တောမီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

တောမီးသည် ခြောက်သွေ့သော သစ်တောဒေသတွင် လောင်ကြွမ်းသည့် မီးဖြစ်သည်။ [၁][၂] အခြားမီးဘေးနှင့် ကွဲပြားချက်မှာ တောမီးသည် အတိုင်းအတာ ကြီးမားပြီး အနီးဝန်းကျင်သို့ အလျင်အမြန် ကူးစက်လောင်ကြွမ်း နိုင်ခြင်းဖြစ်သည်။ ဦးတည်ရာအရပ်ကို ခန့်မှန်းရခက်သလို လမ်းများ၊ မြစ်ချောင်းများကို ခုန်ကျော်ကာ လောင်ကြွမ်းလေ့ရှိသည်။ [၃] တောမီး၏ ထူးခြားချက်ကို မီးလောင်ကြွမ်းရသည့် အကြောင်းအရင်း၊ ကူးစက်သည့် အရှိန်၊ မီးလောင်ကြွမ်းသည့် ဧရိယာအတွင်းရှိ မီးလောင်ကြွမ်းနိုင်သော အရာဝတ္ထုများ၊ မိုးလေဝသအခြေအနေ စသည့် အချက်များပေါ် မူတည်၍ သတ်မှတ်သည်။


ကိုးကား[ပြင်​ဆင်​ရန်​]

  1. Federal Fire and Aviation Operations Action Plan, 4.
  2. Cambridge Advanced Learner's Dictionary, Third Edition. Cambridge University Press; 2008. ISBN 9780521858045.
  3. National Interagency Fire Center. The Science of Wildland fire [cited 2008-11-21].