တိဗက်ဗုဒ္ဓဘာသာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တိဗက်ဗုဒ္ဓဘာသာ

တိဗက်ဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာသာ ဩဝါဒခံ ဘာသာတစ်ခုဖြစ်ပြီး၊ တိဗက် နှင့် ဟိမဝန္တာဒေသများ၏ စရိုက်လက္ခဏာပါသည့် အဖွဲ့အစည်းများ၏ ကိုးကွယ် ယုံကြည်မှု တစ်ရပ်ဖြစ်သည်။ ဟိမဝန္တာဒေသများတွင် နီပေါနိုင်ငံမြောက်ပိုင်း၊ ဘူတန် နှင့် အိန္ဒိယနိုင်ငံ၏ အုရုနာချယ် ပရာဒက်ချ်၊ လာဒက်၊ ဒါရမ်ဆလာ၊ လာဟောနှင့် စပိတိ (ဟင်မချယ်ပရာဒက်ချ်တွင် ပါဝင်)နှင့် ဆစ်ကင်းတို့ပါဝင်ကြသည်။ ဘူတန်နိုင်ငံ၏ နိုင်ငံတော်ဘာသာဖြစ်သည်။ တိဗက်ဗုဒ္ဓဘာသာကို မွန်ဂိုလီးယား၊ ရုရှား၏နေရာအချို့ (ကယ်မိုင်ကီးယား၊ ဘူရီရာတီးယားနှင့်တူဗ) နှင့် တရုတ်ပြည်၏ အရှေ့မြောက်ဒေသ တို့တွင် လက်ခံကျင့်သုံးကြသည်။ ပြဋ္ဌာန်းချက်များကို ဒေသနာတော်အဖြစ်မှတ်ယူပြီး၊ ရှင်းလင်းချက်များသည် တိဗက်ဗုဒ္ဓဘာသာ ဝိနည်းတွင် ထည့်သွင်းထားသည်။ ထို့ကြောင့် တိဗက်ဗုဒ္ဓဘာသာသည် ယင်းဒေသများ၏ ဘာသာဖြစ်သည်။

1959 ခုနှစ် တိဗက်ထကြွမှုများ ဖြစ်ပွားခဲ့စဉ်အတွင်းတွင် တိဗက်လူမျိုးများ နေရာအနှံ့အပြားသို့ ပျံ့နှံ့ရောက်ရှိသွားခြင်းသည် တိဗက်ဗုဒ္ဓဘာသာကို ကမ္ဘာကြီး၏ ကျန်ရှိသောအခြား နေရာများသို့ ကျယ်ပြန့်စွာ လက်ခံရရှိနိုင်သည်အထိ ဖြစ်ပေါ်စေခဲ့ သည်။ အနောက်နိုင်ငံများသို့ တိဗက်ဗုဒ္ဓဘာသာ ပျံ့နှံ့ရောက်ရှိလာစဉ်ကတည်းက ၊ ထိုနိုင်ငံများတွင် ထင်ပေါ်မှုရရှိလာ ခဲ့သည်။ ပိုမိုပေါ်လွင်ထင်ရှားအောင် ဆောင်ရွက်ခဲ့မှုများထဲမှ တစ်ဦးသည် 14 ဆက်မြောက် တိဗက်၏ ဒလိုင်း လားမား (Dalai Lama) ဖြစ်သည်။ ၎င်းအား ထောက်ခံအားပေးသူများ စာရင်းသည် ဆယ်သန်းမှ သန်းနှစ်ဆယ်အကြား တွင်ရှိသည်ဟု ခန့်မှန်းရသည်။

ဘုရားအဖြစ်ရောက်ရှိခြင်း[ပြင်​ဆင်​ရန်​]

ဘုရားအဖြစ်ရောက်ရှိခြင်း
ဘုတ်နတ် စေတီ ခတ္တမန္တူ နီပေါ၊ ဗုဒ္ဓ၏ဉာဏ်တော်အထိမ်းအမှတ်စေတီ

တိဗက်ဗုဒ္ဓဘာသာတွင် ဗုဒ္ဓဘာသာ၏ ကျင့်စဉ် သုံးရပ်သင်ကြားခြင်းများပါဝင်သည်။ ၎င်းသုံးရပ်မှာ အခြေခံ ကျင့်စဉ်၊ မဟာယာနကျင့်စဉ်နှင့် ဝိဇ္ဇာယာန ကျင့်စဉ်တို့ဖြစ်သည်။ မဟာယာန၏ စိတ်အစဉ်ဖွံ့ဖြိုးမှု၏ နောက်ဆုံးပန်းတိုင် သည် ဘုရားအဖြစ် ဉာဏ်အလင်းရရှိရေးပင်ဖြစ်သည်။ ဘုရားအဖြစ် ရည်မှန်းချက်ပန်းတိုင်ထားခြင်းသည် ဝေနေယျ သတ္တဝါအားလုံးကို ၎င်းတို့၏ ဘဝမှ ထိရောက်ကောင်းမွန်စွာ ကူညီကယ်တင်နိုင်ရေးဖြစ်သည်။ ၎င်းထဲတွင်ရှိသည့် စိတ်လှုံ့ဆော်မှုသည် ဝေနေယျသတ္တဝါအားလုံးအ တွက်အလို့ငှါ ဗောဓိစိတ္တဉာဏ်အလင်းရရှိရန် ဖြစ်သည်။ ဗောဓိသတ္တများသည် ကြည်ညို လေးစားလောက်သည့် ပုဂ္ဂိုလ်များဖြစ်ပြီး၊ သတ္တဝါများကို ကယ်တင်ရန်အတွက် ဆန္ဒနှင့်ဂတိကို ၎င်းတို့၏ဘဝတွင် ဗောဓိစိတ္တနှင့်အတူ အလုံးစုံ ပေးဆပ်ထားသည်။ တိဗက်ဗုဒ္ဓဘာသာသည် ဘုရားအဖြစ်လျင်မြန်စွာရရှိရေးအတွက် မဟာယာနတွင်ပါသည့် ဝိဇ္ဇာယာနလမ်းအပါအဝင် နည်းလမ်းများ သင်ကြားပို့ချပေးသည်။

ဘုရားအဖြစ်ဆိုသည်မှာ ပိတ်ဆို့တားဆီးမှုများ ကင်းရှင်းသည့် လွတ်မြောက်ခြင်းအဆင့်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပြီး၊ အရာခပ်သိမ်းသိရှိသူလည်း ဖြစ်သည်။ ဘုရား အဖြစ်ရောက်ရှိခြင်းတွင် တစ်စုံတစ်ယောက်သည် စိတ်အမှောင်မိုက်များမှ လွတ်မြောက်ခြင်းကိုဘာမှမရှိဟူသည့်အသိ နှင့် တစ်ပြိုင်နက် ရောနှောထားသည့် ပြည့်စုံသောချမ်းမြေ့မှုကို ရရှိခြင်းဖြစ်သည်။ သဘာဝ၏ အစစ်အမှန်များကိုဤအဆင့်တွင် အခြားသက်ရှိသတ္တဝါများကို ကူညီရန် တစ်စုံတစ်ဦး၏ စွမ်းရည်ကို ကန့်သတ်ထားခြင်း ကို အလုံးစုံဖယ်ရှားခြင်းဖြစ်သည်။ဗုဒ္ဓအဖြစ်သို့ ရရှိသူစာရင်းသည် မရေမတွက်နိုင်ဟု ဆိုထားပါသည်။ ဗုဒ္ဓများသည် တစ်ပြိုင်နက်တည်း၊ သဘာဝအရရော၊ စဉ်ဆက်မပြတ်ပါ- သတ္တဝါများအားလုံးအပေါ် ကောင်းကျိုးချမ်းသာများ ဆောင်ရွက်ပေးသည်။ သို့သော်လည်း၊ သတ္တဝါများ၏ ကံတရားများသည် ဗုဒ္ဓများ၏ ၎င်းတို့အပေါ်ကူညီပေးနိုင်သည့်စွမ်းအားကို ကန့်သတ်သည် ဟု ယုံကြည်ကြသည်။ ဤနေရာတွင် - ဗုဒ္ဓဘာသာများသည် အခြားသူများကို ကူညီရန်အတွက် ၎င်းဘက်တွင်ရှိသည့် စွမ်းအားသည် အကန့်အသတ်မရှိ ပိုင်ဆိုင်ကြသည်ဟုဆိုသော်လည်း၊ သတ္တဝါများသည် အတိတ်ဘဝများက မိမိပြုလုပ်ခဲ့ သည့် မကောင်းမှုကံတရားများ၏ အတိုင်းအဆများအတိုင်း ဆက်လက်ခံစားနေကြရဦးမည်ဖြစ်သည်။

“ဗုဒ္ဓဘာသာဝင်” ကို တိဗက်အဓိပ္ပါယ်ဖွင့်ဆိုချက်များ[ပြင်​ဆင်​ရန်​]

ဗုဒ္ဓဘာသာဝင်တစ်ဦး၏ အမှတ်လက္ခဏာဖြစ်သည့် မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်ခြင်းသည် တိဗက် ဝေါဟာရအခေါ်အဝေါ်တွင် ပါရှိပြီးဖြစ်သည်။ စကားလုံးအားဖြင့် “အတွင်းကျကျရှိသူ” ပိုမိုတိကျစွာဆိုလျှင်၊ တိဗက်ဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာသာဝင်အတွက် နှစ်မျိုးနှစ်စားပြဆိုထားသည်-–(က) လုပ်ရိုးလုပ် စဉ်- ခိုလှုံလာခြင်းနှင့် (ခ) ယုံကြည်ခြင်း- ဖြစ်တည်မှုအမှတ်လက္ခဏာလေးမျိုးကို လက်ခံခြင်း။

ကျင့်ကြံမှုအထွေထွေနည်းနာများ[ပြင်​ဆင်​ရန်​]

ကျင့်ကြံမှုအထွေထွေနည်းနာများ
ဗုဒ္ဓဘာသာဘုန်းကြီးဂီရှီကွန်ချောက်ဝန်ဒူး (Geshe Konchog Wangdu) တိဗက်ကန်ဂျား၏ ရှေးဟောင်းသစ် ထွင်းမိတ္တူမှ မဟာယာနသုတ်ဖတ်နေပုံ။

ရွတ်ဖတ်သရဇ္ဈာယ်ခြင်းနှင့် အမှန်ဖြစ်ခြင်း အိန္ဒိယဗုဒ္ဓဘာသာ၏ ရှေးယခင်ကာလများ၌ နှုတ်ဖြင့်ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကို ပုံနှိပ်စာလုံးဖြင့် ထုတ်ဝေခြင်း ထက်ပိုမို၍ အရေးတကြီး အာရုံစိုက် လုပ်ဆောင်ခဲ့သည်။ နှုတ်ဖြင့် ဟောကြားခြင်းကို မကြားနိုင်သည့်အခါမှသာလျှင်၊ ပုံနှိပ်စာများမှ သင်ယူခြင်းကို ခွင့်ပြုသည်။ နာကြားသင်ယူခြင်း (ဟောကြားထုတ်လွှင့်ခြင်း)သည် နာကြားရခြင်းအပေါ် အခြေခံ၍ အမှန်ကိုသိမြင်စေရန်၊ နာကြားရသူအတွက် လွယ်ကူစေသည်။ တစ်ဦးတစ်ယောက်ထံမှ နာကြားသင်ယူရ ခြင်းသည် နာကြားရသူ၏ အောင်မြင်မှုအတွက် ကွင်းဆက်တစ်ခုဖြစ်သကဲ့သို့ မူလဟောကြားသူထံ ပြန်ရောက်သွားပြီး ကြားသိနေခဲ့ရသည်။ မူလဟောကြားသူ-သုတ်ထဲတွင် ဗုဒ္ဓသို့မဟုတ် စာအုပ်ထဲတွင်စာရေးသူ။ ထို့နောက် ကြားနေရခြင်း သည် စစ်မှန်သော စဉ်ဆက်မပြတ်ထုတ်လွှင့်ခြင်းအဖြစ် ပြဋ္ဌာန်းသည်။ နှုတ်တိုက်ရွတ်ဆိုခြင်း၏ မှန်ကန်မှုသည် အမှန်ကို သိရှိနိုင်ရန်အတွက် မူလရှိနှင့်ပြီးသောအရာဖြစ်သောကြောင့် မပြတ်ရွတ်ဆိုကြားနာမှုများသည် အရေးကြီး သည်။

သင်ကြားမှုအကြောင်းအရာကို ဖတ်ရုံသက်သက်ဖြင့် အထောက်အကူရသော်လည်း၊ ဟောကြားမှုကို နာကြားရခြင်းနေရာတွင် အစားထိုး၍မရပါ။ တစ်စုံတစ်ယောက်မှ ပြဋ္ဌာန်းစာအုပ်ကို အသံကျယ်ကျယ်ဖြင့် ရွတ်ဖတ်နေ ခြင်းကို ကြားနေရခြင်းသည်၊ မိမိကိုယ်တိုင် ကိုင်တွယ်ရွတ်ဖတ်နေရသကဲ့သို့ဖြစ်ပြီး စာအုပ်ထဲတွင် သင်ပြထား သည်ကို အလွယ်တကူမြင်သိနေရသည်။ နှုတ်မှ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကို ထုံးတမ်းအစဉ်အလာအရ လူအနည်းငယ်သို့မဟုတ် လူအများစုဝေး ရောက်ရှိနားထောင်မည့်နေရာတို့တွင် ပြုလုပ်သည်။ ဥပမာအားဖြင့် မန္တန်ရွတ်မည်ဆိုပါက စက္ကန့်အနည်းငယ်မျှ ကြာ သည်။ သို့မဟုတ် ဝိနည်းအပိုင်းကို ရွတ်မည်ဆိုပါက လပေါင်းများစွာကြာမြင့်မည်ဖြစ်သည်။ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းသည် အမှန်တကယ်ကြားရခြင်း မရှိသည်လည်း ဖြစ်နိုင်ပါသည်။ မိတ်တရီရ (Maitreya) ၏ အသံဃာ (Asaṅga) အမြင်များတွင် ပါရှိသည်ကဲ့သို့ ဖြစ်သည်။

ခွဲခြမ်းစိပ်ဖြာသည့်တရားရှုမှတ်ခြင်းနှင့် သတ်မှတ်တရားရှုမှတ်ခြင်း[ပြင်​ဆင်​ရန်​]

ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအပေါ်အခြေခံ၍ တစ်ပြိုင်နက်တည်းသော အသိအမြင်ရရှိခြင်းသည်ဖြစ်နိုင်သော်လည်း တွေ့ရခဲ ပါသည်။ သာမန်အားဖြင့်၊ ကြားခံအဆင့်ဖြစ်သည့် ခွဲခြမ်းစိပ်ဖြာသည့် တရားရှုမှတ်ခြင်း လိုအပ်သည်။ ဥပမာ- ကြားခဲ့ရသည်များကို စဉ်းစားသုံးသပ်ခြင်း။ ဤတရားရှုမှတ်ခြင်း၏ အပိုင်းတစ်ပိုင်းဖြစ်သည့် ယုံမှားသံသယများ ဖြစ်ပေါ် လာခြင်းနှင့်အတွင်းပြဿနာနှင့် ကြုံတွေ့ခြင်းတို့သည် ရှုမှတ်နေခြင်းကို ကျော်လွန်ဖြစ်ပျက်နေပြီး၊ ဤသို့ဖြစ်ပျက်နေခြင်း သည် အချို့သောကိစ္စရပ်များတွင် အားပေးတိုက်တွန်းသည်။

ခွဲခြားစိတ်ဖြာ တရားရှုမှတ်ခြင်းသည် တရားရှုမှတ်ခြင်းနည်းလမ်းနှစ်မျိုးထဲမှ တစ်ခုဖြစ်သည်။ ခွဲခြမ်းစိတ်ဖြာ တရားရှုမှတ်ခြင်းဖြင့် အသိအမြင်ရရှိခြင်းကို ရရှိပြီးသည့်အချိန်တွင် “ချိန်မှတ်” သို့မဟုတ် “သတ်မှတ်” တရားရှုမှတ် ခြင်းသို့ ပြောင်းရန် အားပေးတိုက်တွန်းသည်။ ဤနေရာတွင် စိတ်သည် အသိအမြင်ရရှိခြင်းအပေါ်တွင် အချိန်ကြာ မြင့်စွာ ငြိမ်သက်တည်ရှိနေသည်။ ခွဲခြမ်းစိပ်ဖြာ တရားရှုမှတ်ခြင်းအတွက် လူတစ်ဦး၏ စွမ်းအားကို ယုတ္တိဗေဒနည်းဖြင့် လေ့ကျင့်ပေးနိုင်သည်။ အောင်မြင်သော သတ်မှတ် တရားရှုမှတ်ခြင်းအတွက် စွမ်းအားကို ငြိမ်သက်တိတ်ဆိတ် တည်မြဲနေမှုဖြင့် လေ့ကျင့်နိုင်ပါသည်။ တရားရှုမှတ်ခြင်း လုပ်ရိုးလုပ်စဉ်တစ်ခုသည် အသိအမြင်ရရှိခြင်း အနက်ရှိုင်းဆုံး အဆင့်များသို့ ရရှိရန်ခွဲခြမ်းစိတ် ဖြာတရားရှုမှတ်ခြင်းနှင့် ထိုအရာများကို ခိုင်မြဲစေရန် သတ်မှတ်တရားရှုမှတ်ခြင်းတို့ကို တစ်လှည့်စီလုပ်ဆောင်ခြင်း ဖြစ်သည်။အသိအမြင်ရရှိခြင်း အနက်ရှိုင်းဆုံး အဆင့်သည် ဘုရားအဖြစ်သို့ ရရှိခြင်းဖြစ်သည်။

ဆရာရင်းကို သံသယရှိခြင်းနှင့် ဆည်းကပ်ကိုးကွယ်ခြင်း[ပြင်​ဆင်​ရန်​]

ဆရာရင်းကို သံသယရှိခြင်း
တိဗက်ဘုန်းတော်ကြီးများအား စင့်ကင်းအရပ်ရှိ ရူမ်တက် ဘုန်းကြီးကျောင်း၌ တွေ့ရစဉ်

တိဗက်ဗုဒ္ဓဘာသာ၏ ထူးခြားသောသွင်ပြင်နှစ်ခုမှာ ဆရာရင်းကို သံသယရှိခြင်းနှင့် ဆည်းကပ်ကိုးကွယ်ခြင်းတို့ဖြစ် သည်။ ထိုအကြောင်းများသည် တရုတ်ဆိုရှယ်လစ်ဝါဒနှင့် ပြဿနာဖြစ်ရသည်အထိ ရှေးရှုသွားခဲ့ပြီး၊ မော်စီတုံး လက်ထက်တွင် တိဗက်၏ထက်မြက်သော ပညာတတ်များ ပျက်ဆီးဆုံးရှုံးခြင်းကို ဖြစ်စေခဲ့သည်။ အပြစ်ရှာသည့် သံသယရှိခြင်း ဖြစ်သည့် စိတ သဘောထား သည် ခွဲခြမ်းစိတ်ဖြာတရားရှုမှတ်ခြင်းတွင် စွမ်းရည်များမြင့်တက်လာရန် အားပေး တိုက်တွန်းသည်။ သို့သော်လည်း အခြားသောဗုဒ္ဓဘာသာဓလေ့ထုံးတမ်းများတွင် ဆရာသမားကို လေးစားရိုသေခြင်း သည် ကြီးမြတ်သော မင်္ဂလာတစ်ပါးဖြစ်သည်။

ဗုဒ္ဓဘာသာအဆိုအမိန့်များအပေါ်တွင် သံသယရှိခြင်းကို ယေဘုယျအားဖြင့် လိုလားကြပြီး၊ တိဗက်များသည် ဘုရားဟောသုတ်များအား ကောက်နုတ်ခြင်းကို နှစ်သက်ကြသည်။ ဗုဒ္ဓ၏စကားလုံးများအား အရည်အသွေးမှီသော ရွှေကဲ့သို့ဖြစ်ကြောင်း တိဗက် တစ်ဦးမှ ပြောလျှင်၊ အခြားတိဗက်တစ်ဦးမှ မှန်မမှန် ကောက်နုတ်ဆန်းစစ်တတ်ကြသည်။ အခြား တစ်ဘက်တွင် ဟောပြောသင်ကြားမှု မစမှီ တိဗက်ဘုန်းတော်ကြီးသည် ၎င်းထိုင်၍ တရားဟောမည့်ပလ္လင်ကို ဦးညွှတ် ဝပ်တွားကန်တော့သည်။ သို့မဟုတ် တရားဟောပလ္လင်၏ နောက်ဘက်ရှိ ဗုဒ္ဓရုပ်ပွားတော်ကို ဦးညွတ်ကန်တော့သည်။ ထို့နောက် စာသင်သားများသည် တရားဟောပလ္လင်ပေါ်တွင် ထိုင်နေသည့် တိဗက်ဘုန်းကြီးကို ဦးညွှတ်ကန်တော့ကြသည်။

စာသင်သားသည် ဆရာ၏ ဟောပြောသင်ကြားမှုများတွင် အာရုံစူးစိုက်မိနေလျှင်၊ ကုသိုလ်တရားများ တစ်ဖွားဖွားတိုး တက်လာပြီး၊ သင်ကြားသူဆရာကို ဆရာရင်းအား ဆည်းကပ်ကိုးကွယ်နေရသည့် ပုံစံမျိုး ကြည်ညိုလေးစားစိတ်များ သက်ဝင်လာသည်။ စာသင်သားများအပေါ် အုပ်စိုးထားသည့် လေ့ကျင့်မှုများ၏ ပုံစံသည် အိန္ဒိယအလေ့အထများမှ ဆင်း သက်လာသည်။

လားမား (lama)[ပြင်​ဆင်​ရန်​]

တိဗက်ဗုဒ္ဓဘာသာ
လားမားယူရု ဘုန်းတော်ကြီးကျောင်း

သင်ကြားနေသည့်ဆရာ၏စိတ်ကို အနှောင့်အယှက်ဖြစ်စေမည့် ကိစ္စမှန်သမျှတို့ကို ရှောင်ကြဉ်ပြီး၊ ဆရာ၏ သွန်သင်ချက်များကို နှလုံးသွင်းလိုက်နာခြင်းသည် ကောင်းမှုကုသိုလ်များတိုးပွားလာပြီး၊ စာသင်သားတစ် ဦး၏ လေ့ကျင့်မှုများကို သိသိသာသာတိုးတက်လာစေရန် ကူညီပေးသည်။ မည်သည့် တိဗက် ဗုဒ္ဓဘာသာဝင် ဆရာကိုမဆို လားမား (lama) ဟုခေါ်ဆိုခြင်းသည် ယေဘုယျသဘောဖြစ် သည်။ စာသင်သားတစ်ဦးသည် သင်ကြားပိုင်ခွင့်ရှိသူများထံမှ များစွာသော သင်ကြားမှုကို ရရှိခဲ့ကြပြီး၊၎င်းတို့ကိုလားမားများအဖြစ်ကြည်ညိုလေးစားကြသည်။ သို့သော်လည်း သင်ကြားပေးသူ ဆရာများထဲမှ တစ်ဦးကိုသာ အထူးပြုပြီး၊ သူ၏ဆရာရင်းဟုသတ်မှတ်စွဲကိုင်ထားပြီး၊ ကျန်ရှိသည့်ဆရာများကို သူနှင့် ခင်မင်ရင်းနှီးမှုနည်းသူများအဖြစ် ရှုမြင်ထားသည်။ သို့သော်လည်း ကျန်ဆရာများကို မူလဆရာရင်း၏ အောက်တွင် အဆင့်မြှင့်တင်ထားရှိသည်။ ရံဖန်ရံခါတွင် ၎င်းကို ပထမဦးစွာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာစေရန် စတင်လုပ်ဆောင်ပေးခဲ့သူ ဆရာကို ဆရာရင်းဟု ရှုမြင်ကြသည်။ သို့သော် ဆရာရင်းဟု ယူဆထားသည့် သူ၏ အမြင်ကို အချိန်မရွေးပြောင်းလဲခြင်းရှိသည်။

ဆန့်ကျင်ဘက်စည်းမျဉ်းများဖြစ်သည့် သံသယရှိခြင်းနှင့် ဆရာရင်းဆည်းကပ်ကိုးကွယ်ခြင်းတို့ကို တိဗက်ဗုဒ္ဓဘာ သာလုပ်ပိုင်ခွင့် အာဏာနှင့် ဆည်းကပ်ခံရရန် မျှော်လင့်နေသော ဆရာရင်းအား ထိန်းကြပ်ထားပေးခြင်းအားဖြင့် ပြန်လည် ပေါင်းစည်းစေသည်။ ထိုသို့လုပ်ဆောင်ခြင်းကို ၎င်းအားဆရာရင်းဟု မသတ်မှတ်မှီ သေချာစွာ စိစစ်ပြုလုပ်သည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးသည် နောက်ဆုံးတွင် မိမိ၏ဆရာရင်းဟု မသတ်မှတ်မီ၊ ထိုဆရာရင်းဟု သတ်မှတ်ခံရမည့် ဘုန်းတော်ကြီးထံတွင် ဆယ်စု နှစ်ပေါင်းများစွာ ကြာအောင်သင်ကြားခဲ့သည်လည်း ရှိသည်။