နမာမိ

ဝီကီပီးဒီးယား မှ

ရှိခိုးခြင်း(၂)မျိုး

(၁)နမာမိ - ညွှတ်ခြင်း၊ ကိုင်းခြင်း၊ ရှိုင်းခြင်း တို့ဖြင့် ရှိခိုးခြင်း။ ညွှတ် - ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့ရဲ့ ဂုဏ်ကျေးဇူးကို ညွှတ်တာ၊ ဦးခေါင်းညွှတ်ပြီး အလေးအမြတ်ပြုကြောင်း ဖော်ပြတာ။ ကိုင်း - ခေါင်းရောကိုယ်ပါ ကိုင်းပြီး ဝပ်ချတာ။ ရှိုင်း - ကုန်းပြီး နောက်သုံးလမ်းလောက် လက်အုပ်ချီပြီးဆုတ်ခွာခြင်း။ (လမ်းမှာတွေ့ အချိန်မရလျှင်သုံး)

(၂)ဝန္ဒာမိ - တည်ခြင်းငါးပါးဖြင့်ရှိခိုးခြင်း။ ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး (အေးအေးဆေးဆေး ပို၍ အလေးအမြတ် ပြုသည့်သဘော)