နာလန္ဒာတက္ကသိုလ်

ဝီကီပီးဒီးယား မှ
ရှေးမြို့ဟောင်းနှင့် တက္ကသိုလ်ဟောင်း အတွက် နာလန္ဒာ ကို ကြည့်ပါ။
နာလန္ဒာ တက္ကသိုလ်
Nalanda University
တက္ကသိုလ်တံဆိပ်
တည်ထောင်၂၀၁၄
အဓိပတိAmartya Sen[၁][၂]
ဒုအဓိပတိGopa Sabharwal[၃]
တည်နေရာရာဇဂြိုဟ်နာလန္ဒာအနီး, ဗီဟာပြည်နယ်,  အိန္ဒိယ
ဝဘ်ဆိုဒ်နာလန္ဒာတက္ကသိုလ်(တရားဝင်)

နာလန္ဒာတက္ကသိုလ် (အင်္ဂလိပ်: Nalanda University၊ အခြားအမည်: နာလန္ဒာ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်) သည် အိန္ဒိယနိုင်ငံဗီဟာပြည်နယ်နာလန္ဒာ ရှေးတက္ကသိုလ်ဟောင်းအနီး ရာဇဂြိုဟ်တွင် တည်ရှိသည်။ ဗုဒ္ဓခေတ်က နာလန္ဒာရှိ တက္ကသိုလ်ဟောင်းကို ပြန်လည်ဆန်းသစ်သည့်အနေဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။[၄] ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အမျိုးသမီး ၅ ဦးပါ သင်တန်းသား ၁၅ ဦးဖြင့် ပထမဆုံးသင်တန်းကို စတင်ခဲ့သည်။ ရာဇဂြိုဟ်ရှိ ယာယီတက္ကသိုလ်နေရာတွင် စတင်ခဲ့ပြီး တက္ကသိုလ်သစ်တစ်ခုလုံး ဆောက်လုပ်နေမှုကို ၂၀၂၀ ခုနှစ်တွင် ပြီးစီးလိမ့်မည်ဟု ခန့်မှန်းထားသည်။[၅][၆] တက္ကသိုလ်သစ်တွင် ဘွဲ့လွန်သင်တန်းများနှင့် ပါရဂူဘွဲ့သင်တန်းများကိုသာ အထူးပြု သင်ကြားပေးနေသည်။ လက်ရှိတွင် တက္ကသိုလ်အဆောင်အဖြစ် ရာဇဂြိုဟ်တွင် ဗီဟာပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းမှ ဖွင့်လှစ်ထားသည့် ဟိုတယ်တစ်ခုမှ အထောက်အပံ့ပေးနေသည်။[၅]

အုပ်ချုပ်ရေးနှင့် ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

အုပ်ချုပ်ရေး ဘုတ်အဖွဲ့[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ အစိုးရမှ သဘာပတိ ပါမောက္ခ Amartya Sen ဦးစီးသော နာလန္ဒာဆရာများအဖွဲ့ Nalanda Mentor Group (NMG) ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် လုပ်ပိုင်ဆောင်ရွက်ခွင့် ပေးအပ်ခဲ့သည်။ အဖွဲ့မှ တက္ကသိုလ်ကို အပြည်ပြည်ဆိုင်ရာ ပညာရေးဗဟိုဌာနတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်မည်ဖြစ်သည်။ အရှေ့အာရှ ထိပ်သီးတွေ့ဆုံပွဲမှ ဦးဆောင်မှုဖြင့် နာလန္ဒာတက္ကသိုလ်ကို စတင်တည်ထောင်ရန် အဆိုပြုခဲ့သည်။ NMG အဖွဲ့တွင် စင်ကာပူ၊ တရုတ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ကြသည်။ နောက်ပိုင်းတွင် နာလန္ဒာဆရာများအဖွဲ့ ကို နာလန္ဒာတက္ကသိုလ် အုပ်ချုပ်ရေး ဘုတ်အဖွဲ့အဖြစ် အမည်ပြောင်းလဲခဲ့သည်။[၇]

နာလန္ဒာတက္ကသိုလ် အုပ်ချုပ်ရေး ဘုတ်အဖွဲ့[၇] တွင် :

သင်တန်းကျောင်းများနှင့် ဌာနများ[ပြင်ဆင်ရန်]

  • သမိုင်းပညာကျောင်း (School of Historical Studies)
  • ပတ်ဝန်းကျင်နှင့် ဂေဟဗေဒ သင်တန်းကျောင်း (School of Environment and Ecological Studies)
  • ဗုဒ္ဓဘာသာ၊ ဒဿနိကဗေဒနှင့် ဘာသာရေးနှိုင်းယှဉ်မှု သင်တန်းကျောင်း (School of Buddhist Studies, Philosophy and Comparative Religion)
  • ဘာသာစကားများနှင့် စာပေ သင်တန်းကျောင်း (School of Languages and Literature)
  • နိုင်ငံတကာ ဆက်ဆံရေးပညာနှင့် ငြိမ်းချမ်းရေးပညာ သင်တန်းကျောင်း (School of International Relations and Peace Studies)
  • သတင်းအချက်အလက်သိပ္ပံနှင့် နည်းပညာ သင်တန်းကျောင်း (School of Information Sciences and Technology)
  • စီမံခန့်ခွဲမှုပညာ သင်တန်းကျောင်း (School of Business Management) (ပြည်သူ့မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးပညာ)[၈]

ကိုးကား[ပြင်ဆင်ရန်]

  1. "Amartya Sen to be chancellor of Nalanda International University"၊ 19 July 2012။ 25 July 2012 တွင် ပြန်စစ်ပြီး 
  2. "Amartya Sen named Nalanda University Chancellor"၊ 20 July 2012။ 25 July 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 19 October 2013။ 
  3. DNA special: How PMO shot down Pranab’s choice for Nalanda Vice Chancellor။ Daily News and Analysis။ 6 May 2012 တွင် ပြန်စစ်ပြီး။
  4. Ancient Nalanda University revived - The Hindu
  5. ၅.၀ ၅.၁ Nalanda International University begins its first SessionIANS။ news.biharprabha.com။ 1 Sep 2014 တွင် ပြန်စစ်ပြီး။
  6. Nalanda University reopens. Times of India. Retrieved 10 September 2014.
  7. ၇.၀ ၇.၁ Governing Board of Nalanda University။ 2 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2012 တွင် ပြန်စစ်ပြီး။
  8. The Seven schools of Nalanda University။ 31 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2012 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]