ဒီမိုကရက်တစ်ပါတီ (မြန်မာ)

ဝီကီပီးဒီးယား မှ
ဒီမိုကရက်တစ်ပါတီ
အင်္ဂလိပ် အမည်Democratic Party (Myanmar)
နာယကဒေါ် သန်းသန်းနု [၁]
ဒုဥက္ကဋ္ဌဦးရဲထွန်း
အတွင်းရေးမှူးဒေါ်ချိုချိုကျော်ငြိမ်း
တည်ထောင်ခြင်း၁၉၈၈ (၁၉၈၈)
ဌာနချုပ်ပုဇွန်တောင်မြို့နယ်ရန်ကုန်မြို့
နိုင်ငံရေး သဘောတရားလစ်ဘရယ်ဒီမိုကရေစီ
မန္တလေးတိုင်းဒေသကြီး လွှတ်တော် အမတ်နေရာ
၁ / ၇၆
ဝက်ဘ်ဆိုဒ်
democraticmyanmar.com
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ဒီမိုကရက်တစ်ပါတီ (Democratic Party (Myanmar)) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေး သဘောတရားမှာ လစ်ဘရယ်ဒီမိုကရေစီ ဖြစ်သည်။[၂]ဦး သုဝေ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ယခင် ဝန်ကြီးချုပ်ဟောင်းများ၏သမီးများ ဖြစ်ကြသော ဒေါ် သန်းသန်းနု (ဦးနု၏သမီး)၊ ဒေါ်ချိုချိုကျော်ငြိမ်း (ဦးကျော်ငြိမ်း၏သမီး)၊ ဒေါ်နေရီဗဆွေ(ဦးဗဆွေ၏သမီး) တို့အပါအဝင် စုစုပေါင်း (၂၁) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေ ၂၀၂၂ခုနှစ် မေလ ၁၈ရက်တွင် ကွယ်လွန်ပြီးနောက် ပါတီ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ ဒေါ်သန်းသန်းနု သည် ဒီမိုကရက်တစ်ပါတီ( မြန်မာ) ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

အဆိုပါ ပါတီကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် (၃၀.၃.၂၀၁၀)နေ့တွင် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ (၂၉.၄.၂၀၁၀) နေ့တွင် ပါတီ တည်ထောင်ခွင့် ခွင့်ပြုမိန့် ရရှိခဲ့သည်။ ရန်ကုန်မြို့ပုဇွန်တောင်မြို့နယ်၊ အမှတ် (၆)၊ (၇) ရပ်ကွက်၊ ကွက်သစ်လမ်း တွင် ဒီမိုကရက်တစ်ပါတီဌာနချုပ် တည်ရှိသည်။ ရွေးကောက်ပွဲကော်မရှင်မှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို (၂၀-၅-၂၀၁၀) နေ့မှစပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ကို တရားဝင်အတည်ပြုပေးခဲ့သည်။ ပါတီမှတ်ပုံတင်အမှတ်မှာ (၆) ဖြစ်သည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ဝန်ကြီးချုပ်ဟောင်းဦးနု၏ သမီးဒေါ်သန်းသန်းနု ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌဖြစ်လာ
  2. about democraticmyanmar party
  3. ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း၊ စာမျက်နှာ (၃၄၇)