဆိုသည်မှာ တိုင်းပြည်အစိုးရ၏ လုပ်ငန်းရေးရာများတွင် နိုင်ငံသားများ ပါဝင်ပတ်သက်ခွင့်ကို ဆိုလိုသည်။ ဥပမာ - မဲပေးခွင့်ရွေးချယ်ခံပိုင်ခွင့်နိုင်ငံသား ဖြစ်ခွင့်အစိုးရ ပေါ်လစီများ ချမှတ်ဆောင်ရွက်ရာတွင် သိရှိပါဝင်ခွင့်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သတင်းဌာနများ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် စသည်တို့ ဖြစ်သည်။

ရည်ညှန်း[ပြင်ဆင်ရန်]