ထရန်စဗားနယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ထရန်စဗားနယ်[ပြင်​ဆင်​ရန်​]

ထရန်စဗားနယ်သည် တောင်အာဖရိက ပြည်ထောင်စုနယ် တွင် အပါအဝင်ဖြစ်၏။ ဗားမြစ်၏ တစ်ဘက်တွင် တည်ရှိ သည်ကိုအစွဲပြု၍ ထရန်စဗားဟုတွင်သည်။ ထိုနယ်၏ နယ် နိမိတ်မှာ မြောက်ဘက်တွင် လင်ပိုးပိုးမြစ်၊ အရှေ့ဘက်တွင် ပေါ်တူဂီပိုင် အရှေ့အာဖရိကတိုက်နယ်၊ တောင်ဘက်တွင် ဗား မြစ်၊ အနောက်ဘက်တွင် ဗာဆူးတိုလန်နှင့် ဗက်ချူအားနာလန် နယ်တို့ဖြစ်သည်။

ထရန်စဗားနယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၁ဝ၄၅ဝ မိုင်ရှိသည်။ လူဦးရေမှာ ၄၈ဝဝဝဝဝ ကျော်ရှိသည်။ နယ်တစ်ခုလုံးသည် ဗားမြစ်ဝှမ်းနှင့် လင်ပိုးပိုးမြစ်ဝှမ်းအကြား တွင် ရှိနေသော်လည်း၊ မြေပြင်မှာ အများအားဖြင့် ကုန်းမြင့်ဖြစ် လေသည်။ ထိုနယ်ရှိ ဒရက်ကင်စဗတ်တောင်တန်းမှာ ထင်ရှား သော တောင်တန်းဖြစ်သည်။

၁၈၃၄ ခုနှစ်တွင် ဗြိတိသျှတို့သည် ငွေဝယ်ကျွန်များကို လွှတ်၍၊ ကျွန်ကုန်ကူးရေးအလုပ်ကို ဖိနှိပ်ပိတ်ပင် လိုက်သော အခါ၊ ကိပ်ကိုလိုနီနယ်တွင်နေထိုင်သော ဒပ်ချလူမျိုး လယ် သမားများဖြစ်ကြသည့် ဗိုးဝါးတို့သည် မြောက်ပိုင်းသို့ တဖြည်း ဖြည်း တက်လာကြပြီးနောက်၊ ဩရိန်းမြစ်ကိုဖြတ်ကာ ထရန် စဗားနယ်တွင် အိုးအိမ် စိုက်ထူနေထိုင်ခဲ့ကြလေသည်။

ထိုအခါကနယ်အတွင်း၌လည်း တိုင်းရင်းသားလူမည်း များရှိရာ၊ ဗိုးဝါးတို့သည် ထိုတိုင်းရင်းသားလူမျိုးထဲမှ စွမ်းလွန်း တမန်ရှိသော ဇူးလူးလူမျိုးတို့နှင့် မကြာခဏ ခိုက်ရန်ဖြစ်ပွား သည့်ပြင် ဗြိတိသျှတို့နှင့်လည်း မသင့်မမြတ်ဖြစ်ခဲ့ကြလေသည်။

၁၈၇၇ ခုနှစ်တွင် ဗြိတိသျှတို့သည် ထရန်စဗားနယ်ကို ခေတ္တသိမ်းပိုက်ထားရာ၊ ၁၈၈၁ ခုနှစ်၌ ထရန်စဗားနယ်ရှိ ဗိုးဝါးတို့နှင့်စတင်၍ အချင်းများကြပြီးနောက် တိုက်ပွဲတွင် ဗြိတိသျှတို့ အရေးရှုံးနိမ့်လေသည်။ ထိုနောက် ထိုနယ်သည် လွတ်လပ်ခဲ့ပြီးလျှင် ဗြိတိသျှတို့၏ ထိန်းသိမ်းစောင့်ရှောက်မှုကို လက်ခံလာလေသည်။

သို့သော် ရွှေကံစမ်းရှာဖွေခွင့်နှင့်စပ်လျဉ်း၍ ဗိုးဝါးစစ်ပွဲကြီး သည် ၁၈၉၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက် နေ့တွင် စတင်ဖြစ်ပွားလေသည်။ ထိုစစ်ပွဲမှာ ၃ နှစ်မျှကြာ၍ နောက်ဆုံး စစ်ပြေငြိမ်းရေးစာချုပ်အရ ထရန်စဗားနယ်မှာ ဗြိတိသျှကိုလိုနီ နိုင်ငံတစ်ခု ဖြစ်လာလေသည်။

တိရစ္ဆာန်များ[ပြင်​ဆင်​ရန်​]

ထရန်စဗားနယ်သို့ လူဖြူများ ရှေးဦးစွာ ရောက်လာစဉ်က ခြင်္သေ့ဆင်ကျားသစ်သစ်ကုလားအုပ်မြင်းကျားနှင့်ကြံ့ များသည် တောကြီးတောင်ကြီးများထဲ၌၎င်း၊ ရေမြင်းနှင့် မိကျောင်းများသည် မြစ်ချောင်း အင်းအိုင်များထဲ၌၎င်း အလွန် ပေါများ၏။ သို့သော် ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် အတော် ပင်ယုတ် လျော့သွားကြလေသည်။

မြို့ကြီးများ[ပြင်​ဆင်​ရန်​]

ပရီတိုးရီးယားမြို့သည် ထရန်စဗားနယ်၏ မြို့တော်ဖြစ်၍၊ တောင်အာဖရိကပြည်ထောင်စု၏ ရုံးစိုက်ရာ အချက်အခြာ မြို့ဖြစ်၏။ အခြားမြို့ကြီးများမှာ ဂျိုဟန္နက်စဗတ်မြို့၊ ဗီနိုးနိုင်း မြို့၊ ကရူးဂါးစဒေါ့မြို့တို့ ဖြစ်ကြသည်။

တွင်းထွက်သတ္တုများ[ပြင်​ဆင်​ရန်​]

ထရန်စဗားနယ်သည် ကမ္ဘာပေါ်တွင် ရွှေထွက်ရာဗဟိုဌာန ဖြစ်သည်။ စိန်၊ ကျောက် မီးသွေး၊ ရွှေဖြူ၊ သံ၊ ငွေ၊ ကြေးနီ၊ ခဲ၊ ယမ်းစိမ်းနှင့် ကန့်များကိုလည်း တူးဖော်ရရှိလေ သည်။

၁၉ဝ၆ ခုနှစ်တွင် ထရန်စဗားနယ်သည် ကိုယ်ပိုင်အုပ်ချုပ် ရေးရပြီးလျှင်၊ ၁၉၁ဝ ပြည့်နှစ်၌ အသစ်ဖွဲ့စည်း တည်ထောင်၍ တောင်အာဖရိကပြည်ထောင်စုတွင် ပြည်နယ်တစ်နယ်ဖြစ်လာ လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)