တိုရွန်တိုမြို့

ဝီကီပီးဒီးယား မှ
တိုရွန်တိုမြို့ မြင်ကွင်း

တိုရွန်တိုမြို့သည် ကနေဒါနိုင်ငံ အွန်‌တေးရီးယိုးနယ်၏ မြို့‌တော်ဖြစ်၏။ မြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင်‌ပေါင်း ၄၀ ရှိ၍၊ လူဦး‌ရေမှာ ၁၉၄၅ ခုနှစ်တွင် ၆ရ၆၈၈ရ ‌ယောက်ရှိ ‌လေသည်။ တိုရွန်တိုမြို့သည် အွန်‌တေးရီးယိုး‌ရေအိုင်၏ ‌မြောက် ဘက် ‌ပေ ၃၀၀ ခန့်မြင့်‌သောကုန်း‌မြေ ‌ပေါ်တွင်တည်ရှိ၏။ ဒွန် မြစ်သည် မြို့၏အ‌ရှေ့ပိုင်းကိုဖြတ်၍ စီးဆင်းပြီးလျှင် အ‌နောက် ဘက်တွင်မူကား ဟမ်းဗားမြစ်က နယ်နိမိတ်သတ်ထား‌လေ သည်။

တိုရွန်တိုမြို့၏ အမည်‌ဟောင်းမှာ ‌ယော့မြို့ဖြစ်၏။ အ‌မေရိ ကန် လွတ်လပ်‌ရေးစစ်ပွဲအတွင်းက မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ၏။ သို့ရာတွင် မကြာမီအတွင်း အသစ်တည်ကာ ပြန်လည်ထူ‌ထောင် ခဲ့သဖြင့် ယခုအခါ က‌နေဒါနိုင်ငံတွင် ကြီးကျယ်ခမ်းနား‌သော မြို့ကြီးတစ်မြို့ ဖြစ်လာ‌လေပြီ။ ဤမြို့တွင် ‌နေထိုင်သူများသည် များ‌သောအားဖြင့် အ‌မေရိကန် လွတ်လပ်‌ရေးစစ်ပွဲအတွင်းက ဗြိတိသျှတို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့‌သော စစ်သည်‌တော်တို့၏ အဆက်အနွယ်များဖြစ်သည်။

တိုရွန်တိုမြို့တွင် လှပ‌သော အ‌ဆောက်အအုံကြီးများ အများ အပြားရှိသည့်အနက် မြို့လယ်ရှိဘုရင်မပန်းခြံအတွင်း၌ သဲ ‌ကျောက်အနီအပြာဖြင့် ‌ဆောက်လုပ်ထား‌သော ပါလီမန် အ‌ဆောက်အအုံများ မိုးထိအ‌ဆောက်အအုံများ၊ မြို့‌တော်ခန်းမ၊ ဘုရားရှိခိုး‌ကျောင်း၊ တက္ကသိုလ်‌ကျောင်း၊ က‌နေဒီယန် ကူးသန်း ‌ရောင်း ဝယ်‌ရေးဘဏ်နှင့် ရွိုင်ယယ်‌ယော့ဟိုတယ်တို့သည် ထင်ရှား၏။ တိုရွန်တိုတက္ကသိုလ်၌ပါဝင်‌သော ‌ကောလိပ် ‌ကျောင်း‌ပေါင်း ‌လေး‌ကျောင်းရှိသည်။ ထို့ပြင် ကူးသန်း‌ရောင်း ဝယ်‌ရေးနှင့် စက်မှုလက်မှုပညာသင်တန်းမြင့်‌ကျောင်း၊ မိန်းက ‌လေး‌ကျောင်းနှင့် ဥပ‌ဒေပညာသင်‌ကျောင်းများလည်း ရှိ‌လေ သည်။ တိုရွန်တိုမြို့၌ ‌ဆေးရုံ‌ပေါင်း ရ၂ ခုရှိရာ၊ ၁၀ ခုမှာ ပြည်သူ့‌ဆေးရုံကြီးများဖြစ်၍ တိုရွန်တို‌ဆေးရုံမှာ အကြီးဆုံး ဖြစ်သည်။

တိုရွန်တိုမြို့သည် စက်မှုလုပ်ငန်း ထွန်းကား‌သော မြို့ကြီး တစ်မြို့ဖြစ်ရာ အငယ်ဆုံး‌သော ဆပ်ပြာချက်လုပ်ငန်းမှ အကြီး ဆုံး‌သော သံစက်ကရိယာလုပ်ငန်းအထိရှိသည်။ ကုန်စည်ထုတ် လုပ်‌ရေးအတွက် ကုန်စိမ်းကုန်ရိုင်းကို မြို့နှင့်မနီးမ‌ဝေးရှိနယ်များ မှ ၇ရှိနိုင်၍ လျှပ်စစ်ဓာတ်အားကိုမူ မြို့နှင့် ၈၃ မိုင်ခန့်သာ‌ဝေး ‌သော နိုင်အဂ္ဂရာ‌ရေတံခွန်မှ ၇ရှိနိုင်‌လေသည်။ မြု့ိတွင်းသွားလာ ‌ရေးအတွက်လည်း လျှပ်စစ်ဓာတ်အားဖြင့်သွား‌သော မီးရထားနှင့် ကားများရှိ‌လေသည်။ တိုရွန်တိုမြို့သည် လမ်းပန်းသာယာ‌သော ဆိပ်ကမ်းမြို့လည်းဖြစ်ခြင်း‌ကြောင့် ကုန်စည်များကို ‌ရေလမ်းမှ ၎င်း ကုန်းလမ်းမှ၎င်း အလွယ်တကူ တင်ပို့နိုင်‌လေသည်။

စက်မှုလက်မှုနှင့် ကုန်ကူးသန်း‌ရေး၌ တွင်ကျယ်ထွန်းကား ‌သော မြို့ဖြစ်‌သော‌ကြောင့် က‌နေဒီယန်အမျိုးသား စက်မှုလက်မှု ပညာပြပွဲကြီးကို တိုရွန်တိုမြို့၌ နှစ်စဉ်ခင်းကျင်းပြသ‌လေ့ရှိ သည်။ ထိုပြပွဲကြီးသည် ကမ္ဘာ‌ပေါ်တွင် အကြီးကျယ်ဆုံးပြပွဲ ဖြစ်၍ အ‌မေရိကန်ပြည်‌ထောင်စုမှပင် လာ‌ရောက်ကြည့်ရှုကြရ သည်။ နွား‌မွေးမြူ‌ရေးလုပ်ငန်း၊ ‌ကောက်ပဲသီးနှံ စိုက်ပျိုး‌ရေး လုပ်ငန်း၊ သစ်လုပ်ငန်း၊ ‌ကျောက်မီး‌သွေး တူး‌ဖော်‌ရေးလုပ်ငန်း စ‌သောလုပ်ငန်းများလည်း တိုးတက်ကြီးပွားလျက်ရှိ‌လေသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)