နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ(နယက) (State Peace and Development Council) ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) State Law and Order Restoration Council (SLORC) အမည်မှ ၁၉၉၇ ခုနှစ်တွင် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။လက်ရှိ ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်သည်။ ဒုတိယ ဥက္ကဋ္ဌမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ဖြစ်သည်။
မြန်မာနိုင်ငံသည့် ၁၉၆၂ ခုနှစ်မှစ၍ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သောတပ်မတော်ကဖဆပလ အစိုးရထံမှအာဏာသိမ်းယူပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကိုထူထောင်ကာ တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး ၁၉၈၈ခုနှစ်တွင်ရှစ်လေးလုံးအရေးအခင်းဖြင့် စစ်အစိုးရအသစ် ပေါ်ပေါက်လာခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး စောမောင်ဦးဆောင်သောတပ်မတော်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီထံမှအာဏာသိမ်းယူခဲ့ခြင်းဖြစ်သည်။ ထိုအသစ် စစ်အစိုးရကောင်စီကို SLORC ဟုခေါ်ပြီး ပြည်သူ့ထံ အာဏာပြန်လွှဲရန်အတွက် လိုအပ်သော အခြေခံဥပဒေကို ၂ဝဝ၈ ခုနှစ်အထိရေးဆွဲခဲ့သည်။
၂၀၀၇ စက်တင်ဘာလတွင် ရွှေဝါရောင်တော်လှန်ရေးဟု အမည်တွင်သော သံဃာတော်များဦးဆောင်သော အရေးအခင်းဖြစ်ပွားခဲ့သည်။ ထို့နောက်တွင် ၂၀၀၈ မေလ အခြေခံဥပဒေကို ပြည်သူများအား မဲဆန္ဒပေးစေပြီး အတည်ပြုခဲ့သည်။ ထိုအချိန်တွင် မြန်မာ့ရာဇဝင်တွင် တခါမျှမပေါ်ဖူးသော နာဂစ်မုန်တိုင်းကြီး ၂၀၀၈ မေလတွင် တိုက်ခတ်ခံရ၍ လူနှစ်သိန်းနီးပါး သေဆုံးခဲ့ရပြီး နှစ်သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ရကာ မြန်မာအစိုးရ၏ တရားဝင်ကြေညာချက်အရ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ခန့် နှင့်ညီသော ဆုံးရှုံးမှုရှိသည်ဟု သိရသည်။
ထိုမုန်တိုင်းနောက်ပိုင်းတွင် နယက သည် ၂၀၁၀ တွင်ကျင်းပပေးမည့် ရွေးကောက်ပွဲအတွက် လိုအပ်သည်များကို ပြင်ဆင်လျက်ရှိသည်။
[ပြင်ဆင်ရန်] နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ
- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁)
- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၂)
- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ
[ပြင်ဆင်ရန်] မြန်မာ အစိုးရအဖွဲ့ဝင်များ
[ပြင်ဆင်ရန်] အစိုးရဝန်ကြီးဌာနများနှင့် အခြားအစိုးရဌာနများ
- ကာကွယ်ရေး ဝန်ကြီးဌာန
- ကျန်းမာရေး ဝန်ကြီးဌာန
- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
- စွမ်းအင် ဝန်ကြီးဌာန
- ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
- ဆောက်လုပ်ရေး ဝန်ကြီးဌာန
- နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာန
- နိုင်ငံခြားရေး ဝန်ကြီးဌာန
- ပညာရေး ဝန်ကြီးဌာန
- ပို့ဆောင်ရေး ဝန်ကြီးဌာန
- ပြည်ထဲရေး ဝန်ကြီးဌာန
- ပြန်ကြားရေး ဝန်ကြီးဌာန
- ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန
- မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန
- ယဉ်ကျေးမှု ဝန်ကြီးဌာန
- ရထားပို့ဆောင်ရေး ဝန်ကြီးဌာန
- လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
- လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
- လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
- သမဝါယမ ဝန်ကြီးဌာန
- သာသနာရေး ဝန်ကြီးဌာန
- သစ်တောရေးရာ ဝန်ကြီးဌာန
- သတ္တုတွင်း ဝန်ကြီးဌာန
- သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန
- ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန
- အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန
- အမှတ်(၁)စက်မှု ဝန်ကြီးဌာန
- အမှတ်(၂)စက်မှု ဝန်ကြီးဌာန
- အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
- အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
- အလုပ်သမား ဝန်ကြီးဌာန
- အားကစား ဝန်ကြီးဌာန
- စာရင်းစစ်ချုပ်ရုံး
- ရှေ့နေချုပ်ရုံး
- တရားရုံးချုပ်
- ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ တို့ဖြစ်သည်။
[ပြင်ဆင်ရန်] နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ ရှေ့ ဆက်သွားမည့်မူဝါဒလမ်းစဉ် (၇) ရပ်
၁။ ၁၉၉၆ ခုနှစ်က စတင်၍ ယာယီအားဖြင့် ဆိုင်ငံ့ထားလျှက်ရှိသော အမျိုးသားညီလာခံကို ပြန်လည်ကျင်းပခြင်း။
၂။ အမျိုးသားညီလာခံကြီး အောင်မြင်စွာကျင်းပပြီးစီးသည့်အခါ စစ်မှန်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် လိုအပ်သော ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များကို တဆင့်ပြီးတဆင့် ဆက်လက်ဆောင်ရွက်ခြင်း။
၃။ အမျိုးသားညီလာခံကြီးက ချမှတ်ပေးသော အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မှုများနှင့်အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ရေးဆွဲခြင်း။
၄။ ဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကိုပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကျင်းပ၍အတည်ပြုခြင်း။
၅။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော်များဖွဲ့စည်းရေးအတွက် တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်း။
၆။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အစည်းအဝေးပွဲများ ကျင်းပခြင်း။
၇။ လွှတ်တော်က ရွေးကောက်တင်မြှောက်သော နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်ကဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့် အာဏာပိုင်အဖွဲ့အစည်းများဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ခြင်း တို့ဖြစ်သည်။
[ပြင်ဆင်ရန်] နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ ဆောင်ပုဒ်များ
[ပြင်ဆင်ရန်] ဒို့တာဝန်အရေးသုံးပါး
- ပြည်ထောင်စုမပြိုကွဲရေး ...............................ဒို့အရေး
- တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ...................ဒို့အရေး
- အချုပ်အခြာအဏာ တည်တံ့ခိုင်မြဲရေး .......................ဒို့အရေး
[ပြင်ဆင်ရန်] နိုင်ငံရေး ဦးတည်ချက် (၄) ရပ်
- နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာ အေးချမ်း သာယာရေး နှင့် တရား ဥပဒေ စိုးမိုးရေး
- အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး
- ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဖြစ်ပေါ်လာရေး
- ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် နှင့် အညီ ခေတ်မီဖွံ့ ဖြိုးတိုး တက်သော နိုင်ငံတော် သစ်တစ်ရပ် တည်ဆောက်ရေး
[ပြင်ဆင်ရန်] စီးပွားရေး ဦးတည်ချက် (၄)ရပ်
- စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ ဖြိုး တိုးတက်အောင် တည်ဆောက်ရေး
- ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်လာရေး
- ပြည်တွင်းပြည်ပ မှ အတတ်ပညာ နှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ စီးပွားရေး ဖွံ့ ဖြိုး တိုးတက်အောင် တည်ဆောက်ရေး
- နိုင်ငံတော် စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှု စွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး
[ပြင်ဆင်ရန်] လူမှုရေး ဦးတည်ချက် (၄)ရပ်
- တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တမြင့်မားရေး
- အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး
- မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး
- တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး နှင့် ပညာရည် မြင့်မားရေး
[ပြင်ဆင်ရန်] အကျိုးသက်ရောက်မှုများ
နယက အုပ်ချုပ်နေသောကာလ ၁၉၈၈ မှ ၂၀၀၈ အနှစ်၂ဝအတွင်း မြန်မာနိုင်ငံသား ၄၇၀၅၇ ဦးသာ ပြည်ပနိုင်ငံများသို့ (တရားဝင်) ထွက်ခွာ သွားရောက် အလုပ်လုပ်ကိုင်နေကြပြီး သက်ဆိုင်ရာ နိုင်ငံများမှ ထုတ်ပြန်သည့် စာရင်းဇယားအရ ပြည်ပနိုင်ငံများတွင် (တရားမဝင်) အလုပ်လုပ်နေသော မြန်မာအလုပ်သမား နှစ်သန်းကျော် ရှိကြောင်း အစိုးရ သတင်းစာက ဖော်ပြထားသည်။
[ပြင်ဆင်ရန်] ကိုးကား
|
||||||||||||||||||||||||||||||||