တပ်မတော် နည်းပညာ တက္ကသိုလ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တပ်မတော် နည်းပညာ တက္ကသိုလ်
DSTA
DSTA.jpg
ဆောင်ပုဒ် အင်ဂျင်နီယာ စွမ်းပကား တပ်မတော်အား
တည်ထောင်ခုနှစ် ၁၉၉၃
ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းမြင့် (၂၀၀၈ )
ဒုကျောင်းအုပ်
ဝန်ထမ်း
ဆရာ
ဘွဲ့ကြိုကျောင်းသား အပတ်စဉ်တစ်ခုလျှင် ပျှမ်းမျှ ၂၀၀ ခန့်
ဘွဲ့လွန်ကျောင်းသား ရှိ
တည်နေရာ မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့
အကျယ်အဝန်း
ပိုင်ဆိုင်မှု
ရန်ပုံငွေ
အဖွဲ့အစည်း
သတင်းစာ
အထိမ်းအမှတ်အရောင်
အထိမ်းအမှတ်သတ္တဝါ
အားကစားအမည်
အားကစားအသင်း
ကွန်ယက် ကာကွယ်ရေး ဝန်ကြီးဌာန ၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံး


တပ်မတော် နည်းပညာ တက္ကသိုလ် - Defence Services Technological Academy (DSTA) သည် ပြင်ဦးလွင်မြို့မြန်မာနိုင်ငံ တွင် တည်ရှိပြီးမြန်မာ့တပ်မတော် မှ အဦးဆုံးတည်ထောင်ခဲ့သည့် နည်းပညာတက္ကသိုလ် ဖြစ်သည်။ နိုင်ငံတွင်းတည်ရှိသော တက္ကသိုလ်များ အတွင်းမှ လက်ရွေးစင် တက္ကသိုလ်တစ်ခုဖြစ်ပြီး - ထိုတက္ကသိုလ်၌ အင်ဂျင်နီယာဘွဲ့ အမျိုးမျိုးအား သင်ကြားပေးနေပြီး အရွယ်ရောက်ပြီး အိမ်ထောင်မရှိသူ(လူပျို) မြန်မာအမျိုးသားများသာ တက်ရောက် သင်ကြားနိုင် ပါသည်။ ( ၅ ) နှစ်တာ သင်တန်းကာလ ပြီးဆုံးချိန်တွင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းများအား သက်ဆိုင်ရာ ဘာသာရပ်အလိုက် အထူးပြုသင်ကြားသော အင်ဂျင်နီယာဘွဲ့နှင့်အတူ မြန်မာ့တပ်မတော် အတွင်း၌ ဗိုလ် အဆင့်ဖြင့် ခန့်အပ်တာဝန် ပေးအပ်ခြင်းခံရပါသည်။ ထိုသို့ ခန့်အပ် တာဝန်ပေးအပ်ရာတွင် ရရှိခဲ့သော အင်ဂျင်နီယာဘွဲ့ အသီးသီးပေါ် မူတည်၍ မြန်မာ့တပ်မတော်၏ ပင်မအဖွဲ့အစည်း သုံးခုဖြစ်သော တပ်မတော် (ကြည်း) တပ်မတော် (ရေ)နှင့် တပ်မတော် (လေ) ဆိုသည့် တပ်ဖွဲ့ကြီးသုံးခုအောက်၌ ခွဲဝေတာဝန်ချထားပေးပြီး - ထိုသို့ တပ်ဖွဲ့ကြီးအသီးသီး၌ မျှတလုံလောက်စွာ ခွဲဝေတာဝန် ချထားနိုင်ရန်အတွက် တက္ကသိုလ် နောက်ဆုံးနှစ်တွင် စစ်လက်ရုံးရွေးချယ်မှု အား မြန်မာ့တပ်မတော်၏ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေး နှင့် စစ်လက်ရုံး အသီးသီးမှ အကြီးအကဲများ တက်ရောက် ရွေးချယ်မှု ပြုလုပ်ပါသည်။ တပ်မတော် နည်းပညာ တက္ကသိုလ်မှ ကျောင်းဆင်းများမှ မဟာအင်ဂျင်နီယာဘွဲ့ တက်ရောက်ရန် အရည်အချင်း ပြည့်မှီသူများအား ရန်ကုန် နည်းပညာ တက္ကသိုလ်မန္တလေး နည်းပညာ တက္ကသိုလ်၊ ပြည်ပနိုင်ငံများ ဖြစ်သော ရုရှားနိုင်ငံနှင့် အခြားသော ပြည်ပနိုင်ငံများသို့ စေလွှတ်ပညာသင်ကြားစေခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။

မာတိကာ

[ပြင်​ဆင်​ရန်​] သမိုင်းကြောင်း

တပ်မတော် နည်းပညာ တက္ကသိုလ်အား နိုင်ငံတဝှမ်းရှိ တက္ကသိုလ်များ၊ ကောလိပ်များ ယာယီပိတ်သိမ်းထားသည့် ၁၉၉၃ ခုနှစ် ၌ ၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် နိုင်ငံတော်အာဏာ ရယူခဲ့သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ တပ်မတော်အင်ဂျင်နီယာတက္ကသိုလ် (Defence Services Institute of Technology - DSIT) အမည်ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် အပြိုင် တပ်မတော် နည်းပညာ ကောလိပ် နှင့် အခြားသော စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များအားလည်း ဖွင့်လှစ်ခဲ့ပြီး ထိုတက္ကသိုလ်များမှာ တပ်မတော် ဆေးတက္ကသိုလ်နှင့် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာသည် တက္ကသိုလ်တို့ ဖြစ်ပါသည်။

တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ( ၁ ) အား ၁၉၉၉[၁] ခုနှစ် ၌ အင်ဂျင်နီယာဘွဲ့ Bachelor of Engineering (BE) အပ်နှင်းခဲ့ပြီး တပ်မတော် စစ်ကျောင်းကြီးများ၏ ကျောင်းဆင်း စစ်ရေးပြအခန်းအနားများသို့ မြန်မာ့တပ်မတော် [၂] ရှိ အမြင့်ဆုံးအဆင့်ရှိသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပါသည်။

[ပြင်​ဆင်​ရန်​] ရွေးချယ်မှု

တပ်မတော် နည်းပညာ တက္ကသိုလ်၌ ၂၀၁၁ ခုနှစ်ထိ အမျိုးသမီး ဗိုလ်လောင်းများ လက်ခံသင်ကြားခြင်းမရှိသေးပါ။ တပ်မတော်နည်းပညာတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားရန် အခြေခံပညာ ပညာ အထက်တန်းအောင်မြင်၍ ကန့်သတ်ရမှတ်ရရှိသူ အသက် (၁၆ နှစ်မှ ၁၈ နှစ်) အတွင်း မြန်မာနိုင်ငံဖွား အမျိုးသားများ ဝင်ရောက်လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသူများအား တပ်မတော်နည်းပညာတက္ကသိုလ် မတက်ရောက်မှီ ရန်ကုန်မြို့ တပ်မတော် ဗိုလ်ရွေးအဖွဲ့ ၌ ကိုယ်လက်ကြံ့ခိုင်မှုစွမ်းရည်၊ ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်၊ ခေါင်းဆောင်မှုအရည်အချင်း၊ စိတ်ပညာနှင့် အထွေထွေဗဟုသုတများအား စာတွေ့ လက်တွေ့ စစ်ဆေးအကဲဖြတ်မှု ပြုလုပ်ပါသည်။ ထိုအကဲဖြတ် စစ်ဆေးမှုမှာ ပျမ်းမျှ ၅ ရက်မှ ၇ ရက်အတွင်း ကြာမြင့်ပြီး တပ်မတော် ဗိုလ်ရွေးအဖွဲ့၏ စစ်ဆေးရေး ဘုတ်အဖွဲ့မှ ဖြေဆိုအောင်မြင်သူများကိုသာ သက်ဆိုင်ရာ တပ်မတော်စစ်ကျောင်းကြီးများသို့ တက်ရောက်ရန် အတည်ပြုရွေးချယ်မှု ပြုလုပ်ပါသည်။

[ပြင်​ဆင်​ရန်​] သင်ကြားရေး

တပ်မတော်နည်းပညာတက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားခွင့်ရသော ဗိုလ်လောင်းများသည် အခြေခံစစ်ပညာမှ စ၍ တပ်စုမှုးအဆင့်ထိ ကြီးကြပ်ကွပ်ကပ်မှု စစ်ပညာရပ်များအား အင်ဂျင်နီယာဘာသာရပ်များနှင့် အတူ ငါးနှစ်တာကာလ ပူးတွဲသင်ယူကြရပါသည်။

ဗိုလ်လောင်းများအား သင်ကြားသည့် အခြေခံ စစ်ပညာ၌ စစ်ရေးပရိယာယ်၊ ခေါင်းဆောင်မှု ပညာရပ်၊ အခြားသော စစ်ဘက်ဆိုင်ရာ သင်ရိုးများ ပါဝင်ပြီး တပ်မတော်နည်းပညာတက္ကသိုလ်သို့ စတင်တက်ရောက်သည့် ပထမနေ့မှ စ၍ သင်တန်းပြီးဆုံးသည့် နှစ်ထိ သင်ယူကြရပါသည်။ တပ်မတော်နည်းပညာတက္ကသိုလ် သို့ တက်ရောက်အောင်မြင်၍ မဟာအင်ဂျင်နီယာဘွဲ့ တက်ရောက်ရန် အရည်အချင်း ပြည့်မှီသူများအား ရန်ကုန် နည်းပညာ တက္ကသိုလ်မန္တလေး နည်းပညာ တက္ကသိုလ်၊ ပြည်ပနိုင်ငံများ ဖြစ်သော ရုရှားနိုင်ငံနှင့် အခြားသော ပြည်ပနိုင်ငံများသို့ စေလွှတ်ပညာသင်ကြားစေခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။

[ပြင်​ဆင်​ရန်​] ဖွဲ့စည်းပုံ

၁၉၉၃ ခုနှစ် တပ်မတော်နည်းပညာတက္ကသိုလ် စတင်တည်ထောင်စဉ်ကာလ၌ ဗိုလ်လောင်းတပ်ရင်းဟူ၍ မရှိသေးပဲ အနော်ရထာကျန်စစ်သားဘုရင့်နောင်အောင်ဇေယျအောင်ဆန်း ဟူသည့် တပ်ခွဲ ( ၅ ) ခွဲဖြင့်သာ တည်ရှိခဲ့ပြီး သင်တန်းသားဦးရေပေါ် မူတည်၍ ၂၀၀၂ ခုနှစ်၌ ယခင်တည်ရှိခဲ့သော တပ်ခွဲဟောင်းများအား ဖျက်သိမ်းကာ အနော်ရထာ တပ်ရင်းနှင့် ဘုရင့်နောင် တပ်ရင်းဟူ၍ တပ်ရင်းနှစ်ခုပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ထိုတပ်ရင်းအသီးသီးအောက်၌ တပ်ခွဲငယ် (၁၀) ခုဖြင့် ထပ်မံဖြည့်သွင်း ဖွဲ့စည်းခဲ့ပြီး တပ်ခွဲငယ်များ၏ အမည်အား တပ်ခွဲ (၁) - (၁၀) ဟူ၍ အသီးသီး ခေါ်တွင်ခဲ့ပါသည်။ ဗိုလ်လောင်းတပ်ခွဲ အသီးသီး၌ အုပ်ချုပ်မှုပုံစံအား နှစ်ကြီးဗိုလ်လောင်းများမှ နှစ်ငယ်ဗိုလ်လောင်းများအား ကြီးကြပ်ကွပ်ကဲမှု ပုံစံဖြင့် ကွပ်ကဲထားရှိပြီး ၎င်းတပ်ခွဲ အသီးသီး၌လည်း တပ်ခွဲနေ ဗိုလ်လောင်း အားလုံးအား တပ်ခွဲအဆင့်မှ တပ်စု တပ်စိတ် အဆင့်ထိ အသေးစိတ် ကွပ်ကဲအုပ်ချုပ်မှုပုံစံ ပြင်ဆင်ထားရှိပါသည်။ နှစ်စဉ် ဗိုလ်လောင်းသင်တန်း အပတ်စဉ်သစ်များအား အောက်တိုဘာနှင့် နိုဝင်ဘာလများ အတွင်း ခေါ်ယူလေ့ရှိပြီး ဗိုလ်လောင်း သင်တန်းသားသစ်များအား နှစ်ကြီးဗိုလ်လောင်းများ ကျောင်းဆင်းပွဲမကျင်းပမီ တပ်မတော်နည်းပညာတက္ကသိုလ် ပရဝုဏ်အတွင်းရှိ မြေစိုက်ဆောင်များ၌ သီးခြားခွဲ၍ အခြေခံစစ်ပညာများ သင်ကြားလေ့ကျင့်ပေးကာ ကျောင်းဆင်းပွဲလွန် ကာလ၌ သက်ဆိုင်ရာ တပ်ရင်း တပ်ခွဲ အသီးသီးသို့ လွှဲပြောင်းပို့ဆောင်၍ စာပေပညာ စစ်ပညာများ ဆက်လက် သင်ကြားမှု ပြုလုပ်စေပါသည်။

[ပြင်​ဆင်​ရန်​] ကျောင်းပရဝုဏ်

တပ်မတော်နည်းပညာတက္ကသိုလ်သည် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တွင်တည်ရှိသော ညီနောင်တက္ကသိုလ် တစ်ခုဖြစ်သည့် စစ်တက္ကသိုလ်တည်နေရာမှ ဆန့်ကျင်ဘက် မန္တလေး-လားရှိုး အဝေးပြေးလမ်းပေါ်ရှိ ဝက်ဝံရပ်အနီးတွင် တည်ရှိပါသည်။ ပြင်ဦးလွင်မြို့၌ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် အတူ တပ်မတော် အုပ်ချုပ်မှုကျောင်း[၃]နှင့် အခြားသော စစ်ဘက်ဆိုင်ရာ သင်တန်းများ သင်ကြားရာ ကျောင်းများလည်း တည်ရှိပါသည်။

[ပြင်​ဆင်​ရန်​] ဆက်စပ် ကြည့်ရှုရန်

[ပြင်​ဆင်​ရန်​] ကိုးကား

  1. Defence Services Institute of Technology. Burmese American Democratic Alliance. Retrieved on 2008-12-13
  2. Thet Khaing (2006-01-09). "Military engineers urged to maintain adaptability". The Myanmar Times. 
  3. Clive Parker (2006-10-28). Inside Myanmar's secret capital. Retrieved on 2008-12-13
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်