တောက်တဲ့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Gecko
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Reptilia]]
မျိုးစဉ် [[Squamata]]
မျိုးစဉ်သေး [[Scleroglossa]]
မျိုးရင်း '''Gekkonidae'''

တောက်တဲ့သည် သစ်ပင်များပေါ်တွင်နေသော သတ္တဝါဖြစ်သည်။ ပုံစံမှာအိမ်မြှောင်နှင့်တူပြီးအရွယ်ပိုကြီးသည်။ အိမ်မြှောင်များကဲ့သို့နံရံများ၊ မျက်နှာကြက်များပေါ်တွင် ကပ်နေနိုင်သည်။ "တောက်တဲ့၊ တောက်တဲ့" ဟုအော်မြည်လေ့ရှိသဖြင့် တောက်တဲ့ဟုခေါ်ခြင်းဖြစ်သည်။ တောက်တဲ့အော်သည့်အကြိမ်ကို မိုးလား၊ လေလားဟု လိုက်အော်ရင်းကလေးများ မိုးဗေဒင်တွက်ကြသည်။ တောက်တဲ့ချေးသည် အဆိပ်ဖြစ်စေသည်။ အထူးသဖြင့်တောက်တဲ့နက်ချေးသည် အဆိပ်ပြင်းသည်ဟုဆိုကြသည်။ အာခေါင်နီတောက်တဲ့ကိုက်ခံရလျှင်သေတတ်သည်ဟုလည်းဆိုကြသည်။ တောက်တဲ့သည် အကြောင်းတစ်စုံတရာကြောင့်လန့်ဖျတ်ပြီး လူပေါ်ကပ်လာပါက ခွာမရဖြစ်သည်။ မိုးခြိမ်းမှပြန်ကွာကျသည်ဟုပြောလေ့ရှိကြသည်။ ယခုအခါတောက်တဲ့သည် ခုခံအားကျဆင်းမှုရောဂါကို ကုသနိုင်သည်ဟု တရုတ်နိင်ငံမှ အဝယ်များသောကြောင့် ဈေးကောင်းပြီး ရှားပါးကုန်ပြီဖြစ်သည်။