တိုက်ကွမ်ဒို
တိုက်ကွမ်းဒိုသည် လက်နက်ကိရိယာမပါဘဲ ခြေနှင့် လက်ကိုအသုံးပြုလျက် တစ်ဘက် ရန်သူကို လျှက်တစ်ပြက် တန်ပြန်တိုက်ခိုက်နိုင်သော ကိုရီးယားရိုးရာ ကိုယ်ခံပညာတစ်ရပ် ဖြစ်သည်။
တိုက်ကွမ်းဒိုသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော် ခန့်က ကိုရီးယားတို့၏ညီညွတ်သော ဘုရင့် သုံးနိုင်ငံခေတ် (၅ ရာစုဘီစီခန့်)ကပင် စတင်ပေါ်ပေါက်ခဲ့သည်။ ထို့နောက် ဆီလာ မင်းဆက်ခေတ် (၅ရ ဘီစီ-အေဒီ ၉၃၅)တွင် တစ်နိုင်ငံလုံးသို့ ပြန့်ပွား၍ အဆင့်ဆင့် တိုးတက်လာခြင်းဖြစ်သည်။
ကိုဂူယိုနိုင်ငံတော် (၃ရ ဘီစီ-အေဒီ ၆၆၈)၏ မြို့တော် ဖြစ်သောဝမ်ဒိုမြို့ (ယခု မန်ချူးရီးယားတောင်ပိုင်း တောင်ကောင်း ဒေသအနီး)ရှိ ရှေးခေတ် သင်္ချိုင်းဂူနံရံများမှ နံရံဆေးရေးပန်းချီ လက်ရာများတွင် တိုက်ကွမ်ဒိုသမားများ၏ တိုက်ကွက်တို့ကို တွေ့ရှိရသည်။ တစ်ဖန် ဆီလာမင်းဆက်ခေတ်က ပန်းမန် သူရဲ ကောင်းများ ဟုအမည်တွင်သော ဘုရင့်သားတော်များနှင့် မှူးကြီး မတ်ရာ၊ စစ်သေနာပတိတို့၏ ရင်သွေးငယ်များအားဓားရေး၊ လှံ ရေး၊ လေးမြားအတတ်အစရှိသော ပညာရပ်များကိုမသင်ကြားမီ တိုက်ကျွမ်း Taekkyon ခေါ် လက်နက်မဲ့ ကိုယ်ခံပညာရပ်ကို သင်ကြားပေးခဲ့ကြောင်း သမိုင်းအထောက်အထား များလည်း ရှိသည်။ တိုက်ကျွမ်းပညာမှ တိုက်ကွမ်းဒို ကိုယ်ခံပညာသို့ ဆင်းသက်လာသည်ဟု သုတေသီတို့က ကောက်ချက်ချသည်။
ကိုယိုမင်းဆက်ခေတ် (အေဒီ ၉၁၈-၁၃၉၂)က ရေးသား ခဲ့သော ကန်ယီဂျီအမည်ရှိ သိုင်းပညာညွှန့်ပေါင်းကျမ်း၌ ထိုစဉ် ကကတ်ဂျာဂမ်ဒေသ (ယခုကိုရီးယား အမျိုးသားတက္ကသိုလ်ဝင်း အတွင်း) တွင် တိုက်ကွမ်း ဒိုသင်တန်းများ ဖွင့်လှစ်သင်ကြားဖူး ကြောင်းဖြင့် ဖော်ပြထားသည်။ ချိုဆန်မင်းဆက်ခေတ် (၁၃၉၂-၁၉၂၀) က နန်းတွင်း ပိဋိကတ်တိုက်မှူး ယီတောက်မူပြု စုသည့် မူယီတို ဘိုတောင်ဂျီအမည်ရှိ ရုပ်စုံ ကိုယ်ခံပညာစာအုပ် (၁ရ၉၀) တွင် တိုက်ကွမ်းဒို၏သမိုင်းကြောင်းကို အကျယ်တဝင့် ပြုစုထားသည်။
ထို့အပြင် ၁၉၄၈ ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံ ထူထောင်ပြီးသောအခါ တိုက်ကွမ်းဒိုသည်ခေတ် မီအားကစား နည်းစနစ်ဖြင့် ဖွံ့ဖြိုးလာသည်။ ၁၉၆၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဆိုးလ်မြို့တော်၌ ကိုရီးယား တိုက်ကွမ်းဒို အသင်းချုပ်စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၂ ခုနှစ် ဇွန်လ ၂၅ ရက် နေ့တွင် ကိုရီးယား အပျော်တမ်း အားကစားအဖွဲ့ချုပ်၏ အဖွဲ့ဝင် အဖြစ် တိုက်ကွမ်းဒို အသင်းချုပ်ကို လက်ခံခဲ့သည်။ ထို့နောက် ၁၉၆၂ ခုနှစ်အောက်တိုဘာလအတွင်း၌ ကျင်းပခဲ့သော ၄၃ ကြိမ် မြောက် အမျိုးသားအားကစား ပြိုင်ပွဲတွင် တိုက်ကွမ်ဒိုကို ပထမ ဦးဆုံး အကြိမ်အဖြစ် ထည့်သွင်းကျင်းပခဲ့သည်။ ၁၉ရ၂ ခုနှစ် တွင် ဆိုးလ်မြို့တော်၌ ကတ်ကီဝန်ဟု အမည်ပေးထားသော ခေတ်မီတိုက်ကွမ်းဒို အားကစားရုံကြီးကို ဖွင့်လှစ်နိုင်ခဲ့သည်။
ထိုအားကစားရုံ၌ပင် ၁၉ရ၃ ခုနှစ်မေလက ပထမအကြိမ်မြောက် ကမ္ဘာ့တိုက်ကွမ်းဒို ဗိုလ်လုပွဲကို ကိုရီးယား တိုက်ကွမ်းဒိုအသင်းမှ ကြီးမှူး၍ကျင်းပပေးခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉ နိုင်ငံမှ တိုက်ကွမ်းဒို သမား ၂၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည်။ ၁၉ရ၃ ခုနှစ် မေလ ၂၈ ရက်နေ့တွင်ကမ္ဘာ့တိုက်ကွမ်းဒို အဖွဲ့ချုပ်ကို ဖွဲ့စည်းသည်။
၁၉ရ၅ ခုနှစ် အောက်တိုဘာလ ရ ရက်နေ့တွင် တိုက် ကွမ်းဒိုကို ကမ္ဘာ့အားကစားအဖွဲ့ချုပ် (ဂျီအေအိုင် အက်စ်အက်ဖ်) ကအသိအမှတ်ပြုခဲ့သည်။ ၁၉ရ၆ ခုနှစ်ဧပြီလ ၉ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာစစ်တပ် အားကစား ကောင်စီ၏ အမှုဆောင် အဖွဲ့က တိုက်ကွမ်းဒိုကို ၂၃ ခုမြောက် တပ်လက်စွဲ ကိုယ်ခံပညာ အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့သည်။ ၁၉၈၀ ပြည့်နှစ်ဇူလိုင်လ ၁ရ ရက်နေ့တွင် မော်စကိုမြို့၌ကျင်းပခဲ့သော ၈၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အိုလင်းပစ်ကော်မတီ၏ အထွေထွေညီလာခံ တွင် ကမ္ဘာ့အားကစားနည်းစနစ် တစ်ရပ်အဖြစ် အသိအမှတ်ပြု ခဲ့သည်။ ထို့ကြောင့် ၁၉၈၈ ခုနှစ်စက်တင်ဘာလ ၁ရ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့ထိ ကိုရီးယားနိုင်ငံဆိုးလ်မြို့တွင် ကျုင်းပခဲ့သော ၂၄ ကြိမ်မြောက် ကမ္ဘာ့အိုလင်းပစ်ပြိုင်ပွဲတွင် တို်က်ကွမ်းဒိုကို သရုပ်ပြအားကစားနည်းအဖြစ် ထည့်သွင်းကျင်းပ ခဲ့သည်။
ယခုအခါ ကိုရီးယားသမ္မတနိုင်ငံ တစ်ခုတည်းတွင် တိုက်ကွမ်းဒို အသင်းဝင်ပေါင်း ၁၉ သိန်းခန့်ရှိသည်။ ထို့ပြင် နိုင်ငံပေါင်း ၃၆ နိုင်ငံ၌ တိုက်ကွမ်းဒိုနည်းပြဆရာများအဖြစ် ဆောင်ရွက်နေသော ကိုရီးယား အမျိုးသားတိုက်ကွမ်းဒို ပညာရှင် ပေါင်း ၁,၅၀၀ ကျော်ရှိသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်၌ တိုက်ကွမ်းဒို အသင်းဝင် ပေါင်း သန်း ၁၀၀ နီးပါးမျှရှိနေပြီဖြစ် သည်။
ကိုးကား [ပြင်ဆင်ရန်]
မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)