နလင်ကျော်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
နလင်ကျော်
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Laurales]]
မျိုးရင်း [[Lauraceae]]
မျိုးစု '''''Cinnamomum'''''

innamomum obtusifolium Nees (နလင်ကျော်)[ပြင်​ဆင်​ရန်​]

  • Botany Term : Cinnamomum obtusifolium Nees
  • Species/Family : Lauraceae
နလင်ကျော်ပင်

ပုံသဏ္ဌာန် : အပင် သစ်မာပင် ကြီးမျိုး ဖြစ်သည်။ အခေါက် ထူသည်။ အခေါက်တွင် အညိုရောင် အဖုများ ရှိ၏ ။ ကိုင်းဖြာ၏ ။ အရွက် ရွက်ဆိုင်ထွက် သည် ။ ပုံသဏ္ဍာန် မှာ ကရဝေး ရွက်နှင့် ဆင်တူသော်လည်း အရွက်ပိုရှည် ၍ ရွက်ပြား ပိုကြီးသည်။ ရွက်ထိပ်ချွန် ၍ ရွက်ရင်းသွယ် သည် ။ ရွက်ကြောပြိုင် သည် ။ အရွက် မျက်နှာပြင် သားရေကဲ့သို့ ပြောင်ချော၍ မာသည်။ အရွက် နုစဉ် တွင် နူးညံ့ပြီး သပြေရောင် ရှိသည်။ အောက်သို့ တွဲလောင်း ကျနေသည်။ အပွင့် သေးငယ်သည်။ အခိုင်လိုက် ပွင့်သည်။ နတ်တော် ၊ ပြာသို လတွင် ပွင့်သည်။ အသီး အရည် ရွှမ်းသည်။ လုံးဝိုင်းသည်။ တပေါင်း ၊ တန်ခူးတွင် သီးရင့်သည်။ အမြစ် အမြစ် ကြီးမားသည်။ ဘေးမြစ် များကို မြေပေါ်တွင် တွေ့နိုင်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အသားခေါက် နှင့် အမြစ်ခေါက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အပူပိုင်း ဒေသမှ အပ မြန်မာနိုင်ငံ တစ်ဝန်းလုံး တွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်း များ အလိုအရ နလင်ကျော် သည်အေးသည်။ အခိုးကို ပွင့်စေ၍ အဆိပ်ကို နိုင်သည်။ အသုံးပြုပုံ- အသားခေါက် ၁ ။ ကင်း ၊ ပင့်ကူကိုက်ခြင်း ၊ ကိုယ်လက် ကိုက်ခဲခြင်း ၊ အသားကွက်၍ ယားယံခြင်း ၊ ရောင်ခြင်း များအတွက် နလင်ကျော် ကို ဆားနှင့် သွေး၍ လိမ်းလျှင် အခိုးရ ၍ ပျောက်ကင်းသည်။ ၂ ။ ဖျားနာလျှင် သော်လည်းကောင်း ၊ အညှော်မိလျှင် လည်းကောင်း ၊ အနာဝင်လျှင် လည်းကောင်း ၊ ငန်းမန်း အားကြီးလျှင် လည်းကောင်း နလင်ကျော်ကို သွေး၍ သောက်ခြင်း ၊ လိမ်းခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။ ဝမ်းချုပ်က ဆားထည့်၍ သောက်နိုင်သည်။ ၃ ။ ဝမ်းဖော ၊ ဝမ်းရောင် နှင့် ရေငတ် ဝမ်းကျဖြစ် လျှင် ထမင်း ဆုပ် မီးဖုတ်စိမ် ရည်နှင့် နလင်ကျော် သွေးသောက်က ပျောက်၏ ။ ၄။ ဆုံဆို့နာ ၊ သွေးလွန်တုပ် ကွေးအဖျား ရောဂါ ၊ ပင်လယ်အူနာ ရောဂါ ၊ အမျိုးသ မီးများတ ကျည်းကိုက်ရော ဂါများအ တွက် ရေနှင့်သွေး သောက်ကပျောက် ၏ ။ ၅ ။ အသက်၅၀ ကျော်အရွယ် ကိုယ်လက်လေး ခြင်း ၊ နာကျင်ခြင်း ဖြစ်၍ သွားလာရာ တွင် ဒူးဆစ်များ ကျဉ်ခြင်း၊ထိုင် ပါများလျှင် ကျဉ်ခြင်း၊ အမြင့်တက် ရာတွင် မောခြင်း ဖြစ်လျှင် နလင်ကျော် ကို ပရုတ်ဆီ နှင့်သွေး ၍လိမ်းခြင်း ၊ သောက်ခြင်းဖြင့် ပျောက်၏ ။ ၆ ။ အမျိုး သမီးတို့ ယောနိတွင် တုတ်ကောင်တွယ် ၍ အနာ ဖြစ်ပြီး ပျောက်ခဲ့လျှင် အခေါက်ကို ပြုတ်၍ ဆေးပေး ပါက လျင်မြန်စွာ ပျောက်၏ ။ ၇ ။ မျက်စိနာ မျက်စိမှုန် ရောဂါ အတွက် နလင်ကျော် သွေးပြီး မျက်လုံးကို ဝိုင်း ၍ လိမ်းပေးရ ၏။ ၈။ နို့နာဖြစ် က နလင်ကျော် မှုန့်ကို ရော ၍လိမ်းရ ၏ ။ အသည်း အဆုတ်အူ တွင် ဖြစ်သော အ နာများအ တွက်လည်း သောက်သုံးက ပျောက်၏ ။ ၉ ။ နှာပိတ်၊ နှာပုပ်၊ ထိပ်ကပ်နာ ဖြစ်က နလင်ကျော်မှုန့် ရှူလျှင်ပျောက် ၏ ။ ကလေးချက် ကြိုးနာပေါ် တွင် လည်း အမှုန့်ဖြူး ပေး နိုင်၏ ။ ၁၀ ။ အမှုန့်ကို ဆန်ဆေးရည် ဖြင့် သောက်သော် ညောင်းကျရောဂါ ၊ဝမ်းတွင်းပုပ် ၊ ဆီးပုပ် ၊ နှလုံးမငြိမ်၊ နှုတ်ခမ်း အာခေါင်ခြောက် ရောဂါများ ပျောက် ၏ ။ မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။) [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://arogyamonline.com/commodity/materials/?raw=106