နဂါးဆေးလိပ်

ဝီကီပီးဒီးယား မှ
နဂါးဆေးလိပ်တိုက်

ကိုလိုနီခေတ်နှောင်းပိုင်းမှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်ဦးအထိ မန္တလေးမြို့မှ အထူးထင်ရှား ကျော်စောခဲ့သည့် နဂါးတံဆိပ် ဆေးပေါ့လိပ် တစ်မျိုးဖြစ်သည်။ ၁၉၃၈-ခုတွင် နဂါးဒေါ်ဦးနှင့် ခင်ပွန်း ဦးထွန်းချွန်တို့မှ စတင်တည်ထောင်ခဲ့သည်။ နဂါးရုပ် ဒီဇိုင်းကို ပန်းချီ ဦးခင်မောင်(ဘဏ်)က ရေးဆွဲခဲ့သည်။[၁] နဂါးဆေးပေါ့လိပ်သည် လက်နှင့်လိပ်သည့် ဆေးလိပ်ခုံများထဲတွင် ပထမဆုံး နိုင်ငံအနှံ့ ဖြန့်ချိနိုင်သူ ဖြစ်သည်။ ဆေးလိပ်ခုံပေါင်း(၂၇)ခုံ၊ ဆေးလိပ်သမ(၅၅၀၀)နှင့် တစ်နေ့ကို အလိပ်ရေ ၂၇သိန်းခွဲ လိပ်နိုင်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. နေထွတ်၏ မန္တလေး အဘိဓာန်
  2. (​ဘိုဘိုလန်းစင်)