နဂါးနိုင်ဓါး (သိုင်းဝတ္ထု)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နဂါးနိုင်ဓါး (倚天屠龍記) သိုင်းဝတ္ထုသည် သမိုင်းအဖြစ်အပျက်များကို ထည့်သွင်းရေးသားလေ့ရှိသည့် တရုတ်စာရေးဆရာ ကျင်းယုံး (金庸) ၏ နာမည်ကျော် သိုင်းဝတ္ထုများအနက် တစ်ပုဒ်ဖြစ်သည်။ ကျင်းယုံး၏ ငှက်ပစ်လေးသမား သုံးပိုင်းတွဲ (射鵰三部曲) ဝတ္ထုမှ နောက်ဆုံးတစ်ပုဒ်လည်း ဖြစ်သည်။ ကျင်းယုံးသည် ‘နဂါးနိုင်ဓါး’ အား ၁၉၆၁ ခုနှစ်တွင် ဟောင်ကောင် မင်ပေါက်သတင်းစာတွင် အခန်းဆက် ဝတ္ထုရှည်အဖြစ် ပထမဦးဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ တက္ကသိုလ် နေလင်းအောင်မှ မြန်မာဘာသာပြန်ထားသည်။

ကျင်းယုံးသည် ၁၉၇၉ ခုနှစ်တွင် ယင်းဝတ္ထုကို ပြင်ဆင်ရေးသားခဲ့သည်။ စာဖတ်သူ အများစု ဖတ်ရသည်မှာ ပြင်ဆင်ပြီးသော ဝတ္ထုဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် အတွေးသစ်များနှင့် ထပ်မံ ပြင်ဆင်ရေးသားခဲ့ပြန်သည်။ ဇာတ်သိမ်းပိုင်းတွင်လည်း မူလကထက် ပိုမိုရှည်လျားသည်။ ဇာတ်လမ်းအချို့ကို ပြောင်းလဲထားသည်။ ‘ကျိုရန်ကျိန်းကျင်း’ ခေါ် ‘နေစကြာသိုင်းကျင့်စဉ်’ လျှို့ဝှက်သိုင်းကျမ်း၏ ဇစ်မြစ်ကိုလည်း ဖော်ပြထားသည်။ သို့သော် ကျင်းယုံး၏ အသစ်ပြန်ရေးမှုသည် စာဖတ်ပရိသတ် အတော်တော်များကို စိတ်ပျက်စေခဲ့သည်။

ကျင်းယုံးသည် ‘နဂါးနိုင်ဓါး’ ဝတ္ထုတွင် တရုတ်ပြည်၌ မွန်ဂိုများကြီးစိုးသည့် ယွမ်မင်းဆက်နှောင်းပိုင်းကာလကို ဇာတ်အိမ်တည်ထားသည်။ သူ၏အခြား သိုင်းဝတ္ထုများနည်းတူ ‘နဂါးနိုင်ဓါး’ ဝတ္ထုတွင် ယွမ်မင်းဆက်နောက်တွင် ပေါ်ထွန်းလာသည့် မင်မင်းဆက်အား တည်ထောင်သူ ကျူးယွမ်ကျန်း (朱元璋)၊ ထိုက်ကျီသိုင်းပညာကို ဖန်တီးတီထွင်ခဲ့သူ ကျန်းဆန်းဖုန်း (張三丰 ဝတ္ထုထဲတွင် ကျန်းဝူးကျိ၏ ဖခင်) စသည့် သမိုင်းဝင် ပုဂ္ဂိုလ်များကိုပါ ထည့်သွင်းရေးသား ထားသည်။ တရုတ်သမိုင်းတွင် ဖြစ်ပွားခဲ့သည့် ဟန်တရုတ်လူမျိုးနှင့် မွန်ဂိုလူမျိုးတို့အကြား ပဋိပက္ခသည်လည်း ‘နဂါးနိုင်ဓါး’ ၏ ဇာတ်လမ်း ကျောရိုးပင် ဖြစ်သည်။

အခြားဖတ်ရှုရန်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

ပြင်ပလင့်ခ်[ပြင်​ဆင်​ရန်​]