တောင်သူကြီး

ဝီကီပီးဒီးယား မှ

တောင်သူကြီး ကဗျာကို ဖိုးသူတော်ဦးမင်း ရေးဖွဲ့ခဲ့သည်။ ဒုံးချင်း ကဗျာအမျိုးအစား ဖြစ်သည်။ အရေးကြုံလျှင် နိုင်ငံတော်အတွက် ယောက်ျားပီသစွာ အမှုထမ်းပြီး နိုင်ငံတော် အေးချမ်းနေပါက လယ်ယာလုပ်ကိုင်ကာ အေးဆေးပျော်ရွှင်စွာနေတတ်သော တောင်သူကြီး၏ စိတ်ထားကို ရေးဖွဲ့ထားသည်။

တောင်သူကြီး[ပြင်ဆင်ရန်]

ခက်ရင်းစွယ်စုံ၊ စိန်တောင်ကြီးနှင့်
ငါးစီးဆင်ပြောင့်အားပေကို။

ဇမ္ဗူစိုးရ နတ်ရှင့်ကျွန်
တုလို့ချွန်လျှင် ခန္ဓာစဲမယ်
ရဲရန်ညွန့်ဖြို။

ကိုးပိဿာစီး ဓားမကြီး
ရန်းမီးသတ္တရု ငေါက်လျှင်ပြို
ကုန်းဘောင်ရွှေဘို ထောင်ကနတ်က
ဘေးဘိုးစဉ်ဆက် ခုတိုင်အောင်
ရေးတော်မရှောင် ထမ်းတဲ့ယောက်ျား။

ယာလယ်လုပ်လို့ တောမှာပျော်
စီးပွားထင်ပေါ် ပြောင်းနှင့်စပါး။

ပဲမျိုးအပြား ဘူးသခွား
ကယားမြို့မ နယ်တစ်ခွင်
ဝါနှမ်းစုံလင် ချဉ်ပေါင်ခင်းနှင့်
မကြွင်းခရမ်း သီးမျိုးလျှမ်း
ပိုက်တန်းစည်းဝိုက် ရွှေယုန်ထောင်ကာ
ချိုးနှင့်ငုံး စာငယ်ကိုလေ
ပုတက် မွှေးကြိုင်စွာ
ဇွန်လုံး ထိန်ထိန်ဝါ။

ရေယဉ်စီးတဲ့ တောမြိုင်သာ
ပြောင်းပဲရောရာ ဆန်တစ်ဝက်ကယ်နှင့်
စပျစ်ကျင်းလျက် ပြည့်အနှက်
လူပျိုချက်တဲ့ ဟင်းလျာကို
ရောရာစုံ ချိုလှချည့်
အပျိုငယ် ရွှေနံကားအောင်
စားပါလှည့် ဗုန်းဗော။

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးရဲဝေ (မြန်မာစာ)။ ဒသမတန်းမြန်မာစာသင်ရိုးကုန်လေ့လာချက်