တာတာလူမျိုး

ဝီကီပီးဒီးယား မှ

၅ ရာစုနှစ်လောက်တွင် ဂိုဗီ သဲကန္တာရ၏ အရှေ့မြောက် ဘက်ဒေသ၌ နေထိုင်ကြသော မွန်ဂိုအဆက်အနွယ်တို့ကို တာတာလူမျိုးဟု ခေါ်သည်။ နောင်သောအခါ တာတာလူမျိုး တို့ကို ခီတန်လူမျိုးတို့က တိုက်ခိုက်နှင်ထုတ်လိုက်ရာ၊ တာတာ တို့သည် တောင်ဘက်ဒေသတို့သို့ ရွေ့ပြောင်းနေထိုင်ခဲ့ရသည်။ ၉ ရာစုနှစ်သို့ ရောက်သောအခါ တာတာတို့သည် မွန်ဂိုအင်ပိုင် ယာနိုင်ငံကို တည်တောင်ကြလေရာ၊ မွန်ဂိုလူမျိုးဟု တွင်လာကြ သည်။

၁၃ ရာစုနှစ်၌ ထိုမွန်ဂိုလူမျိုးတို့သည် တူရကီ၊ ရုရှအရှေ့ပိုင်း၊ ဖင်းလန်စသော တိုင်းပြည်များသို့ ချင်းနင်းဝင်ရောက်ကြ လေသည်။ အနောက်ဥရောပအထိ မွန်ဂိုအင်ပိုင်ယာကို ချဲ့ထွင်ခဲ့သော ဂျင်ဂစ်ခန်နှင့် သူ၏အဆက်အနွယ်တို့ မှာ ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့သောမင်းများ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)