နက်ဝေါ့ခ် အက်ဒမင်

ဝီကီပီးဒီးယား မှ

နက်ဝေါ့ခ် အက်ဒမင် တစ်ယောက်သည် နက်ဝေါ့ခ်ပိုင်းထိန်းသိမ်းရေး နှင့် သက်ဆိုင်ရာ ကွန်ပျူတာ ဟာ့ဒ်ဝဲလ်၊ ဆော့ဖ်ဝဲလ်ပိုင်းဆိုင်ရာများ အတွက် တာဝန်ရှိသူဖြစ်သည်။ နက်ဝေါ့ခ် အက်ဒမင်သည် များသောအားဖြင့် အဖွဲ့အစည်း တစ်ခု၏ နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းများတွင် အမြင့်ဆုံးဖြစ်သည့် အပြင် အသုံးပြုသူများနှင့် တိုက်ရိုက်ထိတွေ့ခြင်းလည်း ရှားပါးသည်။ နက်ဝေါ့ခ် အက်ဒမင်သည် နက်ဝေါ့ခ်အခြေအနေ၊ ဆာဗာပိုင်းအခြေအနေ၊ လုံခြုံရေးနှင့် ကုမ္ပဏီ၏ LAN/WAN ပိုင်းများကို စောင့်ကြည့်ရသည်။ ကုမ္ပဏီများ ပေါ်မူတည်၍ နက်ဝေါ့ခ် အက်ဒမင်သည် နက်ဝေါ့ခ်များကိုလည်း ရေးဆွဲ၊ တပ်ဆင်နိုင်သည်။ နက်ဝေါ့ခ် အက်ဒမင်များ၏ အဓိကအပိုင်းသည် ကုမ္ပဏီတစ်ခုနှင့် တစ်ခုကိုလိုက်၍ ကွဲပြားသည်။ သို့သော် နက်ဝေါ့ခ် လိပ်စာလုပ်ငန်း၊ အိုင်ပီ ချိတ်ဆက်ခြင်း လုပ်ငန်းများမှာ တူညီလေ့ရှိသည်။ ၎င်းသည် တစ်ခါတစ်ရံတွင် သီးသန့် စက်များဖြစ်သော ဒရိုင်ဘာများ၊ တစ်ကိုယ်ရည် ကွန်ပျူတာ စက်ပိုင်းဆိုင်ရာများ၊ ပရင်တာများ စသည်တို့ဖြင့် နက်ဝေါ့ခ် ထိန်းသိမ်းခြင်းကို ပြုလုပ်ရသည်။

နက်ဝေါ့ခ် အက်ဒမင်များသည် နည်းပညာပိုင်းအားဖြင့် ဆာဗာများကို ထိန်းသိမ်းခြင်းနှင့် ကြီးကြပ်ခြင်းများ၊ ဒက်စတော့ ကွန်ပျူတာများ၊ ပရင်တာများ၊ ရောက်တာများ၊ ဖိုင်းယားဝေါများ၊ ဖုန်းများ၊ စမတ်ဖုန်းများ၊ ဆော့ဖ်ဝဲလ် ထုတ်လုပ်မှုများ၊ လုံခြုံရေး(နက်ဝေါ့ခ်ပိုင်း) စောင့်ကြည့်မှုများ၊ ဟာ့ဒ်ဝဲလ်နှင့် ဆော့ဖ်ဝဲလ် အပိုမူကြမ်း ပတ်ချ်များနှင့် ထိတွေ့ရသည်။

နက်ဝေါ့ခ် အက်ဒမင်များ အတွက် လေ့ကျင့်ခန်းများ နှင့် လက်မှတ်များ[ပြင်ဆင်ရန်]