ထိုင်ပေ အပြည်ပြည်ဆိုင်ရာ ကွန်ပြူတာ ပြပွဲ

From Wikipedia

COMPUTEX 2008 ဖွင့်ပွဲ အခမ်းအနား

ထိုင်ပေ အပြည်ပြည်ဆိုင်ရာ ကွန်ပြူတာ ပြပွဲTaipei International Information Technology Show၊ အတိုကောက်အားဖြင့် Computex Taipei)ကို ထိုင်ဝမ် (အာအိုစီ) စီးပွားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ဦးစီးဌာနနှင့် ထိုင်ပေမြို့နယ်အစိုးရတို့မှ ကြီးကြပ်ညွှန်ကြားကာ ထိုင်ဝမ်ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးရေး အစည်းအရုံးနှင့် ထိုင်ပေ ကွန်ပြူတာလုပ်ငန်းရှင်များ အသင်းတို့က ပူးပေါင်းကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပြပွဲတရပ်ဖြစ်သည်။

ကွန်ပြူတက်ထိုင်ပေကို ၁၉၈၂ ခုနှစ်တွင် ပထမအကြိမ် ကျင်းပခဲ့သည်။ ထိုစဉ်က ထိုင်ပေမြို့ ကွန်ပြူတာပြပွဲဟု ခေါ်တွင်ခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် အင်္ဂလိပ်အမည်များ COMPUTEX ဟု ကင်မွန်းတပ်ခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေး စင်တာ အဆောက်အဦး စတင်ဖွင့်လှစ် အသုံးပြုပြီးနောက် ၁၉၈၆ ခုနှစ်မှစ၍ ကွန်ပြူတက်ထိုင်ပေအား ယင်းစင်တာတွင် အတည်တကျ ကျင်းပလာခဲ့သည်။ ၁၉၈၉ ခုနှစ်၌ ကွန်ပြူတက်သည် အာရှတွင် အတိုင်းအတာ အကြီးမားဆုံ ကွန်ပြူတာ ပြပွဲဖြစ်လာသည်။

ပြပွဲအတိုင်းအတာ တနှစ်ထက်တစ်နှစ် ကြီးမားလာသည့်အလျောက် ၂၀၀၃ ခုနှစ်၌ ကွန်ပြူတက်သည် ကမ္ဘာတွင် ဒုတိယအကြီးမားဆုံးသော ပြပွဲဖြစ်လာသည်။ ၂၀၀၉ ခုနှစ်တွင်မူ ဂျာမနီနိုင်ငံ ပြပွဲကို ကျော်လွှားကာ ကမ္ဘာတွင် ပထမဖြစ်လာပါပြီ။

အ​ခြား​ဘာ​သာ​ဖြင့်​