ထားဝယ်မှိုင်း

ဝီကီပီးဒီးယား မှ
(ဓဝယ်မှိုင်း မှ ပြန်ညွှန်းထားသည်)
ထားဝယ်မှိုင်း
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Myrtales
မျိုးရင်း: Combretaceae
မျိုးစု: Combretum
မျိုးစိတ်:
C. indicum
ဒွိနာမ
Combretum indicum
(L.) DeFilipps
Synonyms

Quisqualis indica L.

ပုံသဏ္ဌာန် : အခက်အလက်များပြားသောနွယ်ပင်မျိုးဖြစ်သည်။ အရွက်မှာ အရင်း၌ အဝိုက်သေးငယ်ပြီး ထိပ်ချွန်သည်။ ပွင့်စတွင်ဖြူပြီး တဖြည်းဖြည်း ပန်းရင့်ရောင် ပြောင်းသွားသည်။ ပွင့်ချပ်ပြွန်ရှည်သည်။ အပွင့်မှာရနံ့သင်းသည်။ အသီးမှာသေးငယ်ပြီး အစေ့မှာ တစ်စေ့ သာရှိသည်။ အစေ့မှာ အနက်ရောင်ဖြစ်သည်။ အပင် နွယ်ပင် ကြီးမျိုး ဖြစ်သည်။ ပင်စည် အခေါက် အပွေး အနည်းငယ် ရှိ၍ ညိုဝါ ရောင် ရှိ၏ ။ အခက် အလက် များစွာ ဖြာ၏ ။ အရွက် ရွက်ဆိုင် နီးပါး ထွက်သည် ။ ရွက်ထိပ် ချွန့်သည် ။ ရွက်ရင်း အဝိုက် သေး ငယ်သည် ။ ရွက်ညှာ ရင်း မာသည်။ ရွက်နား ညီ၍ လှိုင်း တွန့် အနည်း ငယ်ရှိသည်။ အပွင့် အရောင် ပြောက်ကျား ရှိ၏ ။ ပွင့်စ ၌ အဖြူ ရောင် ရှိသော် လည်း တဖြည်း ဖြည်း နီရဲသော အရောင် သို့ ပြောင်းသွား ၏ ။ ပွင့်ညှာ တံရှည် သည်။ အနံ့ သင်း၏ ။ တပေါင်း လမှ ဝါဆို လ အထိ ပွင့်သည်။ အသီး သေးငယ်သည် ။ ထောင့် ၅ ခု ပါသည် ။ အစေ့ တစ်စေ့တည်းပါ၍ အနက်ရောင် ရှိသည် ။ နယုန်လ ၊ဝါဆိုလ တွင်သီး သည် ။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့ ၊ အရွက် ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ ပူအိုက် စွတ်စို သော ဒေသတွင် ပေါက်ရောက် သည်။ ပေါက်ရောက်ပုံ မြန်မာနိုင်ငံ အနှံ့ အပြား ၌ သဘာ၀ အလျောက် ပေါက်ရောက်သည်။ ဥယျာဉ် များ ၊ ပန်းခြံများ ၌ လည်း အလှ စိုက်ပျိုး ကြ၏ ။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်း များ အလိုအရ ထားဝယ်မှိုင်း သည် ခါးသက်သော အရသာ ရှိ ၏ ။ ဝမ်းကိုက် ရောဂါ ကို နိုင်၏ ။ အသုံးပြုပုံ- အစေ့ ၁ ။ ၎င်းအစေ့ ၂-၃ စေ့ကို ကြိတ်၍ ပျားရည်နှင့် ရောပြီး စားသုံးပါက သန်ကောင်များ သေကြေ ကျဆင်း လာမည်။ ၂ ။ အလွန် ပြင်းထန်စွာ ဖျားနာ လျက် ဝမ်းသွားသော အခါ အစေ့ကို ကြိတ်၍ စားခြင်း ဖြင့် ပျောက်ကင်း စေ၏ ။ အရွက် ၁ ။ ဝမ်းကိုက်သောအခါ (ချွဲသက်သက် ဖြစ်စေ ၊ သွေးစ သွေးန များဖြင့် ရောပြွမ်း ၍ ဖြစ်စေ) ၎င်း အရွက်ကို ရေနွေး ဖြော၍ သုပ်စားပါက ရက်အနည်းငယ် အတွင်း ပျောက်ကင်း၏ ။ ၂ ။ လေထိုး ခြင်း ၊အစာ မကြေခြင်း အတွက် ၎င်း အရွက် ကို ပြုတ်သောက် က ပျောက်ကင်း ၏ ။ [၁]

ထားဝယ်မှိုင်းပင်ကို ဆေးဘက်ဝင်အပင်အဖြစ်သိထားကြသည်။ ရနံ့သင်းပျံ့စွာမွှေးသော ထားဝယ်မှိုင်းပန်းများသည် အခြားပန်းများနှင့်မတူဘဲ တမူထူးခြားပါသည်။ ပန်းပွင့်သည် ပွင့်စတွင် အဖြူရောင်ဖြစ်ပြီး တစ်နေ့တည်းမှာပင် ပန်းရောင် သို့ပြောင်းလဲကာ နေ့မွန်းလွဲချိန်နှင့် ညနေခင်းမှာတော့ အနီရောင်အဖြစ်ပြောင်းလဲသွားသည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

ရုက္ခဗေဒအမည်မှာ Quisqualis Indica ဖြစ်သည်။ ထားဝယ်မှိုင်းပင်သည် နွယ်ပင်မျိုးဖြစ်ပြီး မြေဆီလွှာမရွေးပေါက်ရောက်နိုင်သည်။ နေရောင်ခြည်ကိုနှစ်သက်ပြီး အချို့သော အိမ်ခြံဝင်းများတွင် ဝါးဖြင့်ပြုလုပ်ထားသော ပန်းရုံများအပေါ်သို့ နွယ်တက်လျက်လှပစွာဖူးပွင့်နေသည်ကိုတွေ့ရသည်။ အချို့ကလည်း အိမ်ခြံစည်းရိုးအဖြစ်စိုက်ပျိုးကြသည်။ ရေအသင့်အတင့်လောင်းရန်သာလိုအပ်ပြီး ဆောင်းရာသီတွင် ရေအနည်းငယ်သာလောင်းရသည်။

မူလဇာတိ[ပြင်ဆင်ရန်]

ထားဝယ်မှိုင်းပင်၏ မူလဇာတိနေရာမှာ အာရှတိုက်နှင့် နယူးဂီနီဖြစ်ပြီး မြန်မာနိုင်ငံတွင် အများအပြားတွေ့ရှိရသည်။ ရန်ကုန်မြို့နှင့်အနီးတဝိုက်နေရာများတွင် အလေ့ကျပေါက်ပင်အဖြစ်တွေ့ရှိရသည်။ ထားဝယ်မှိုင်းပင်၏ အရွက်များသည် အစိမ်းရင့်ရောင်ရှိပြီးအရွက်တစ်ရွက်စီသည် ၃.၅ စင်တီမီတာမှ ၁၅ စင်တီမီတာအထိရှည်လျားပြီး ၁.၅ စင်တီမီတာမှ ၅.၅ စင်တီမီတာအထိ ကျယ်ပြန့်ပါသည်။ ကြီးထွားနှုန်းမြန်သည့် အပင်မျိုးဖြစ်ပြီး တစ်နှစ်အတွင်းမှာပင် ၁၅ ပေအထိ မြင့်မားပြီး ၁၀ပေ အကျယ်ထိ ကြီးပွားပါသည်။ အဆောက်အဦး နံရံများတွင် တွယ်ကပ်စိုက်ပျိုးထားလျှင် အင်မတန်လှသောအပင်ဖြစ်သည်။ ပွင့်ဖတ်လွှာ ၂ထပ် ပွင့်သော အပင်နှင့် ပွင့်ဖတ်လွှာ ၁ထပ်တည်း ပွင့်သောအပင်ဟူ၍ အပင် အမျိုးအစားနှစ်မျိုးရှိသည်။ ထားဝယ်မှိုင်းပန်း၏ ရနံ့သည် ညနေခင်းများနှင့် ညချမ်းအခါများမှာ ပို၍ မွှေးပျံ့ပါသည်။

ပေါက်ရောက်ပုံ[ပြင်ဆင်ရန်]

အသီးများသည် ရှည်မျောမျောသဏ္ဌာန်ရှိပြီး အနက်ရောင်ဖြစ်သည်။ အသီးတွင် အစေ့တစ်စေ့တည်းသာရှိသည်။ ထိုအစေ့မှ မျိုးပွားပါသည်။ အစေ့မှမျိုးပွားခြင်းအပြင် အမြစ်ကိုင်းကိုဖြတ်တောက်ပြီးနောက် အသစ်တဖန်စိုက်ပျိုးခြင်းဖြင့်လည်း အပင်အသစ်တစ်ပင်အဖြစ် မျိုးပွားယူနိုင်သည်။ ဆောင်းရာသီကဲ့သို့ အေးသောရာသီများတွင် ကြီးထွားမှုမရှိဘဲငြိမ်သက်နေတတ်သော်လည်း ပူနွေးသောရာသီဥတုများတွင်မူ ရှင်သန်ကြီးထွားနှုန်းမြန်ပြီး အပွင့်များလည်း များ⁠များပွင့်ပါသည်။

အသုံးဝင်ပုံ[ပြင်ဆင်ရန်]

ထားဝယ်မှိုင်းပင်၏ အစေ့နှင့်အရွက်သည် ဆေးဘက်ဝင်သည့်အတွက် လူတို့စားသုံးကြသည်။ ထားဝယ်မှိုင်းအရွက်နုလေးများကို ပြုတ်ပြီးသုပ်စားကြသည်။ အသီးသည် အရသာရှိပြီးဆေးဘက်ဝင်သည့် အစွမ်းသတ္တိကြောင့် လူတို့ နှစ်သက်စွာစားသုံးကြသည်။ ထားဝယ်မှိုင်းပင်သည် အပွင့်များအဆုပ်လိုက် အခဲလိုက်ပွင့်ခြင်းကြောင့် စိုက်ပျိုးထားသူတို့၏ အိမ်ခြံဝင်းကိုလှပစေရုံမျှမကဘဲ ဆေးဘက်ဝင်သော် အသီးနှင့်အရွက်တို့ကြောင့် အကျိုးကျေးဇူးများလှသည့် အပင်မျိုးဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. http://arogyamonline.com/commodity/materials/?raw=121[လင့်ခ်သေ]