ဒီဇင်ဘာ ၁၉၇၇

ဝီကီပီးဒီးယား မှ
၁၉၇၇ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ

(၁) ရက်[ပြင်ဆင်ရန်]

တောင်အာဖရိကနိုင်ငံဝန်ကြီးချုပ် ဂျွန်ဗော်စတာ၏ အမျိုးသားပါတီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိသည်။

အီဂျစ်တနိုင်ငံတည်း အဇ္ဇရီယယ်နှင့်ညှိနှိုင်းဆွေးနွေးမှုကို ဆန့်ကျင်သည့် အာရပ်ခေါင်းဆောင်များသည် လစ်ဗျနိုင်ငံ၊ တရီပိုလီမြို့၌ ယနေ့ည တွေ့ဆုံဆွေးနွေးကြသည်။ ဆွေးနွေးရာတွင် လစ်ဗျခေါင်းဆောင် ကဒတ်ဖီး၊ ဆီးရီးယားသမ္မတ အာဆတ်၊ အယ်လဂျီရီးယားသမ္မတ ဗူမီဒီယင်၊ ပီအယ်အိုခေါင်းဆောင် အာရဖတ်၊ ပီအယ်အိုပြည်သူ့တပ်ဦးခေါင်းဆောင် ဒေါက်တာ ဂျော့ဟာဗက်တို့ ပါဝင်သည်။ တရားဝင်ဆွေးနွေးပွဲကို နောက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြသည်။

၁၉၇၅-၇၆ ခုနှစ် အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မီတီသည် ၁၉၇၆ ခုနှစ်အတွက် ဝတ္ထုတိုပေါင်းချုပ်ဆုတွင် မင်းကျော်အဖြူကိုမည်သူအနက်ဆိုးသနည်း စာအုပ်နှင့် ကလေးစာပေဆုတွင် သိပ္ပံစိုးမြင့်နိုင်၏ သားသားလေးအတွက်လက်ဆောင် စာအုပ်ကို ဆုအဖြစ်ရွေးချယ်ကြောင်းနှင့် ရွေးချယ်ခြင်းခံရသောစာအုပ်များကို ပြုစုသူစာပေပညာရှင်များအား တဦးလျှင် ဆုငွေ ၅၀၀၀ ကျပ်စီ ချီးမြှင့်ဂုဏ်ပြုမည်ဖြစ်ကြောင်း ကြေညာသည်။

(၂) ရက်[ပြင်ဆင်ရန်]

လောပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသားနေ့ဖြစ်သည်။

အီဂျစ်သမ္မတ အန္နဝါဆဒတ်၏ အဇ္ဇရီယယ်နိုင်ငံခရီးကို ဆန့်ကျင်သော အာရပ်ညီလာခံ၏ ပထမအကြိမ် တရားဝင်အစည်းအဝေးတွင် အီဂျစ်နိုင်ငံအား သံတမန်ရေးရာနှင့် စီးပွားရေးအရ လုံးဝသပိတ်မှောက်ရန် ပယ်လက်စတိုင်လွတ်မြောက်ရေးအဖွဲ့နှင့် အီရတ်ကိုယ်စားလှယ်တို့က တိုက်တွန်းပြောကြားသည်။

နိုင်ငံတကာကလေးများနှစ်အဖြစ် ၁၉၇၉ ခုနှစ်ကို သတ်မှတ်ကြေညာချက်ကို ကြိုဆိုထောက်ခံကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ ဒုတိယကော်မီတီက တညီတညွတ်တည်း ဆုံးဖြတ်သည်။

ရခိုင်ရိုးမ သစ်တောဖွံ့ဖြိုးစီမံချက်အရ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ မြန်မာနိုင်ငံ သစ်လုပ်ငန်းကော်ပိုရေးရှင်းသို့ ကောင်းကင်ကြိုးဖြင့် သစ်ထုတ်လုပ်မှုလုပ်ငန်းအတွက် ငွေကြေး၊ စက်ပစ္စည်းနှင့် ကျွမ်းကျင်မှုအကူအညီများပေးအပ်သည့် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲနှင့် စာချုပ်များလဲလှယ်ပွဲအခမ်းအနားကို သစ်လုပ်ငန်းကော်ပိုရေးရှင်းရုံးချုပ် အစည်းအဝေးခန်းမတွင် ကျင်းပသည်။

(၃) ရက်[ပြင်ဆင်ရန်]

အာကာသပြင်ပတွင် အသိဉာဏ်ရှိသော သက်ရှိဘဝရှိနေသည် ဆိုသောအချက်သည် ဖြစ်နိုင်ကြောင်း အမေရိကန် နက္ခတ္တရူပဗေဒပညာရှင် သောမတ်မိုဖက်က ပြောသည်။

ဗင်္ဂလားဒေ့ရှနိုင်ငံတွင် အဝါမီတရားမျှတရေးပါတီဟု အမည်ပေးထားသည့် နိုင်ငံရေးပါတီသစ်တရပ်ဖွဲ့စည်းခြင်းကို ထောက်ခံအားပေးကြောင်း ဗင်္ဂလားဒေ့ရှသမ္မတ ဗိုလ်ချုပ်ကြီး ဂျီယာအူးရ်ရာမန်က ပြောဆိုသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီးနှင့် နိုင်ငံတော်သမ္မတကြီး ဦးနေဝင်းနှင့်အဖွဲ့ တိုက်ကြီးမြို့နယ် စပါးအထူးအထွက်တိုးလက်စားလိုက်ကောက်ရိတ်သိမ်းပွဲသို့ လှည့်လည်ကြည့်ရှုအားပေးသည်။

(၄) ရက်[ပြင်ဆင်ရန်]

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ ၅၇ ကြိမ်မြောက် အမျိုးသားနေ့ဖြစ်သည်။

ရိုဒီးဇီးယားတွင် လူတကိုယ်မဲတမဲစနစ်ဖြင့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲလုပ်ရေးကို ရိုဒီးဇီးယားအမျိုးသားရေးခေါင်းဆောင် စီတိုလီနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေဗစ်အိုဝင်တို့ ညှိနှိုင်းသဘောတူကြသည်။

အီဂျစ်သမ္မတ ဆဒတ်၏ အရှေ့အလယ်ပိုင်းပဋိပက္ခဖြေရှင်းရေးဦးဆောင်မှုများကို တုံ့ပြန်ချက်တရပ်အဖြစ် အာရပ်တင်းမာသောအုပ်စုထိပ်သီးညီလာခံတွင် ပါဝင်တက်ရောက်လျက်ရှိသော ပယ်လက်စတိုင်ခေါင်းဆောင်များက အချက် ၆ ချက်ပါသော ရပ်တည်ချက်တရပ်ကို ထုတ်ပြန်ကြေညာသည်။

(၅) ရက်[ပြင်ဆင်ရန်]

အနုမြူလက်နက်စမ်းသပ်မှုအားလုံးကို တားမြစ်ပိတ်ပင်ရေးနှင့်ပတ်သက်၍ အမေရိကန်၊ ရုရှနှင့် ဗြိတိန်နိုင်ငံတို့သည် ဂျီနီဗာမြို့၌ ပြန်လည်ဆွေးနွေးကြသည်။

အီဂျစ်နိုင်ငံက ဆီးရီးယား၊ လစ်ဗျ၊ အယ်လဂျီးရီးယား၊ အီရတ်၊ တောင်ယေမင်နိုင်ငံတို့နှင့် သံအဆက်အသွယ်ဖြတ်လိုက်သည်။

အီဂျစ်အစိုးရနှင့် သံတမန်ဆက်သွယ်မှု ခေတ္တရပ်ထားခြင်းနှင့် စစ်ဌာနချုပ်သစ်တရပ်ထူထောင်ရေးစာချုပ်တရပ်ကို အယ်လဂျီးရီးယား၊ လစ်ဗျ၊ ဆီးရီးယားနှင့် တောင်ယေမင်နိုင်ငံတို့နှင့် ပယ်လက်စတိုင်လွတ်မြောက်ရေးအဖွဲ့ (ပီအယ်အို) တို့ သဘောတူလက်မှတ်ရေးထိုးကြသည်။

ကိုလံဗိုစီမံကိန်းဝင် ၂၃ နိုင်ငံ၏ ဝန်ကြီးအဆင့်အစည်းအဝေးကို နီပေါနိုင်ငံ၊ ခေတ္တမန္ဒူမြို့၌ ကျင်းပရာ နီပေါဘုရင် ဗီရိန္ဒရာက ဖွင့်ပေးလိုက်သည်။

(၆) ရက်[ပြင်ဆင်ရန်]

မဟာဗျူဟာလက်နက်ကန့်သတ်ရေး (ဆော့) သဘောတူစာချုပ်သစ်တရပ်ချုပ်ဆိုရေးနှင့်စပ်လျဉ်း၍ အမေရိကန်နှင့်ရုရှတို့ ၂၁၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးကြသည်။

အမေရိကန်နှင့်ရုရှတို့သည် အိန္ဒိယသမုဒ္ဒရာတွင် ရေတပ်လှုပ်ရှားမှုများကန့်သတ်ရေးအတွက် တတိယအကြိမ်ဆွေးနွေးပွဲကို ဗန်းမြို့၌ စတင်ကျင်းပသည်။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးလှအေးခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စများကို ညှိနှိုင်းဆွေးနွေးရန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ ရောက်ရှိကြသည်။

(၇) ရက်[ပြင်ဆင်ရန်]

ရုရှနှင့်မဟာဗျူဟာလက်နက်ကန့်သတ်ရေးဆွေးနွေးပွဲ (ဆော့ အဆင့် ၂) သဘောတူစာချုပ် တစိတ်တဒေသအဖြစ်လျှော့ချရန်စီစဉ်ထားကြောင်း ကာကွယ်ရေးဝန်ကြီး ဗရောင်းက ပြောကြားသည်။

အီဂျစ်နိုင်ငံရှိ ရုရှနှင့်အရှေ့ဥရောပနိုင်ငံများ၏ ယဉ်ကျေးမှုဌာနများနှင့် ကောင်စစ်ဝန်ရုံးများကို အီဂျစ်သမ္မတ၏ အဇ္ဇရီယယ်နှင့်ငြိမ်းချမ်းရေးဆောင်ရွက်မှုကို ဆန့်ကျင်လှုံ့ဆော်ရန် အသုံးချနေသည်ဟုဆိုကာ ပိတ်လိုက်ကြောင်း အီဂျစ်က ကြေညာသည်။

(၈) ရက်[ပြင်ဆင်ရန်]

အရှေ့တောင်အာရှနိုင်ငံများအသင်း (အေစီယင်) က ဆောင်ရွက်ရန်ရှိသည့် ဒေသဆိုင်ရာစီမံကိန်းလုပ်ငန်းကြီး ၅ ခုနှင့်ပတ်သက်၍ မေတ္တာရပ်ခံလျှင် အကူအညီတောင်းခံမှုမှန်သမျှကို စဉ်းစားလိမ့်မည်ဖြစ်ကြောင်း ဥရောပဘုံဈေးအဖွဲ့က ဆိုသည်။

အမေရိကန်နိုင်ငံနယူးဂျာစီပြည်နယ်၊ ဗရောင်းဗေးအရပ်ရှိ ဒီဗိုရာ နှလုံးနှင့်အဆုတ်ရောဂါကုဆေးရုံမှ ဆရာဝန်ကြီးများက အသက် ၁၀ နှစ်အရွယ် ပါကစ္စတန်အမျိုးသမီး ရှကီလာရာဇတ်၏ နှလုံးသွေးစီးဆင်းမှုကိုထိန်းသိမ်းပေးသော လက်ဝဲဘက်အဆို့ရှင်ကို ဝက်တကောင်၏အဆို့ရှင်ဖြင့် အောင်မြင်စွာ အစားထိုးကုသပေးလိုက်သည်။

လမ်းစဉ်ပါတီဥက္ကဋ္ဌကြီးနှင့် နိုင်ငံတော်သမ္မတကြီး ဦးနေဝင်းသည် ရွှေဘိုမြို့နယ် စပါးအထူးအထွက်တိုးစီမံကိန်းဝင် ဘုန်းဘွဲ့၊ ဇီးတော၊ တဂဏန်းနှင့် သပြေသာကျေးရွာတို့ရှိ တောင်သူလယ်သမားတို့၏ လက်စားလိုက်စပါးရိတ်သိမ်းပွဲသို့ သွားရောက်အားပေးသည်။

မြန်မာနိုင်ငံရှိ ကျောက်ရောဂါပပျောက်ကြောင်းသတင်းကောင်းကို သိရ၍ ဝမ်းမြောက်ကြောင်းဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်က ကြေးနန်းပေးပို့သည်။

(၉) ရက်[ပြင်ဆင်ရန်]

၁၉၆၉ ခုနှစ်မှစ၍ လေယာဉ်အပိုင်စီးရန်ကြံစည်သည့်အကြိမ်ပေါင်း ၃၉၂ ကြိမ် ရှိသည့်အနက် ၂၁၁ ကြိမ် အောင်မြင်ခဲ့သည်ဟု နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း (အိုင်အေတီအေ) မှ အရာရှိတဦးက ပြောကြားသည်။

အမေရိကန်နှင့်ရုရှားအကြား မဟာဗျူဟာလက်နက်ကန့်သတ်ရေး (ဆော့) ၏ ၂၁၈ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ကျင်းပသည်။

(၁၀) ရက်[ပြင်ဆင်ရန်]


(၁၁) ရက်[ပြင်ဆင်ရန်]


(၁၂) ရက်[ပြင်ဆင်ရန်]


(၁၃) ရက်[ပြင်ဆင်ရန်]


(၁၄) ရက်[ပြင်ဆင်ရန်]


(၁၅) ရက်[ပြင်ဆင်ရန်]


(၁၆) ရက်[ပြင်ဆင်ရန်]


(၁၇) ရက်[ပြင်ဆင်ရန်]


(၁၈) ရက်[ပြင်ဆင်ရန်]


(၁၉) ရက်[ပြင်ဆင်ရန်]


(၂၀) ရက်[ပြင်ဆင်ရန်]


(၂၁) ရက်[ပြင်ဆင်ရန်]


(၂၂) ရက်[ပြင်ဆင်ရန်]


(၂၃) ရက်[ပြင်ဆင်ရန်]


(၂၄) ရက်[ပြင်ဆင်ရန်]


(၂၅) ရက်[ပြင်ဆင်ရန်]


(၂၆) ရက်[ပြင်ဆင်ရန်]


(၂၇) ရက်[ပြင်ဆင်ရန်]


(၂၈) ရက်[ပြင်ဆင်ရန်]


(၂၉) ရက်[ပြင်ဆင်ရန်]


(၃၀) ရက်[ပြင်ဆင်ရန်]


(၃၁) ရက်[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]