တိုဘက်စကို အချဉ်ရည်

ဝီကီပီးဒီးယား မှ
McIlhenny Company(မက်ခယ်ဟန်နီ ကုမ္ပဏီ)
အမျိုးအစားကိုယ်ပိုင်စီးပွားရေး(မိသားစုပိုင်)
လုပ်ငန်းစားသောက်ကုန်
တည်ထောင်သည့်နှစ်1868
တည်ထောင်သူများEdmund McIlhenny
ဌာနချုပ်Avery Island, Louisiana, United States
ထုတ်ကုန်ပစ္စည်းငြုပ်ကောင်းဆော့ နှင့် အခြားအရာသာရှိသော အချဉ်ရည်များ
အလုပ်သမားဦးရေ၂၀၀ ခန့် (၂၀၀၇)
ဝက်ဘ်ဆိုက်www.tobasco.com[၁]
တိုဘက်စကို အချဉ်ရည်ကြော်ငြာ

တိုဘက်စကို အချဉ်ရည်သည် အမေရိကန်အခြေစိုက် သည့် McIlhenny ကုမ္ပဏီမှ ထုတ်လုပ် ငရုတ်ချဉ်ရည်များမှ တစ်ခုဖြစ်သည်။ တိုက်ဘက်စကိုအချဉ်ရည်ကို တိုက်ဘက်စကို ငရုတ်သီးတောင့်၊ ရှာလကာရည် နှင့် ဆားတို့်အား ဝက်သစ်ချဖြူသားဖြင့် ပြုလုပ်ထားသော စည်ပိုင်းအတွင်း သုံးနှစ်သက်တမ်းထိအောင် နှစ်ချို့ထားစေခြင်းဖြင့် ပြုလုပ်ထားသည်။ ၎င်းသည် ပူသည့် စပ်သည့်အရသာရှိသည်။ McIlhenny ကုမ္ပဏီသည် မျိုးဆက် ၅ ဆက်မြောက် မိသားစု စီးပွားရေးထဲမှ တစ်ခုဖြစ်သည်။ ထို့ပြင် ၁၄၅ ဦးသော အစုစပ်ဝင်သူများသည် သက်ရှိမိသားစုဝင်များမှ ပေးသော စတော့ဈေးကွက်များကို အမွေခံထားကြသည်။

တိုဘက်စကိုအချဉ်ရည် ပုလင်း

သမိုင်း[ပြင်ဆင်ရန်]

တိုဘက်စကို အချဉ်ကို Edmund McIlhenny ဆိုသူမှ ၁၈၆၈ ခုနှစ်တွင် တီထွင်ခဲ့သည်။ ၎င်းပုဂ္ဂိုလ်အား မာရီလန့်တွင် မွေးဖွားခဲ့ပြီး ယခင်ကဘဏ်ပိုင်ရှင် တစ်ဦးဖြစ်၍ ၁၈၄၀ ခန့် လူဝီရှိနသို့ ပြောင်းရွှေ့လာခဲ့သည်။ ခလုံးပုလင်းများအား အသုံးပြု၍ ၎င်း၏ အချဉ်ရည်ကို မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများအား ဖြန့်ဝေခဲ့သည်။ ၁၈၆၈ ခုနှစ်တွင် နယူးအော်လန် ပုလင်းစက်ရုံများမှ ခလုံးပုလင်းပေါင်း ၁ ထောင့်ခန့် မှာယူ၍ ၎င်း၏ အချဉ်ရည်အား စတင် ရောင်းချဖြန့်ဖြူးခဲ့သည်။ ၎င်းဖြစ်စဉ်သည် ပထမဆုံးသော စီးပွားဖြစ် အချဉ်ရည် ဖြန့်ချိရေးလုပ်ငန်း တစ်ခုဖြစ်ခဲ့သည်။ ၁၈၉၀ ခုနှစ်တွင် Edmund McIlhenny သေဆုံးခဲ့သည်။ သို့သော် ၎င်း၏ အကြီးဆုံးသား ဂျွန် အဗာရီ မက်ခယ်ဟန်နီသည် McIlhenny အချဉ်ရည်အား အောင်မြင်စေခဲ့ပြန်သည်။ ထိုသူသည် မက်ခယ်ဟန်နီအား တိုးချဲ့ခဲ့ပြီး ခေတ်သစ် စီးပွားရေးပုံစံသို့ ပြောင်းလဲပေးခဲ့သည်။ သို့သော နှစ်အနည်းငယ်ကြားပြီးနောက် သီအိုဒေါ ရိုးစီဗတ်၏ ရောဂ်ရိုက်ဒါ စစ်မြင်းတပ်နှင့် ဆက်သွယ်ရန် စွန့်လွတ်ခဲ့သည်။ ဂျွန် ထွက်ခွာခဲ့ပြီးနောက် ၎င်း၏ ညီဖြစ်သူ အဒ်ဝက် အဗာရီ မက်ခယ်ဟန်နီသည် အာတိတ် ဒေသ စွန့်စားမှုများမှ ပြန်လာခဲ့ပြီး ၁၈၉၈ ခုနှစ်တွင် ကုမ္ပဏီအား ထိန်းချုပ် လုပ်ကိုင်ခဲ့သည်မှာ ၎င်းသေဆုံးသည့် ၁၁၉၄၉ ခုနှစ်တိုင် ဖြစ်သည်။ သူအစ်ကိုခဲ့သို့ပင် ကုမ္ပဏီအား တိုးချဲ့ခြင်း၊ ခေတ်မှီစေခြင်းများပြုလုပ်ခဲ့သည်။ ထို့နောက် ဝေါ်လတာ အက်စ်. မက်ခယ်ဟန်နီမှာလည်း အမေရိကန် မရိန်းတပ်မှ ပြန်လာပြီး ကုမ္ပဏီကို ထပ်မံထိန်းသိမ်းခဲ့သည်မှာ ၎င်းသေဆုံးသည့် ၁၉၈၅ ခုနှစ်တိုင်အောင် ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ ဦးစည်းသည့် မက်ခယ်ဟန်နီလူကြီးများ အဆက်ဆက်တွင် ပလဲ စီ.ပီ. မက်ခယ်ဟန်နီ သည် ၆ ဆက်မြောက် ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. TABASCO® Brand | the hot, legendary pepper sauce!
  2. http://www.en.wikipedia.com/wiki/Tabasco_sauce[လင့်ခ်သေ]