ထုတ်လုပ်မှု

ဝီကီပီးဒီးယား မှ
ထုတ်လုပ်ခြင်း သံသရာစက်ဝိုင်း

ထုတ်လုပ်မှု (သို့) ထုတ်လုပ်ခြင်းသည် ပစ္စည်း၊ စက်ကိရိယာ၊ နှင့် အလုပ်သမားများကို အသုံးပြု၍ အရာဝတ္ထုများအား ပြုလုပ်ရန် သို့မဟုတ် ရောင်းချရန် သို့မဟုတ် အသုံးပြုရန် အတွက်သုံးနှုံးသည်။ ရှေးယခင်က လူသားတို့သည် လက်ဖြင့် ပြုလုပ်လာခဲ့ရာမှ ယနေ့ခေတ်တွင် အဆင့်မြင့် နည်းပညာများ၊ ကွန်ပျူတာ နည်းပညာများအထိတိုးတက်၍ ကုန်ပစ္စည်းများအား ထုတ်လုပ်လာနိုင်ခြင်းကို ရည်ညွှန်း ပြောဆိုခြင်းဖြစ်သည်။ ၎င်းစကားစုသည် ယေဘုယျအားဖြင့် စက်မှုလက်မှု ထုတ်ကုန်လုပ်ငန်းများအတွက်လည်း ခေါ်ဆိုအသုံးပြုနိုင်သည်။ စက်မှုလက်မှု ထုတ်ကုန်လုပ်ငန်းဆိုသည်မှာ ကုန်ကြမ်းများမှ အကောင်းဆုံးသောအဆင့်မြင့် ကုန်ချောအဖြစ်ထိ ရောက်ရှိလာစေရန် ပြုလုပ်ခြင်းကို ဆိုလိုသည်။ ဥပမာအနေဖြင့် အုန်းသီး၏အခွံများမှ ခြေသုတ်ခုံ ကဲ့သို့သော၊ ကြိုး ကဲ့သို့သော အိမ်သုံးကုန်ပစ္စည်းများ အဖြစ်ထိ ရောက်ရှိလာအောင် လက်အားဖြင့်သော်လည်းကောင်း၊ စက်အားဖြင့်သော်လည်းကောင်း ပြုလုပ်ပြီး ကုန်တိုက်များတွင် သိုလှောင်ခြင်း၊ ထိုမှတဆင့် လက်လီ၊ လက်ကားရောင်းချနိုင်သော ကုန်သည်ကြီးများထံသို့ ရောင်းချခြင်း၊ ၎င်းကုန်သည်ကြီးများမှ တဆင့် နောက်ဆုံးအနေဖြင့် ဝယ်ယူစားသုံးသော ပြည်သူများ၊ စားသုံးသူများထံ ရောက်အောင် ရောင်းချခြင်းများကို စက်မှုလက်မှု ထုပ်ကုန်လုပ်ငန်းဟုခေါ်သည်။

ကိုးကား[ပြင်ဆင်ရန်]