ဒီမိုကရေစီလမ်းပြမြေပုံ ၇ ချက်

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းပြမြေပုံ ၇ ချက် (တရားဝင်ခေါ်ဆို၊ Roadmap to Discipline-flourishing Democracy) ကို ဗိုလ်ချုပ်ကြီး ခင်ညွန့်မှ ၃၀ရက် ဩဂုတ်လ ၂၀၀၃၌ နိုင်ငံပိုင် မီဒီယာများသို့ ထုတ်ဖော်ကြေညာခဲ့သည်၊ ၎င်းတွင် မြန်မာနိုင်ငံသို့ ဒီမိုကရေစီလမ်းစဉ် ပြန်လည်ဖော်ဆောင်နိုင်ရန် အဆင့် ၇ ချက်ပါရှိသည်။.[၁]နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ အသိအမှတ်ပြုသည့် ထိုလမ်းပြမြေပုံသည်၊ ညောင်နှစ်ပင်၊ မော်ဘီမြို့၌ အမျိုးသားညီလာခံအား ပြန်လည်ကျင်းပရေးနှင့် အခြေခံဥပဒေရေးဆွဲရန်ဖြစ်သည်။ ထို့ပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကောက်ယူ၍ အခြေခံဥပဒေကို အတည်ပြုကာ၊ လွှတ်တော်သို့ အမတ်များရွေးကောက်တင်မြောက်၍ ပါလီမန်လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်ဖြစ်သည်။

လမ်းစဉ် ၇ ချက်[ပြင်ဆင်ရန်]

နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်အဆင့်ဆင့် [ မြန်မာနိုင်ငံ၏ ROAD MAP ]


ပထမအဆင့် - ၁၉၉၆ ခုနှစ်ကစတင်၍ ယာယီအားဖြင့် ဆိုင်းငံ့ထားလျက်ရှိသော အမျိုးသားညီလာခံကြီးကို ပြန်လည်ကျင်းပခြင်း။

ဒုတိယအဆင့် - အမျိုးသားညီလာခံကြီး အောင်မြင်စွာကျင်းပပြီးစီးသည့်အခါ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးအတွက် လိုအပ် သော ဆောင်ရွက်ဖွယ်ရာလုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်ခြင်း။

တတိယအဆင့် - အမျိုးသားညီလာခံကြီးကချမှတ်ပေးသော အခြေခံရမည့်မူများနှင့် အသေးစိတ် အခြေခံရမည့်မူများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ရေးဆွဲခြင်း။

စတုတ္ထအဆင့် - ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခြင်း။

ပဉ္စမအဆင့် - ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော်များ ဖွဲ့စည်းရေးအတွက် တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်း။

ဆဋ္ဌမအဆင့် - ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အစည်းအဝေးများ ကျင်းပခြင်း။

သတ္တမအဆင့် - လွှတ်တော်မှ ရွေးကောက်တင်မြှောက်သော နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်မှ ဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့် အာဏာပိုင် အဖွဲ့အစည်းများဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ခြင်း။

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 25 August 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 January 2013 တွင် ပြန်စစ်ပြီး။