ဒဂုန်တာရာ၊ စာရေးဆရာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဒဂုန်တာရာ
{{{အမည်}}}
ကိုယ်ရေး အချက်အလက်
အမည်​ရင်း ဦးဌေးမြိုင်
လူမျိုး ဗမာ
နိုင်ငံသား Flag of Myanmar.svg မြန်မာ
ဘာသာ ဗုဒ္ဓဘာသာ
လူသိများခြင်း [[မြန်မာ့သမိုင်းဆိုင်ရာတွင် အားကိုးလောက်သော ကျမ်းများကို အင်္ဂလိပ်၊ မြန်မာဘာသာများဖြင့် ပြုစုခဲ့၊ ရာထူးစည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိဘဲ ပညာရှင် ပီသစွာ ရပ်တည်မှုကြောင့် အထူးကျော်ကြား]]
ကလောင် အမည် မြိုင်သဇင်မောင်နန်းနွယ်စောထွတ်ဦးတိုးမောင်လင်းထက်ဦးဒဂုန်ဗညား သီဟ
ရရှိခဲ့သော အထူးဆုများ စာပေဗိမာန် ဝတ္ထုတို ပေါင်းချုပ်ဆု၊ ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆု

ဆရာကြီး ဒဂုန် တာရာသည်ကျိုက်လတ်မြို့နယ် ထိုင်ကူမြစ်တန်းကျေးရွာ၌ မွေးဖွားသည်။ ငယ်စဉ်က ပန်းချီ ဂီတ ကဗျာ လကာ တို့၌ ဝါသနာပါသည်။ ၁၄နှစ်သားအရွယ်က ရတု လူးတား ဧချင်း တေးထပ် စသော ရှေးရေးကဗျာများကို ဒဂုန်မဂ္ဂဇင်း၌ စတင် ရေးသားသည်။

ဆရာကြီး သည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာ မြန်မာ စာသင် ကျောင်းတွင် ပညာ သင်ကြားသည်။ ထို့နောက် ကျိုက်လတ် အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ် ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာ ဆက်လက် သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်း အောင်သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်ကြား ခဲ့သည်။ [၁]

ကိုယ်ရေး ဖြစ်စဉ်[ပြင်​ဆင်​ရန်​]

ဆရာကြီး ဒဂုန် တာရာသည် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စားလှယ်၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာ နိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ တာဝန် များကို ဆောင်ရွက် ခဲ့သည်။ စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဗိုလ်မှူးဖိုးကွန်း၊ကိုဗဟိန်း၊ ဦးဗဆွေ၊ မြို့မ-ဦးသန်းကြွယ် ( ပင်လုံစာချုပ်) တို့နှင့် ရင်းနှီးသည်။ [၂][၃] ထို့အပြင် ဆရာကြီး ဒဂုန် တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာ ဆရာ သမဂ္ဂ ဥက္ကဋ္ဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်

ဆရာကြီးသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသား ခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည် ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ လတွင် တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသည်။ ထို့အပြင် စာပေသစ် မဂ္ဂဇင်း ကိုလည်း စတင် ထုတ်ဝေပြီး ယင်း မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ တချိန်တည်းတွင် ဂန္ထဝင် ဂျာနယ် အယ်ဒီတာ အလုပ် ကိုလည်း လုပ်ကိုင်သည်။

၁၉၇၄ ခုနှစ် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင် အမည် အမျိုးမျိုးဖြင့် စာပေ၊ ကဗျာ၊ ပန်းချီ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာနှင့် စာပေဝေဖန်ရေး၊ လူကိုလေ့လာခြင်း၊ အကဲခတ်စာတမ်းများလည်း ရေးခဲ့သည်။ စပယ်ဦးဖြင့် စာပေဗိမာန် ဝတ္ထုတို ပေါင်းချုပ် ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ် အတွက် ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆု ကိုလည်း ရရှိခဲ့သည်။

စာရေးဆရာ-ကဗျာဆရာကြီး ဒဂုန်တာရာ သည် ကလောမြို့တွင် အေးချမ်းစွာ နေထိုင်ရင်း စာပေများကို ရေးသား ပြုစုခဲ့သည်။ ရန်သူမရှိ မိတ်ဆွေသာရှိ အယူအဆဖြင့် လွတ်လပ်သော အတွေးအခေါ် ကိုင်စွဲသူ မြန်မာ စာပေလောကမှာ ကဗျာခေတ်တခုကို ထူထောင်နိုင်ခဲ့သူ စာရေးဆရာကြီး ဒဂုန်တာရာသည် (၁၉-၈-၂ဝ၁၃ ခုနှစ်) တနင်္လာနေ့ နေ့လည်တွင် အောင်ပန်းမြို့ နေအိမ်တွင် လူကြီးရောဂါနှင့် ကွယ်လွန် သွားပြီဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ (a personal letter of sympathy condolence ) နှင့် နာရေးကူညီငွေ ၂ဝဝဝဝဝ ကျပ် ပေးပို့လှူဒါန်းခဲ့သည်။ [၄][၅][၆]အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည်လည်း လွမ်းသူ့ပန်းခြင်း ( sympathy condolence basket) ပေးပို့ခဲ့သည်။ [၇]ရှမ်းပြည်နယ် ဝန်ကြီးချုပ် က နာရေးကူညီငွေ ၁ဝဝဝဝဝ ကျပ် ပေးပို့လှူဒါန်းခဲ့သည်။ [၈] ဆရာကြီး သည် မြန်မာ ကဗျာလောကမှာ ခေတ်တခေတ်ကို ထူထောင်နိုင်ခဲ့သလို နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်တဲ့နည်းဆိုပြီး ငြိမ်းချမ်းရေး လမ်းစဉ် ကိုင်စွဲသူအဖြစ် စာပေ လောကမှာရော နိုင်ငံရေး လောကမှာပါ သြဇာကြီးမားတဲ့ အကန်တော့ခံ ပညာရှင်ကြီးလည်းဖြစ်ပါသည်။[၉]

ဒဂုန်တာရာ ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်​ဆင်​ရန်​]

  1. ကြာပန်းရေစင် - ၁၉၆၃ ခုနှစ်
  2. ကြာရိပ်ပန်းနု - ၁၉၉၃ ခုနှစ်
  3. စံပယ်ဦး - ၁၉၆၁ ခုနှစ်
  4. စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါ ကားလိပ် - ၁၉၇၄ ခုနှစ်
  5. စာပေ သဘော တရား၊ စာပေ ဝေဖန်ရေး၊ စာပေ လှုပ်ရှားမှု - ၁၉၇၆ ခုနှစ်
  6. စန္ဒရား ဆရာ သို့မဟုတ် မဟာ အချစ် - ၁၉၉၅ ခုနှစ်
  7. စိမ်းမြ ဧရာ - ၁၉၉၄ ခုနှစ်
  8. တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်း
  9. ဒဂုန်တာရာနှင့် သူ၏ ကဗျာ - ၁၉၆၇ ခုနှစ်
  10. ဒဂုန် တာရာ ဝတ္ထုတို ပေါင်းချုပ် - ၁၉၆၉ ခုနှစ်
  11. ဒဂုန် တာရာ၏ ဒဂုန်တာရာ - ၁၉၅ဝ ပြည့်နှစ်
  12. တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ - ၁၉၇၉ ခုနှစ်
  13. ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ - ၁၉၉၇ ခုနှစ်
  14. မာယာ - ၁၉၉၁ ခုနှစ်
  15. မူးယစ်ဝေသော နွေဦးညများ - ၁၉၆၈ ခုနှစ်
  16. မေ - ၁၉၇၄ ခုနှစ်
  17. ရုပ်ပုံလွှာ - ၁၉၅၅ ခုနှစ်
  18. လရောင် ရွှန်းမြသော ညတည - ၁၉၆၄ ခုနှစ်
  19. လရောင် ရွှန်းမြသော ညတညနှင့် အခြား ဝတ္ထုရှည် - ၁၉၉၅ ခုနှစ်
  20. သဇင် သင်းပြန်တော့ - ၁၉၇၄ ခုနှစ်
  21. သုနာပရန္ဈ - ၁၉၉၅ ခုနှစ်
  22. အလင်္ကာ ကဗျာ ပေါင်းချုပ် - ၁၉၆၂ ခုနှစ်
  23. အိပ်မက် အပြင်ကလူ - ၁၉၉၆ ခုနှစ်
  24. အယ်ဒီတာ စားပွဲ၊ စာပေ အနုပညာ ဝေဖန်ရေးနှင့် ပန်နုရောင်အို - ၁၉၇၁ ခုနှစ်
  25. ဧရာဝတီ ယန်စီ ဗော်လဂါ - ၁၉၇၂ ခုနှစ်

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ်က "ဒဂုန်တာရာ (၁၉၁၉) - 'ပညာရွှေတောင် စာအုပ်တိုက် ကနေ ၂ဝဝ၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့
  2. http://my.wikipedia.org/wiki/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%86%E1%80%94%E1%80%BA%E1%80%B8
  3. http://www.mizzima.com/opinion/interviews/5248-may-our-freedom-struggle-succeed
  4. http://www.bbc.co.uk/burmese/burma/2013/08/130821_dagontaryar_funeral.shtml
  5. https://www.facebook.com/hmuu.zaw.forum
  6. http://yangonmedia.com/index.php/2013-05-23-06-37-41/item/821-%E1%80%86%E1%80%9B%E1%80%AC%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%92%E1%80%82%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AC%E1%80%9B%E1%80%AC-%E1%80%99%E1%80%AD%E1%80%9E%E1%80%AC%E1%80%B8%E1%80%85%E1%80%AF%E1%80%91%E1%80%B6-%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%90%E1%80%A6%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%85%E1%80%AD%E1%80%94%E1%80%BA-%E1%80%9D%E1%80%99%E1%80%BA%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8-%E1%80%9E%E1%80%9D%E1%80%8F%E1%80%BA%E1%80%9C%E1%80%BD%E1%80%BE%E1%80%AC%E1%80%95%E1%80%AD%E1%80%AF%E1%80%B7
  7. http://www.youtube.com/watch?v=pRktzWYz4U4
  8. http://www.myanmarexpress.net/2013/08/blog-post_8724.html
  9. http://www.bbc.co.uk/burmese/burma/2013/08/130819_dagon_taryar.shtml