တီမိုရှင်းကို အက်(စ်)ကေ
ဆီမျွန် ကန်စတန်တျီနဗျစ် တီမိုရှင်းကိုသည် ဒုတိယကမ္ဘာ စစ်ကြီးအတွင်း၌ ဂျာမန်နာဇီ(နတ်ဆီ)တို့၏ လက်တွင်းမှ ရော့စတာမြို့ကို ကယ်တင်၍ နာမည်ကျော်လာသော ဆိုဗီယက် ရုရှစစ်သူကြီးဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ၁၈၉၅ ခုနှစ်တွင် ဗက် ဆာရေးဗျနယ်တွင် တောင်သူလယ်သမားမျိုးရိုးမှ ဆင်းသက် ဖွားမြင်သည်။ ခရစ် ၁၉၁၅ ခုနှစ်တွင် ရုရှဇာဘုရင်၏ တပ်မတော်တွင် ဝင်ရောက်အမှုထမ်းသည်။ ၁၉၁ရ ခုနှစ်တွင် ရုရှတော်လှန်ရေးတပ်မတော်တွင် ပါဝင်အမှုထမ်းလာခဲ့ရာ၊ ၁၉၂၁ ခုနှစ်တွင် တပ်မကြီးတတပ်ကို အုပ်ချုပ်၇သော စစ်သူ ကြီးဖြစ်လာသည်။ ၁၉၂၀-၃၀ ပြည့်နှစ်အတွင်းတွင် တီမိုရှင်း ကိုသည် ဆိုဗီယက် စစ်တက္ကသိုလ်တွင် ဆက်လက်၍ စစ် ပညာကို သင်ကြားပြီးလျှင်၊ ဒုတိယကမ္ဘာစစ် ကြီးအတွင်း၌ ပိုလန်နိုင်ငံ (၁၉၃၉ ခုနှစ်)နှင့် ဖင်းလန်နိုင်ငံ (၁၉၃၉-၄၀ ခုနှစ်)တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုသည်မှစ၍ တီမိုရှင်းကိုသည် ကာကွယ်ရေးဌာနဝန်ကြီးအဖြစ်ဖြင့် ဆောင် ရွက်ရပြီးနောက်၊ ၁၉၄၁ ခုနှစ်၌ ဂျာမန်စစ်တပ်က ဆိုဗီယက် ယူနီယန်ကို ကျူးကျော်ဝင်ရောက်သောအခါ၊ တီမိုရှင်းကို၏ ဂုဏ်သတင်းသည် ပျံ့နှံ့ကျော်စောလာခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ရူမေးနီးယားနှင့် ဗက်ဆာရေးဗျနယ်မှ ဂျာမန်နာဇီစစ်တပ်ကို မောင်းထုတ်နိုင်ခဲ့ပြီးလျှင်၊ ၁၉၄၅ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ နုတ်ထွက်၍ အနားယူခဲ့လေသည်။
ကိုးကား [ပြင်ဆင်ရန်]
မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)