နန္ဒဘုရင်

ဝီကီပီးဒီးယား မှ
နန္ဒဘုရင်
နန်းသက်၁၀ အောက်တိုဘာ ၁၅၈၁ – ၁၉ ဒီဇင်ဘာ ၁၅၉၉
နန်းတက်ချိန်၁၅ အောက်တိုဘာ ၁၅၈၁
ရှေ့မင်းဆက်ဘုရင့်နောင်
ဆက်ခံသူညောင်ရမ်းမင်း
ဝန်ကြီးချုပ်ဗညားကျန်တော
ဇင်းမယ်ပြည်၏ ဘုရင်
နန်းသက်၁၀ အောက်တိုဘာ ၁၅၈၁ – c. ဖေဖော်ဝါရီ ၁၅၉၇
ရှေ့မင်းဆက်ဘုရင့်နောင်
နောက်မင်းဆက်နရဲစွမ်
လက်အောက်ခံ ဘုရင်နော်ရထာ မင်းစော
ယိုးဒယားပြည်၏ ဘုရင်
နန်းသက်၁၀ အောက်တိုဘာ ၁၅၈၁ – ၃ မေ ၁၅၈၄
ရှေ့မင်းဆက်ဘုရင့်နောင်
နောက်မင်းဆက်ဖျက်သိမ်း
လက်အောက်ခံ ဘုရင်Maha Thammarachathirat
လင်းဇင်းပြည်၏ ဘုရင်
နန်းသက်၁၀ အောက်တိုဘာ ၁၅၈၁ – ၁၉ ဒီဇင်ဘာ ၁၅၉၉
ရှေ့မင်းဆက်ဘုရင့်နောင်
နောက်မင်းဆက်ဖျက်သိမ်း
လက်အောက်ခံ ဘုရင်Maha Ouparat (၁၅၈၁–၈၈)
Sen Soulintha (၁၅၈၈–၉၁)
Nokeo Koumane (၁၅၉၁–၉၅)
Vorapita (၁၅၉၆–၉၉)
မွေးဖွား၉ နိုဝင်ဘာ ၁၅၃၅
အင်္ဂါနေ့၊ မြန်မာ သက္ကရာဇ် ၈၉၇ ခု၊ တန်ဆောင်မုန်းလပြည့်
တောင်ငူ
ကွယ်လွန်၃၀ နိုဝင်ဘာ ၁၆၀၀ (သက်တော် ၆၅ နှစ်)
ကြာသပတေးနေ့၊ မြန်မာ သက္ကရာဇ် ၉၆၂ ခု၊ တန်ဆောင်မုန်း လဆုတ် ၁၀ ရက်[၁]
တောင်ငူ
ထာဝရ အိပ်စက်ရာ နေရာ၁ ဒီဇင်ဘာ ၁၆၀၀
တောင်ငူ နန်းတော်
အိမ်ထောင်ဖက်• ဟံသာဝတီ မိဖုရား
• မင်းဖြူ
• မင်းထွေး
• သီရိရာဇဒေဝီ
• မင်းတရား မယ်တော်
သားသမီးများ
အခြားသူများအကြား...
၂၀ ထက်ပိုပြီ
စံအိမ်တောင်ငူ
ခမည်းတော်ဘုရင့်နောင်
မယ်တော်အတုလသီရိ မဟာရာဇဒေဝီ (ခေါ်) သခင်ကြီး
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာဝင်

နန္ဒဘုရင် (ငါးဆူဒါယကာမင်း) (၁၅၈၁-၁၅၉၉) သည် ဘုရင့်နောင် ၏သားတော်အိမ်ရှေ့မင်းဖြစ်သည်။ ဘုရင့်နောင် လွန်လျှင် ဟံသာဝတီထီးနန်းကို စိုးစံအုပ်ချုပ်သည်။ ခမည်းတော် လက်ထက်အတိုင်းပင် တောင်ငူအင်းဝပြည်၊ ဇင်းမယ် မှ အဆွေအမျိုးများကို အပြောင်းအလဲမရှိ ဆက်လက်အုပ်ချုပ်စေသည်။ ထို့အပြင် မိုးကုတ် ကျောက်တွင်းများကို မိုးမိတ် စော်ဘွားထံမှ တကောင်းဒေသ ကိုပေးပြီး အလဲအလှယ်လုပ်ခဲ့သည်။

သို့သော် နန္ဒဘုရင်သည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ် ချီတက်စေသဖြင့် အင်အားကိုဖြုန်းတီးလေသည်။ ထို စစ်ပွဲတွင် သားတော်ကြီး မဟာဥပရာဇ် ကျဆုံးလေသောကြောင့် လက်စားချေလိုစိတ်ဖြင့် အကြိမ်ကြိမ် စစ်ပြုခြင်းဖြစ်သည်။ ထို့အပြင် လက်အောက်ခံ နိုင်ငံများကိုလည်း ပရိယာယ်ကင်းစွာအုပ်ချုပ်သဖြင့် သက္ကရာဇ် ၉၅၆ တွင် ယိုးဒယားပြည်မော်လမြိုင်၊ မှော်ပီ စသည့်ဒေသများမှ ပုန်ကန်လေသည်။

ထိုသို့သော် ပုန်ကန်မှုများကို နှိမ်နင်းရန်အတွက်လည်းကောင်း၊ မပုန်ကန်သေးသည့် လက်အောက်ခံတို့ကို မယုံကြည်သည့်အတွက်လည်းကောင်း နန္ဒဘုရင်သည် တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင်အား ဆင်တော် ဥပေါသထ နှင့်တကွ လာရောက်အမှုထမ်းရမည် ဟုဆင့်ခေါ်သည်။ ထို့အတူပင် ဇင်းမယ်နော်ရထာအားလည်းကောင်း၊ ညောင်ရမ်း မင်းရဲနန္ဒမိတ်အားလည်းကောင်း အလားတူတောင်းဆိုသဖြင့် ဇင်းမယ်နှင့် အတူ တောင်ငူလည်း ပုန်ကန်လေသည်။ နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းဗာကြီး၊ တောင်ငူဘုရင် မင်းရဲသီဟသူတို့ နှစ်ဖက်ညှပ်တိုက်သည်ကို မခံနိုင်သည့်အတွက်လည်းကောင်း သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ တောင်ငူတပ်မှ နတ်သျှင်နောင်ထံ လက်နက်ချ အညံ့ခံလိုက်သည့်အတွက် လည်းကောင်း အလွန်စိတ်ဓာတ်ကျဆင်းပြီး ကိုယ်တိုင် အညံ့ခံလိုက်တော့သည်။

တောင်ငူသို့ နန္ဒဘုရင်ပါလျှင် ယိုးဒယားမင်း တောင်ငူသို့လာရောက်ပြီး နန္ဒဘုရင်အား ပေးရန်တောင်းသည်။ မင်းရဲသီဟသူက မပေးသဖြင့် တောင်ငူကိုတိုက်သည်။ နတ်သျှင်နောင် ထွက်တိုက်သဖြင့် ယိုးဒယားတပ်ပျက်လေသည်။ နောက်တွင် နတ်သျှင်နောင် သည် နန္ဒဘုရင်အား ဆက်လက်ထားလျှင် အရေးထပ်ပေါ်မည်ကို တွေးပြီး မယ်တော်နှင့်တိုင်ပင်ကာ နန္ဒဘုရင်ကို အဆိပ်ခတ်လုပ်ကြံသည်။ သို့ဖြင့် နန္ဒဘုရင်သည် သက္ကရာဇ် ၉၆၂၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် ကွယ်လွန်လေသည်။

နန္ဒဘုရင် မိမိကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲကာ တခြားမည်သည့်အကြံကိုမျှလက်ခံလိုစိတ်မရှိခြင်း။အသိအမှတ်ပြုထားသော ဘာသာရေးကျမ်းဂန်များနှင့် မကိုက်ညီကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ဘာသာရေး အဆောက်အအုံ အများအပြား ဖျက်ဆီးခံရပြီး ဘာသာရေး ပိုင်ဆိုင်မှု အများအပြား သိမ်းဆည်းခံခဲ့ရသည်။ ဘုန်းကြီးများကို လူဝတ်လဲခိုင်းခြင်းများရှိခဲ့သည်။ မွန်၊ မြန်မာ ၊ ရှမ်း လူမျိုးများအား ‌‌‌‌နေရပ်စွန့်ခွာ‌‌စေပြီး လူမျိုး‌‌ ရောထွေးခြင်းများလည်းရှိခဲ့သည်။

အထက်ပါအချက်လက်များကြောင့် ‌‌‌နယ်ပယ်ပေါင်းစုံ မှ ရဟန်းရှင်၊ပြည်သူများသည် နန္ဒဘုရင် အပေါ် မုန်းတီးမှုများ ကိန်း‌အောင်းလာ‌ခဲ့လေသည်။ ‌နောင်တွင် ဘုန်းတန်ခိုးကျဆင်းလာကာ နန္ဒဘုရင်၏ ဘုန်းမီး‌နေလကို အပြီးတိုင် ငြိမ်းစေသော အခြေခံအချက်အလက်များဖြစ်လာခဲ့လေတေ့ာသည်။

နန္ဒဘုရင့် မိသားစု[ပြင်ဆင်ရန်]

  • တပင်‌ရွှေထီးသမီး မြောကြီးကတော်ဟံသာဝတီမိဖုရား (ခ) မနောဟရီ
    • သမီးတော် သခင်ကြီး + တောင်ငူ မင်းခေါင်သား ကောလိယာမင်းရဲကျော်ထင်
    • ညီမတော် မင်းထွေး (သုခဇရာ)
    • ညီတော် မင်းကြီးစွာ အိမ်ရှေ့မင်းဖြစ်လာတယ် (၃၄ နှစ်တွင် လွန်) + အင်းဝသတိုးမင်းစောသမီး နတ်သျှင် မယ်တော်၊ ဘုရင့်နောင်သမီး ရာဇ ဓာတု ကလျာ
    • ညီတော် မင်းရဲကျော်စွာ (အင်းဝမြို့စား) နောက်တော့ အိမ်ရှေ့မင်းဖြစ်လာသည် မင်းကြီးစွာ နှစ်တွင် လွန် ပြီးနောက်၊ တောင်ငူကို ပြောင်းသွားတယ် (၃၂ နှစ်တွင် လွန်) + ဘုရင့်နောင်သမီး မဏိတလှ
    • ညီမတော် ခင်မနောင် (သိန်းတော်နောင်) + အာရကန်ဘုရင် မင်းရာဇာကြီး ရာထူးတစ်ခုရယူပါ တန်ဆောင်း မိဖုရား၊ သူမကိုအာရကန်ပြည်သို့ခေါ်ဆောင်သွားခဲ့သည်
    • ညီမတော် ခင်ပု (၇ နှစ်တွင် လွန်)
    • ညီတော် မင်းကြီးနောင် ပြည်သတိုးဓမ္မရာဇာ (၂၆ နှစ်တွင် လွန်)
  • ဒုတိယတောင်ငူမင်းခေါင်သမီး မြောက်နန်းတော် မိဖုရား သီရိရာဇဒေဝီ
    • သမီးတော် မင်းရွှေဒုန် + ဒုတိယတောင်ငူမင်းခေါင်၏သား ဒုတိယကောလိယာမင်းရဲကျော်ထင်
  • ပေါက္ခရစန္ဒာ
    • သားတော် မင်းယဉ်ဖြူ (ဇာပရိုမြို့စား) သူနဲ့ သူ့အမေကို အာရကန်ကို ခေါ်သွားတယ်
  • ခင်ငယ်ညွန့် (ဒာဝိစွန့်) ပြိဟောင်သမီးဗညားဂျကာ (ဩောက်ဗြစက္ကိ) ယိုးဒယားထံမှ ဒဂုံမြို့စား
    • သားတော် မောင်စောဖြူ (ဗိုလ်မင်းထောင်တည်မြို့စားမြို့သစ် အဖြစ်ခန့်အပ်သည်။ အာရကန်ဘုရင် မင်းရာဇာကြီးအားဖြင့်) + အာရကန်ဘုရင် မင်းရာဇာကြီးသမီးတော် ရှင်ဒွေနောင်

သူနဲ့ သူ့အမေ အာရကန်ကို ပို့တယ်

  • မိုးမိတ်စော်ဘွားသိုစုမ်ဘွားသမီး နှင့်ဟန်ရုန်
    • သားတော် မင်းရဲသီဟ ပြည်မြို့စား ဟံသာဝတီ မဟာဓမ္မရာဇ လက်ထက်တွင်
  • ခင်ငယ်စုံဗိုလ် ကြာတက်ရွာငှက်သာသူရညီမအငယ်
    • သားတော် ဦးဒင်းကျော်သင်း (သီရိဓမ္မသောက) တောင်ငူမြို့စား ဟံသာဝတီ မဟာဓမ္မရာဇ လက်ထက်တွင်
  • ဇင်မယ်မင်းသမီး ထောဆိုင်းခမ်းတူမ နှင့်ဒွမ်ယော်ဆိုင်း
    • သမီးတော် ခင်မဆင်အင်ပြိုး သူမသည် ဖရနရေဆုအင် ယိုးဒယားဘုရင်၏ တားမြစ်ထားသော အမျိုးသမီးတစ်ဦးဖြစ်သည်
  • ကိုရှမ်းပြည်မိုးခန်စော်ဘွားထောမောင်အွန်သမီး နှင့်မင်းမောင်
    • သားတော် မင်းရဲအီးဗျ (အောင်မြေသာဇံမြို့စား) ဟံသာဝတီ မဟာဓမ္မရာဇ လက်ထက်တွင်
  • နှင့်ချန်ပီယံရမ် ထောလှိုင်ထိုင်းသမီး မိုးတီစော်ဘွား
    • သမီးတော် သူလျာဝတီ
  • မုတ္တမမင်းသမီး ရွှေနန်းချိုမြိန်၊ မင်းရဲစည်သူသမီး မင်းရဲနန္ဒမိတ်ညီမအငယ်
    • သားတော် မင်းကြီးခမည်းတော် (မုတ္တမမြို့စား) သူနဲ့ သူ့အမေ ဖမ်းပြီး အာရကန်ကို ပို့တယ်
  • ကျိုမယ်ယတ်ဘွား စွယ်ကူကျောင်းသမီး မိုးခေါန်စော်ဘွား
    • သားတော် ဖွာတော်ထွေး (ချောက်မြို့စား) ဟံသာဝတီ မဟာဓမ္မရာဇ လက်ထက်တွင်
  • အိမ်ရှေ့အိမ်ဝင်းက အမျိုးသမီးကြီး နရာပင်သာလ
    • သားတော် မွေးတုန်းက သေတယ်
    • မောင်တော် နရာသိင်္ခလာ (ရေးမြို့စား) ဟံသာဝတီ မဟာဓမ္မရာဇ လက်ထက်တွင်
  • မိုးညှင်းစော်ဘွားသိုရှီဘွားသမီး ပတ္တလီလာ
    • သားတော် မင်းရဲပါရိပ်ရှီ (တကောင်းမြို့စား) + ခမည်းတော်သမီး မွှေးလှမဏိ သူနဲ့ သူ့အမေကို အာရကန်ကို ခေါ်သွားတယ်
  • ပုသိမ်မင်းသမီး ခင်မျိုးမြတ်ဘုန်း ပုသိမ်မင်းရဲနရာသိင်္ခသမီး ဘုရင့်နောင် ညီငယ်
    • သမီးတော် မွှေးလှမဏိ + ခမည်းတော်သား မင်းရဲပါရိပ်ရှီ (တကောင်းမြို့စား)
    • မောင်တော် မင်းရဲနရဉ္စိခ (သာပေါင်းမြို့စား)

သူတို့အားလုံးကို အာရကန်ပြည်ကို ခေါ်သွားတယ်

  • နှင့်ခွန်ဆိုင်း၊ စည်ပုတ္တရာမြို့စားအိုက်ခမ်းဇောက်သမီ
    • သားတော် နရာသိင်္ခသူ (စဉ့်ကူးမြို့စား) ဟံသာဝတီ မဟာဓမ္မရာဇ လက်ထက်တွင် + ခမည်းတော်သမီး ခင်မရွှေပခြုပ်
  • လဲချားမင်းသမီး ခွန်သံမြတ်နိုးသမီး စဝ်နန်းထာ့မွန်
    • သမီးတော် ခင်မရွှေပခြုပ် + ခမည်းတော်သား နရာသိင်္ခသူ (စဉ့်ကူးမြို့စား) ဟံသာဝတီ မဟာဓမ္မရာဇ လက်ထက်တွင်
  • နာဂမင်းသမီး (ခ) လှပီနော်မိုင်းအိုနီ လောင်ဂျက်ဇ်သံဘူသမီး နာဂဘုရင့်
    • သားတော် မင်းရဲရားမူးနာ (ကော့တောင် အနော်ချိုင့်ကိုစား)
    • ညီမတော် မီလှ သူမနေမကောင်း စိတ်ပိုင်းဆိုင်ရာ
  • ရွှေမွန် ပနတ္တသလာသမီး
    • သမီးတော် ခင်မွန်သစ်

သူတို့မှာ ကလေးမရှိဘူး

  • တောင်နန်းတော် မိဖုရား မင်းဖြူ၊ ဒုတိယတောင်ငူမင်းခေါင်ဇေယျနန္ဒ

သမီး

  • အလယ်နန်းတော် မိဖုရား မင်းထွေး ဒုတိယတောင်ငူမင်းခေါင်ဇေယျနန္ဒ

သမီး

  • အနောက်နန်းတော် မိဖုရား မင်းတရား မယ်တော် ဒုတိယပြည်သတိုးဓမ္မရာဇာနန္ဒယော်ဓာသမီး
  • မိုးနဲစော်ဘွားသိုပိင်ဘွားသမီး ငွန်ပင့်ဘွား
  • ဗန်းမော်စော်ဘွားသိုဆိုင်းဘွားသမီး ဒိဗ္ဗရာစန်းသီ
  • အိန်းခမ်းဘွား ညောင်ရွှေစော်ဘွားကံဟမ်းဘွားသမီး
  • ကျိုင်းသေဉ်စားထောကမ်ကြိုင်သမီး ဒိဗ္ခမ်းမိုင် (ထီးဗ္ခမ်းမိုင်)
  • နှင့်ဘွားနော်ဆိုင်းပန် သိုဟုန်ဘွားသမီး စကာစော်ဘွား
  • စိန်ဒရာ သိုချည်ဘွားသမီး ကလေးစော်ဘွား သူမအာရကန်ကို ပို့တယ်
  • စန်စုလင်းလူးစိုင်သမီး အံဖားကက် သူမအာရကန်ကို ပို့တယ်
  • လင်းဇင်မင်းသမီး နှင့်ခမ်းဘိုင်
  • ဒုတိယလင်းဇင်မင်းသမီး သိန်းခမ်းလောက်
  • လင်းဇင်ဘုရင့်ဇေယျာဆက်သာသမီး နှင့်အောင်ခမ်းလွမ်
  • မိုးလော်မင်းသမီး ဖန်ထဝေလှိုင် ခွန်မီစိုင်မိုးလော်သမီး
  • ဖန်ခမ်း ဖန်ထဝေလှိုင်၏ နောက်လိုက်များ မိုးလော်ထံမှ
  • ကသည်းမင်းသမီး ကွီးလင်ဘွား မန်ယန်ဂိမ်းဘွားသမီး ကသည်းစော်ဘွား သူမအာရကန်ကို ပို့တယ်
  • အွန်ဒေါ်ရီယန် စဝ်လအင်ထာ့သမီး မိုးဖန်းစော်ဘွား သူမအာရကန်ကို ပို့တယ်
  • ဦးဘိုင်ဖလတ်ခမ်းစန်မိုး ဗညားအဆန်လူထိုင်းသမီး မိုးလုံဆာတ်မြို့စား
  • ဟိမဝန္တာတောင်ပေါ်ရှိ ဆိုလုကွန်ဘူမှ အမျိုးသမီး ဘီဟာနာ့စ် ဘင်ဆာဘန်သီတာ
  • ဖိစမာပိသမဟာသမီး ပဒမာနဟဒ်ဆွမီ ပုဏ္ဏား
  • ခင်တန်လုံ သိုခက်ဘွားသမီး သောင်သွပ်စော်ဘွား သူမအာရကန်ကို ပို့တယ်
  • မိုးဆင်းဟော်ခမ်းနွဲ့သမီး ထခွဲယွန်းဘွား
  • ကြိုင်တုံစော်ဘွားစဝ်ကွယ်ဘိုးနမ်သမီး စဝ်အင်းကွယ်
  • စဝ်ကွယ်ဘိုးနမ်တော်ကြိုင်ဘုံ၏ သမီးတော် ကြိုင်တုံစော်ဘွား၏ နောက်သမီးတစ်ဦးမှာ စန္ဒရာဖ ဖြစ်သည်
  • အုန်းဘောင်လေးမင်းသမီး (ခ) ခဲခိုင် သိုခိုင်ဘွားသမီး အုန်းဘောင်လေးစော်ဘွား
  • ဗညားဒလသမီး ခင်နေယွန်း
  • ဗညားကျန်တော်သမီး ရှင်ကျန်ထာ
  • ဇင်မယ်မင်းသမီး ခင်နန်းစု (ခ) နှင့်ရွန်ဗွဲ
  • အင်ဘွားလော်ပန် တော်မောင်ကြင်သမီး ကိုရှမ်းပြည်မိုးခန်စော်ဘွား
  • သိုတော်ဖာဗီယန်သမီးကိုရှမ်းပြည်မိုးလားစော်ဘွား နှင့်ဗီယန်ဘွား
  • သိုတော်ဖာကြိုင်သမီးကိုရှမ်းပြည်မိုးလားစော်ဘွား ကြင်တပါတီ
  • ယိုးဒယားဘုရင်သမီး မဟင်ဒရာဒိရာ့ခ်ျ ဖိကြည်တ်ကြိင်ဒ ဘုရင်ဟောင်း မုဆိုးမ ကလေး မမွေးဘူး
  • စဝ်မန်အင်း စဝ်အင်းမိုးသမီး ကျိုင်းရုံးစော်ဘွား
  • သာဂရမြတ်ဆက်မင်းသလုံသစ်သမီး ခင်ထွေးနန်းဖြူ
  • သာဂရမြတ်ဆက်မင်းသလုံသစ်သမီး ခင်မစိန် နှင်းမြင့်
  • ခင်နန်းယုပန်ရှင် ရန်အောင်မင်းရဲသမီး ရေနံညောင်မြို့စား
  • စစ်ကိုင်းသရက်စည်သူသမီး စောမင်းညီတ်
  • သိင်္ဂိုမင်းသမီး စင်္ဂိုရဇ်၊ သိင်္ဂိုဘုရင်ကာရာလီဗန်ဒိရာ၏သမီး သူမအာရကန်ကို ပို့တယ်
  • စည်လော်ဖိုးမ် သိုဟိုင်ပေါင်မိုးငမ်းသမီး နောင်စပ်စော်ဘွား
  • စည်ရိုနိုး၊ နောင်စပ်စော်ဘွားသမီး သိုဟိုင်ပေါင်မိုးငမ်း[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မှန်နန်းရာဇဝင် အတွဲ (၃)၊ ၂၀၀၃
  2. မဟာ ရာဇဝင်တော်ကြီး၊ ဘားဂရာ ဗိမာန်တော် မော်ကွန်းတိုက်၊ ငါးဆူဒါယကာမင်း အာမဘွန် ရာဇဝင်၊ တောင်ငူရာဇဝင်