ထိုင်ပေ အပြည်ပြည်ဆိုင်ရာ ကွန်ပြူတာ ပြပွဲ

ဝီကီပီးဒီးယား မှ
Computex Taipei
COMPUTEX expanded to TWTC Nangang in 2008.
အခြေအနေActive
အမျိုးအစားကွန်ပျူတာပြပွဲ
ကျင်းပရာနေရာထိုင်ပေ ကမ္ဘာ့ကုန်သွယ်ရေး စင်တာ (TWTC) ပြခန်း၊ နန်ကန်ပြခန်း
တည်နေရာထိုင်ပေမြို့
နိုင်ငံတရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်)
ပထမအကြိမ်1981
နောက်ဆုံးအကြိမ်2010
ကြီးမှူးကျင်းပသူထိုင်ဝမ် ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးရေးကောင်စီ၊ ထိုင်ပေ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း
ဝက်ဘ်ဆိုဒ်computextaipei.com.tw

ထိုင်ပေ အပြည်ပြည်ဆိုင်ရာ ကွန်ပျူတာ ပြပွဲTaipei International Information Technology Show၊ အတိုကောက်အားဖြင့် Computex Taipei)ကို ထိုင်ဝမ် (အာအိုစီ) စီးပွားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ဦးစီးဌာနနှင့် ထိုင်ပေမြို့နယ်အစိုးရတို့မှ ကြီးကြပ်ညွှန်ကြားကာ ထိုင်ဝမ် ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးရေးကောင်စီနှင့် ထိုင်ပေ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းတို့က ပူးပေါင်းကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပြပွဲတရပ်ဖြစ်သည်။

ကွန်ပျူတက်ထိုင်ပေကို ၁၉၈၂ ခုနှစ်တွင် ပထမအကြိမ် ကျင်းပခဲ့သည်။ ထိုစဉ်က ထိုင်ပေမြို့ ကွန်ပျူတာပြပွဲဟု ခေါ်တွင်ခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် အင်္ဂလိပ်အမည်များ COMPUTEX ဟု ကင်မွန်းတပ်ခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေး စင်တာ အဆောက်အဦး စတင်ဖွင့်လှစ် အသုံးပြုပြီးနောက် ၁၉၈၆ ခုနှစ်မှစ၍ ကွန်ပြူတက်ထိုင်ပေအား ယင်းစင်တာတွင် အတည်တကျ ကျင်းပလာခဲ့သည်။ ၁၉၈၉ ခုနှစ်၌ ကွန်ပျူတက်သည် အာရှတွင် အတိုင်းအတာ အကြီးမားဆုံ ကွန်ပျူတာ ပြပွဲဖြစ်လာသည်။

ပြပွဲအတိုင်းအတာ တနှစ်ထက်တစ်နှစ် ကြီးမားလာသည့်အလျောက် ၂၀၀၃ ခုနှစ်၌ ကွန်ပြူတက်သည် ကမ္ဘာတွင် ဒုတိယအကြီးမားဆုံးသော ပြပွဲဖြစ်လာသည်။