ဒစ်ကင်း၊ ချားလ်စ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

[ပြင်​ဆင်​ရန်​] ဒစ်ကင်း၊ ချားလ်စ် (ခရစ် ၁၈၁၂ - ၁၈၇၀)

ချားလ်စ်ဒစ်ကင်း

ချားလ်စ်ဒစ်ကင်းသည် ကမ္ဘာတွင် ထင်ရှားသော အင်္ဂလိပ်ဝတ္ထုရေးဆရာကြီးတဦးဖြစ်သည်။ ဒစ်ကင်းသည် ကလေးဘဝတွင် ပင်ပန်းဆင်းရဲစွာ နေထိုင်ခဲ့ရ၍၊ ထိုအခါက သူ၏ကိုယ်တွေ့ အဖြစ်အပျက်များကို သူရေးသောဝတ္ထုများတွင် သရုပ်ဖော်ရာ၊ အလုပ်သမားလူတန်းစားတို့၏ ဘဝအခြေအနေကိုကောင်းစွာ ဖွဲ့နွဲ့နိုင်သဖြင့် သူ၏ ဝတ္ထုတို့သည် အနှံ့အပြား ကျော်ကြားလာခဲ့လေသည်။ ချားလ်စ်ဒစ်ကင်းသည် ၁၈၁၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပို့စမတ်မြို့အနီး လန်းပို့ရွာတွင် ဖွားမြင်သည်။ ချားလ်စ်ဒစ်ကင်းသည် ၁၈၁၂ ခုနှစ် ဖေဖော်ဝါရီလာ ၇ ရက်နေ့တွင် ပို့စမတ်မြို့အနီး လန်းပို့ရွာတွင် ဖွားမြင် သည်။ သူ၏မိခင်သည် ရေတပ်ဗိုလ်တဦး၏ သမီးဖြစ်၍ ဖခင်မှာမူ ရေတပ်လစာပေးရုံးတွင် စာရေးတယောက်ဖြစ်သည်။ သူ၏ဖခင်ဖြစ်သူ ဂျွန်ဒစ်ကင်းသည် ရရစားစားနေထိုင်တတ်သူ ဖြစ်ရာ ကြွေးလည်ပင်းခိုက်နေသဖြင့် နောက်ဆုံး၌ ထောင်ကျခဲ့လေသည်။ ဒစ်ကင်းသည် မိဖများမချောင်လည်သဖြင့် အရွယ်နှင့် မလိုက်အောင် အလုပ်ကြမ်းများကို လုပ်ကိုင်ရရှာသည်။ သူသည် ပုလင်းများလုပ်သော စက်ရုံတရုံတွင် တံဆိပ်ကပ်ရသော အလုပ်ကို တနှစ်ခန့် လုပ်ကိုင်ခဲ့သည်။ ယင်းသို့ မိမိအလုပ်လုပ်စဉ်က လူများနှင့် ပေါင်းသင်းဆက်ဆံရာ၌ တွေ့ကြုံခဲ့ရသော စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်တို့ကို ကောင်းစွာ မှတ်မိနေခဲ့ရာ နောင်ကြီးပြင်းလာသောအခါ ထိုကိုယ်တွေ့များသည် ဝတ္ထုရေးရာ၌ သူ့အား များစွာ အထောက်အပံ့ပြုခဲ့လေသည်။ ၄ နှစ်သားအရွယ်လောက်တွင် ဒစ်ကင်း၏ မိဘများသည် ချက်တမ်မြို့သို့ ပြောင်းရွှေ့နေထိုင်ကြသဖြင့် ဒစ်ကင်းလည်း ထိုမြို့ရှိ စာသင်ကျောင်းတကျောင်းတွင် ပညာသင်ကြားရသည်။ သို့သော် ဒစ်ကင်းအားအင်္ဂလိပ်စာနှင့် လက်တင်စာကို ရှေးဦးစွာ သင်ပေးခဲ့သူမှာ သူ၏ မိခင်ပင်ဖြစ်သည်။ ဒစ်ကင်းသည် ကျောင်းမှထွက်သောအခါ ရှေ့နေတဦးထံတွင် အလုပ်ဝင်လုပ်သည်။ ယင်းသို့ အလုပ်လုပ်ယင်းနှင့်ပင် အားလပ်ချိန်များတွင် လက်ရေးတိုရေးခြင်းကို လေ့ကျင့်ခဲ့သည်။ ထိုနောက် အသက် ၁၉ နှစ်တွင် အောက်လွှတ်တော်၌ သတင်းထောက်အလုပ်ကို ရရှိသည်။ ထိုအချိန်မှစ၍ ဒစ်ကင်းသည် ဝါသနာအလျောက် ဆောင်းပါးအတိုအထွာကလေးများကို ရေးသားပြီးလျှင် မဂ္ဂဇင်းတိုက် သတင်းစာတိုက်များသို့ ပေးပို့လေသည်။ ဒစ်ကင်းသည် ဆောင်းပါးများတွင် ထိုခေတ်က လန်ဒန်မြို့၌ နေ့စဉ်တွေ့မြင်ရသော အဖြစ်အပျက် ကလေးများကို သရုပ်ဖော်ထားရာ ထိုဆောင်းပါးတို့ကို လွန်စွာလူကြိုက်များသဖြင့် ပုံနှိပ်ထုတ်ဝေသူများက ဒစ်ကင်းအား အလားတူ ဆောင်းပါးဝတ္ထုများကို ဆက်လက်၍ ရေးသားပေးပို့ရန် တောင်းပန်ကြသည်။ ဒစ်ကင်းလည်း ၁၈၃၆ ခုနှစ်တွင် ‘ပစ်ဝစ်စာစဉ်’ ဟူသော အမည်ဖြင့် ဝတ္ထုတပုဒ်ကို လစဉ် အရစ်ကျ ထည့်သွင်းဖော်ပြခဲ့လေသည်။

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်