တိန့်လိကျွင်း
| တိန့်လိကျွင်း (Teresa Teng) | |
![]() |
|
| တရုတ်အမည် | 鄧麗君 (Traditional) |
|---|---|
| တရုတ်အမည် | 邓丽君 (Simplified) |
| Pinyin | Dèng Lìjūn (Mandarin) |
| မူရင်းအမည် | Teng Li-chun (鄧麗筠) |
| မူလဌာနေ | |
| မွေးနေ့ | January 29, 1953 ပေါင်ကျုံး၊ ယွင်လင်၊ ထိုင်ဝမ် |
| ကွယ်လွန်သည့်နေ့ | May 8, 1995 (aged 42) ချင်းမိုင်၊ ထိုင်းနိုင်ငံ |
| ထာဝရ အိပ်စက်ရာ နေရာ | ကျင်းပေါင်စန်း သုဿန် |
| အမည်ကွဲ | Teresa Tang, Teresa Deng |
| အလုပ်အကိုင် | တေးဆို |
| ဂီတအမျိုးအစား | တရုတ်ခေတ်ပေါ်တေး၊ ကွမ်တုန်းခေတ်ပေါ်တေး၊ ဂျပန်ခေတ်ပေါ်တေး |
| တေးသံသွင်း ကုမ္ပဏီ | Taiwan: Yeu Jow (1967-1971), Haishan (1971), Life (1972-1976), Kolin (1977-1983), PolyGram (1984-1992) Hong Kong: EMI (1971), Life (1971-1976), PolyGram (1975-1992) Japan: Polydor K.K. (1974-1981), Taurus (1983-1995) |
| Years active | 1967 – 1995 |
| တွဲဖက် လုပ်ကိုင်ခဲ့သူများ | Debbie Gibson, Crystal Gayle, Hibari Misora, Tiffany, Charlene, Olivia Newton-John |
|
Awards
|
|
တိန့်လိကျွင်း (၂၉ ဇန္နဝါရီ ၁၉၅၃ – ၈ မေ ၁၉၉၅) (鄧麗君; Teresa Teng; テレサ・テン) သည် လွှမ်းမိုးမှု ကြီးမားပြီး လူကြိုက်များသည့် ထိုင်ဝမ် ခေတ်ပေါ်အဆိုတော် တဦးဖြစ်သည်။ တိန့်လိကျွင်း၏ တေးသံသည် တရုတ်အသိုင်းအဝိုင်းကြားတွင် သာမက ဂျပန်နှင့် အရှေ့တောင်အာရှ နိုင်ငံများတွင်ပါ လွှမ်းမိုးနေဆဲဖြစ်သည်။ ထို့ကြောင့် “တရုတ်လူမျိုးရှိသည့် နေရာတိုင်းတွင် တိန့်လိကျွင်း၏ အသံကို ကြားနိုင်သည်”ဟု ပြောစမတ်တွင်ခဲ့သည်။ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား ပရိသတ်များအကြားတွင်လည်း သူမ၏ သီချင်းကို ကြိုက်နှစ်သက်ကြသည်။
တိန့်လိကျွင်းသည် သူမ၏ ရိုးရာသံစဉ်များ၊ အချစ်သီချင်းများကြောင့် လူကြိုက်များ ကျော်ကြားခဲ့သည်။ အထူးသဖြင့် "မောင်ဘယ်တော့ထပ်လာမလဲ။" (何日君再來) နှင့် "တို့ရဲ့ခံစားချက်ကို လမင်းလေးသိတယ်။" (月亮代表我的心) စသည့် သီချင်းများသည် ဂန္ဓဝင်တေးအဖြစ် မှတ်တမ်းတင်နိုင်လောက်သည်။ သူမသည် ရုံးသုံးတရုတ်ဘာသာဖြင့် သာမက မင်နန် (ဖူကျန့်စကား)၊ ကွမ်တုန်း၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် အင်္ဂလိပ်ဘာသာများဖြင့်လည်း သီဆိုခဲ့သည်။ သူမ၏ တေးစီးရီးများသည် အရှေ့အာရှတလွှား မည်သူမှလိုက်မမှီအောင် အရောင်းရဆုံး တေးစီးရီးများ ဖြစ်သည်။
ငယ်စဉ်ကတည်းက ရင်ကျပ်ပန်းနာရောဂါ ခံစားနေရသည့် တိန့်လိကျွင်းသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အနားယူနေစဉ်အတွင်း ၁၉၉၅ မေလ ၈ ရက်နေ့ အသက် ၄၂ နှစ် အရွယ်တွင် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့သည်။
