နရပတိစည်သူ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နရပတိစည်သူသည် နရသူမင်း၏ သားတော်နှစ်ပါးအနက် အငယ်ဖြစ်သည်။ မြန်မာရာဇဝင်များတွင် ရေးသားထားချက် အရ ညီတော် နရပတိစည်သူ၏ ဝေဠုဝတီမိဖုရားအား နောင်တော် နရသိင်္ခမှ တပ်မက် ၍ အကောက်ကြံကာ သိမ်းပိုက်လိုမုှကြောင့် ညီတော်က မခံမရပ် နိုင်ဖြစ်ပြီး နောင်တော်အား လုပ်ကြံကာ ပုဂံထီးနန်းအား သိမ်းပိုက်သည်။

နရပတိစည်သူသည် နောင်တော်အား လုပ်ကြံ၍ နန်းတက်သည် နှင့် ၎င်း မယုံကြည် သည့် နောင်တော် ၏ မင်း မုှထမ်း ကျေးကျွန် များကို ရက်ရက် စက်စက် သုတ်သင် ကွပ်မျက်သည်။ ယင်းကွပ် မျက်သည့်အထဲတွင် အပြစ်မဲ့ပြီး ရဲရင့် တည်ကြည် သည့် ပညာ ရှိ အမတ်ကြီး အနန္တသူရိယ လည်း ပါဝင်၍ ၎င်း မယုံကြည် သူ များ အား ထပ်မံ ကွပ်မျက်ရာတွင် ယင်း၏ သစ္စာတော်ခံ အမှ ထမ်းငယ် ကျွန်ရင်း အောင်စွာငယ် ပါ ကွပ်မျက်လေသည်။ နရပတိစည်သူ သည် အာဏာ တည်တန် ့ခိုင်မြဲရေးနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ကို ကြမ်းကြမ်း တမ်းတမ်း ဆောင်ရွက်ခဲ့သည်မှာ ထင်ရှားလေသည်။

နရပတိစည်သူမင်း လက်ထက် သုဝဏ္ဏဘုမ္မိတိုင်းမှ တဆင့်ပုဂံ သို ့ရောက်ရှိလာသည့် ကဥ္စပူရိ သာသနာကို သီဟိုရ်သာသနာ က လွှမ်းမိုးစ ပြုသည်ဟု ထေရဝါဒ သာသနာဆိုင်ရာ သုတေသီ တို ့က ယူဆကြသည်။ နရပတိ စည်သူ၏ ကောင်းမုှတော်များ ထဲတွင် ပုဂံမှ ဂေါ်တော်ပုလ္လင် နှင့် စူဠာမဏိ စေတီတော်သည် ထင်ရှား လေ သည်။ အနန္ဒသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာ နှင့် ဓမ္မဝိလာသ ဓမ္မသတ် ကို အထောက်အထားပြု ၍၎င်း။ နရ ပတိစည်သူမင်း လက်ထက်တွင် ကျောက်စာများတွင် မြန်မာစာ နှင့် ရေးထိုးသည်ကို တစထက်တ စ တွေ ့လာရ ၍ ၎င်း။ မွန်နှင့် ပါဠိဘာသာများလွှမ်းမိုးမုှ အောက်မှ မြန်မာစာပေသည် လွတ် မြောက်စပြုလာ သည် ဟု သမိုင်းသုတေသီများက ယူဆကြ လေသည်။ [၁]

စလင်းမြို့ကြွချီတော်မူလာခြင်း[ပြင်​ဆင်​ရန်​]

ကုလားကျမင်း၏ သားတော် နရပတိစည်သူ မင်းကြီးကား နောင်တော် မင်းယဉ်နရသိင်္ခလုပ်ကြံ၍ သက္ကရာဇ် (၅၂၆)ခုသော် ညီတော်နရပတိစည်သူ ရွှေဘုံရွှေနန်း တက်စံတော်မူ၏။ ထိုမင်းကြီးကား သစ္စာလည်း စောင့်၏။ မင်းကျင့်တရား ဆယ်ပါးနှင်လည်း ပြည့်စုံတော်မူ၏။ နောင်တော်ကို ပြစ်မှားမိ၍ ဘေးတော် အနော်ရထာစောကဲ့သို့ တောင်ဘက်မြောက်ဘက် အရှေ့အနောက်နိုင်ငံတော် အနှံ့ အစပ် မင်းမိဖုယား မောင်းမမိသံ ခြံရံလျက် စစ်အင်္ဂါ (၄)ပါးနှင့် တင့်တယ်စံပါယ်လျှက် ရွှေဖောင်တော်စီး၍ ကန်ချောင်းဆည်မြောင်း ပြုစုတော်မူလာသော သာသနာတော်နှစ်ကား (၁၇၂၃)ခု ကောဇာသက္ကရာဇ် (၅၄၁)ခုတွင် စလင်းအရပ်သို့ဆိုက်ရောက်တော်မူ၏။

ဘောင်းလင်းမြို့၌ ဘေးတော်ကောင်းမှုတော် စောလူးဘုရား၊ ကျွဲထိရွာ၌ ပုထိုးကြီးဘုရားများကို ရှိခိုးပူဇော်တော်မူပြီးမှ ပြည်ရွာ အနေအထိုင် အရပ်လေးမျက်နှာတို့ကို လှည့်လည်၍ ကြည့်ရှုတော် မူသောအခါ ကြငှန်းနတ်မင်း ကိုတွေ့တော်မူ၍ ကုလားကျမင်းသားတော် နရတိစည်သူ ဇမ္ဗူလှည့်သွား မင်းတရားမြတ် မေးတော်မူသည်ကား ကြငှန်းနတ်မင်း ..... ငါသည်ရှေးရှေးမဆွ သံသရာက အဘယ်ဒါနကို ဥသဟမယုတ် အားထုတ်ခဲ့ဘူးသောကြောင့် ထူးမြတ်သော မင်းစည်းစိမ်ချမ်းသာကို ရပါသနည်း ဟုမေးတော်မူလျှင် ကြငှန်းနတ်မင်းသည် ဤသို့ဆို၏။


ကျွနု်ပ်ထက် အသက်အရွယ်ကြီးသော ငဖြူရှင် နတ်မင်းကြီး ရှိပါလေ၏။ ထိုနတ်မင်းကို မေးတော်မူပါ ဟုမင်းကြီးအား နားတော်လျှောက်လေ၏။မင်းကြီးလည်းထိုသို့တပြီးကား ငဖြူရှင်နတ်မင်းကြီးကို ခေါ်ယူရန် စည်းသားပတ်သား အကြီးအမှူး နှစ်ယောက်တို့ကို အမိန့်တော်မူ၏။စည်သား ပတ်သား အကြီးအမှူး နှစ်ယောက်တို့လည်း ငဖြူရှင်နတ်မင်းကြီးရှိရာ အရပ်သို့ သွား၍ခေါ်လာ၏။


ငဖြူရှင် နတ်မင်းကြီးလည်း မင်းကြီးခေါ်လျှင် လာရပေမည် ဟုဆို၍ အဆောတလျှင်လာ၏။နတ်မင်းကြီးရောက်လျှင် မင်းကြီး မိန့်တော်မူသည်ကား ၊နတ်မင်းကြီး အသက်မည်မျှရှိပြီနည်း ဟုမေးတော်မူ၏။နတ်မင်းကြီးလည်း အကျွနု်ပ်၏အသက်သည် ကကုသန် ၊ဂေါဏဂုံ၊ကသပ၊ဂေါတမမြတ်စွာစိန္တေယျာ လေးဆူကို ဆုယူပန်နတ် နှစ်သက်သဖြင့် အသင့်မှီလိုက်ပါ၏ ဆိုပြီးမှ မင်းကြီးမေးတော် မူသည်ကား နတ်မင်းကြီး အကျွနု်ပ် သည် မင်၏ ချမး်သာကို ရပါသောအကြောင်းကား အဘယ်ကောင်းမှုကို ပြုစုဆည်းပူးခဲ့သနည်း ဟုမေးတော်မူ၏။


နတ်မင်းကြီးလည်း ဟုတ်မှန်ရာကို အကျွနု်ပ် မဆိုလို မင်းတို့သဘောမည်သည် မနှစ်သက်သော စကားတခွန်း ထွက်လျှင် အမျက်ပဋ္ဋိဃတ်ကြီးတတ်လှ၏။သို့ဖြစ်သောကြောင့် ဟုတ်မှန်ရာကို ကျွနု်ပ်မဆိုလို ဟုလျှောက်၏။

မင်ကြီးလည်း အကြိမ်းများစွား မေးတော်မူ၏။နတ်မင်းကြီး အကျွနု်ပ်ကို အားမနာနှင့် ၊သိမြင်တိုင်းကိုသာ မိန့်တော်မူ၊တစုံတခုသော အန္တရာယ်ကို မျှ အကျွနု်ပ်မပြု ဟုသစ္စာ ဓိဋ္ဌာန် အမှန်ဆိုတော်မူ၏။


ထိုအခါ ငဖြူရှင်နတ်မင်းကြီး ဤသို့ဆို၏။ မင်းကြီးသည် ရှေးရှေးမဆွ သံသရာက များပြားလှသော ဒါနသီလအထူးကို ဆည်းပူးဖူးတော်မူသောကြောင့်မဟုတ်၊ ဤအရပ်ဋ္ဌာန ဤဒေသအကွက်တွင် စွမ်းအင်ဗလ ပြည့်စုံသော သုကရရာဇာ မဟာဝက်များမင်း ဖြစ်၍ ကြီးခြင်းခွန်းအားဖြင့် မြေသားကို ကောက်ယက်၍ နက်စွာသော အိုင်အင်းဖြစ် လျှင်ရေတင်သဖြင့် ရှည်မြင့်စွာကာလ ဝနမိဂ သားများအားလုံး မှီဝဲရာဖြစ်၍ စင်စစ် ဤကုသိုလ်အကျိုးကြောင့် တိုးပွားခိုင်ဖြီးကြီးမြတ်သောလူစည်းစိမ်ကို ချမ်းငြိမ်းသုခ ခံစားရသည် ဟုနားတော်လျှောက်လျှင် မင်းကြီးသည် ဝမ်းမြောက်ခြင် ပြင်းစွာဖြစ်၍ အနည်းငယ်သော ဒါနသည် ဤမျှလောက်စင် စည်းစိမ်ရှင်ဖြစ်ရ၏။ကြီးမားသော ဒါနဖြစ်မူကား ၊အဘယ်မှာ လျှင်ဆိုဘွယ်ရာရှိအံ့နည်း

စလင်းအရပ်၌ ဆည်မြောင်း ချောင်း ကန် များ တည်ဆောက်စေတော်မူခြင်း[ပြင်​ဆင်​ရန်​]

စလင်းပြည်စိုး လက်ျာခင်မွန်သည် အင်္ကျိ ရွှေဖျဉ်ဝတ်လျှက် ပက္ကလာမေးတွင်ကြိုးပတ္တများ ဘယက်ကို သွယ်တတ်သော ပက္ကဘာဆောင်း၍ ကျွန်ငယ် သဘောက် (၂၀၀)နှင့် ဆင်ဖြူကန်ရွာ အရှေ့တွင် နှစ်ထောင်မျှလောက်သော နွားကိုရူစား၍နေ၏။ ထိုအခါ ကုလားကျမင်း သားတော် နရပတိစည်သူ ဇမ္ဗူလှည့်သွား မင်းတရားကြီးသည် ငသမန်ဟူသော မင်းချင်းတစ်ယောက်ကို ခေါ်တော်မူ၍ ငသမန်ငယ်၊ နွားကျောင်းသူကြီးမင်းကို ခေါ်ချေဟု စေတော်မူ၏။ ငသမန်လည်း အဆောတလျှင် သွား၍ခေါ်လေ၏။ နွားကျောင်းသူကြီးမင်း အကျွနု်ပ်တို့သခင် အရှင်မင်းကြီး ခေါ်တော်မူ၏ ဟုဆို၏။ စလင်းသူကြီး လကျ်ာမွန်လည်း မင်းကြီးထံသို့ ကပ်လေ၏။ မင်းကြီးလည်း မင်းမတ်အသူနည်း ဟုမေးတော်မူ၏။ ဘုရားကျွန်တော် စလင်းပြည်စိုး လကျ်ာခင်မွန် ဟုနားတော်လျှောက်၏။ မင်းကြီးလည်း ပြည်စိုးလကျ်ာခင်မွန် ဤအရပ်ကို အဘယ်အရပ်ခေါ်သနည်း ဟုမေးတော်မူ၏။ ပြည်စိုးလကျ်ာခင်မွန်လည်း ဤအရပ်ကို စလင်းအရပ် ခေါ်ပါသည်ဟု နားတော်လျှောက်၏။ ဤစကားကို ကြားတော်မူလျှင် အစဉ်ရှည်ကြာစွာ ပြည်ရွာဖြစ်ခြင်း အကြောင်း ကန်ချောင်း ဆည်မြောင်း တူဖောက်လိုသော အကြံရှိသည်နှင့် နဂါးရုပ်ဖောင်တော်မှ သက်၍ သက္ကဒါန်လှေတော် တက်စီးပြီးလျင် စလင်းပြည်စိုး လကျ်ာခင်မွန်ကိုလည်း သက္ကဒါန်လှေတော် တွင်တင်၍ လုပ်ခင်းဆောင်တာ လယ်ယာကန်ချောင်းဆည် မြောင်း အစဉ်ဖြစ်မည့် အရပ်ကို ပြညွှန်း ရလေ၏။ သက္ကဒါန်လှေတော် နှင့် အနောက်အရပ်သို့ လှည့်လည်ကြည့်ရှုတော် မူပြီးသော် ပေါင်းဝအရပ် တော်အုပ်၌ ဥချိုတွန်သံ ကြားတော်မူ၏။ဤအသံကား အဘယ်အသံနည်း ဟုမေးတော်မူ၏။ ပြည်စိုးလကျ်ာခင်မွန်လည်း ဥချိုးတွန်သံ ဟုနားတော်လျှောက်၏။ ဥချိုးတွန်သည်ကို အကြောင်းပြု၍ ဤအရပ်ကို ဥချိုးပစ်ချောင်း ဟုတွင်၏။ ထိုအရပ်မှ သက္ကဒါန်လှေတော်နှင့် လှည့်ပြန်တော်မူ၍ ချောင်းနားသို့ စုံတော်မူမှ ရတနာခြင်္သေ့ရွာ တိုင်အောင် ဖောင်လှည့်တော်မူခဲ့လေ၏။ မှူးမတ်အပေါင်းတို့ သည်လည်း သက္ကဒါန်လှေတော် လာမည့်အရပ်ကို ကြိုဆိုလျှက်နေလင့်ကုန်၏။လှေတော်ဆိုက်လျှင် မှူးမတ်အပေါင်းကို မိန့်တော်မူသည်ကား၊ လှေတော်ဆိုလျှင် မှူးမတ်အပေါင်းကို မိန့်တော်မူသည်ကား၊ မင်းမတ်တို့ အစဉ်ရှည်စွာ မဟာတဋ္ဌာက ထာဝရ ဖြစ်မည့် အကြောင်းကို မောင့်မေ့တော်မူ၍ ကန်ဆည်တော်မူမည် ဟုမိန်တော်မူ၏။စလင်းပြည်စိုး လကျ်ာခင်မွန်၊အမတ်ကြံသိုင်း၊ အမတ်သုဝဏ္ဏဗိုလ် ဤသုံးယောက်တို့သည် ကြံတော်မူသော အကြံတော်သည် ကောင်းမြတ်သော အကြံတော် ဟုနားတော်ဟုနားတော်လျှောက်၏။ထိုအခါ အမတ်တော် အနန္တပစ္စည်းကို ခေါ်တော်မူ၍ မင်းမတ် ကန်ဆည်တော်မူမည် ဖြစ်သောကြောင့် တောင်မြောက် တာထိုးလေ ဟုမိန့်တော်မူ၏။ထင်းသို့ မိန့်တော်မူရာ အရပ်ကိုလည်း ဂူနှင့် ကျောင်း တည်ဆောက်တော်မူ၍ ဝတ္ထုကန်မြေ လှူတော်မူ၏။ မှူးမတ်အပေါင်းနှင့် တိုင်ပင်တော်မူသည်ကို အကြာင်းပြု၍ ထိုအရပ်ကို မင်းတပေါင်းကူး ဟုတွင်၏။ ယင်းမှသည် တောင်အရပ်သို့ လာတော်မူပြန်၍ ညောင်ပင်ဈေး အနောက်တိုင်လျှင် ကန်ဆည်မည့် အစီအရင်ကို မိန့်တော်မူပြန်၏။ယင်းသည့်အရပ်တွင်လည်း ဂူနှင့်ကျောင်း တည်တော်မူ၍ ဝတ္ထုကန်မြေလှူတော်မူ၏။ ထိုအရပ်ကိုလည်း ကန်စီရင် ဟုတွင်၏။ ယင်းက သည် လာတော်မူပြန်၍ ဝိပဿနာအရပ်သို့ ရောက်တော်မူလျှင် အနန္တပစ္စည်းလည်း တာထိုးရာက ရောက်လျှင် ဤသို့နားတော်လျှောက်၏။မြောက်ကား ရတနာခြင်္သေရွာ ၊တောင်ကား ထစိုက်ရွာ၊ထို အရပ်၌ တာတိုင်စိုက်၍ ပြီးပါကြောင်း ကိုနားတော်လျှောက်လျှင် ဝမ်းမြောက် ဝမး်သာတော်မူ၏။ ယင်းအရပ်တွင် ဂူနှင့်ကျောင်းတည်တော်မူ၍ ဝတ္ထုကန်မြေလည်း လှူူတော်မူ၏။ ဤအရပ်ကိုလည်း ရယ်ရွှင်တော်မူသည်ကို အကြောငး်ပြု၍ ရယ်ရွှင် ဟုတွင်၏။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. (မသက်ဇင် ၏ အာဏာ ၊ မတူညီသောအတွေးအခေါ် ၊ လုပ်ကြံသတ်ဖြတ်ခြင်း)