တန့်ဆည်
Wikipedia မှ
တန့်ဆည် (Taze or Tant-Se) တန့်ဆည်မြို့နယ်သည် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းတွင် တည်ရှိပြီး နယ်စပ်မြို့နယ်များအဖြစ် ရေဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကလေးဝမြို့နယ်တို့နှင့် နယ်နမိတ်ချင်းထိစပ်နေသည်။ ရေဦးမြို့နှင့် ၁၄ မိုင်ခန့်ကွာဝေးပါသည်။ အမတ်ကြိးဦးပေါ်ဦး၏ မွေးရပ်ဒေသအဖြစ်လူသိများသည်။ အဓိကစိုက်ပျိုးသီးနှံများမှာ စပါး၊ ပြောင်းနှင့် ပဲမျိုးစုံတို့ဖြစ်သည်။
သမိုင်းကြောင်း [ပြင်ဆင်ရန်]
အလောင်းစည်သူမင်းကြီး ဖောင်တော်ရပ်တန့်ရာနေရာကို ဆည်(ကန်)ဖို့၍ ၎င်းရွာကို တန့်ဆည်ရွာဟု ခေါ်ပြီး နောင်တွင် အစိုးရရုံးစိုက်ရာမြို့ဖြစ်လာသည်။
ပွဲတော်များ [ပြင်ဆင်ရန်]
နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၁၀)ရက်မှ (၁၅) ရက်နေ့အထိ ရွှေကတော့မြတ်စွာဘုရားပွဲတော်ကြီးသည် တစ်မြို့နယ်လုံးသာမက အနီးအနားမှပင် ထင်ရှားသိသော ဘုရားပွဲတော်ဖြစ်ပါသည်။