တစ်ပင်ရွှေထီး၊ အပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တပင်ရွှေထီးပင်
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Plantae
မျိုးပေါင်း [[Magnoliopsida]]
မျိုးစဉ် [[Euphorbiales]]
မျိုးရင်း [[Euphorbiaceae]]
မျိုးစု [[Jatropha]]
မျိုးစိတ် '''''Jatropha podagrica'''''
ဒွိနာမ
''Jatropha podagrica''

အလှတရားဆိုတာ ကြည့်သောသူ၏မျက်စိထဲမှာ တည်ရှိတယ် ဆိုတဲ့စကားဟာ တစ်ပင်ရွှေထီးအပင်ကို ရည်ညွှန်းပြောလေသလားဟု မှတ်ထင်မိပါသည်။

ရုက္ခဗေဒအမည်အားဖြင့် Jatropha podagrica ဟုအမည်ခေါ်တွင်ပြီး အရပ်အခေါ် Buddha Belly ၊ Bottle Plant ,၊ Gout Stick ၊ Guatemalan Rhubarb ၊ Tartoga ဟု အမည်ခေါ်တွင်သော အံ့ဩစရာကောင်းလောက်အောင် အမြင်အာရုံကိုစွဲဆောင်နိုင်တဲ့ အပင်ကို မြန်မာလူမျိုးများက တစ်ပင်ရွှေထီး ဟုအမည်မှည့်ခေါ်ကြသည်။

အခြားအပင်များနှင့်မတူဘဲ သူ့ရဲ့ထူးခြားတဲ့သွင်ပြင်ကိုကဆွဲဆောင်နိုင်လွန်းလှပါတယ်။ မီးခိုးရောင်ဖောင်းကြွတဲ့ပင်စည်ဟာ ကြွပ်ဆတ်ပါသည်။ အရွက်များသည် ဝက်သစ်ချရွက်နှင့် သဏ္ဌာန်တူပြီး အစမ်းရင့်ရောင် ရှိပါသည်။ အရွက်တစ်ရွက်စီသည် အချင်း ၁၂ လက်မအထိကြီးမားကျယ်ပြန့်ပါသည်။ အရွက်၏ အောက်ခြေဘက်အရောင်က အဖြူရောင်ဖြစ်ပါသည်။ ထောင်မတ်သည့် ရိုးတံထိပ်မှာ လိမ္မော်နီရောင် ၊ အဝါရောင် အပွင့်လေးများ အစုလိုက် အပြုံလိုက် ပွင့်ကြပါသည်။ အဖိုပွင့်ရော၊ အမပွင့်ပါ နှစ်မျိုးစလုံးရှိပါသည်။ အမပွင့်သည် အဖိုပွင့်ထက်စောစီးစွာ ပွင့်ပါသည်။

တစ်နှစ်ပတ်လုံးပန်းပွင့်ပြီး ပူနွေးတဲ့ရာသီမှာ ပို၍ ပွင့်ပါသည်။ တစ်ပင်ရွှေထီးပန်းပွင့်များသည် လိပ်ပြာများကို ဆွဲဆောင်ပါသည်။ တစ်ပင်ရွှေထီးအပင်၏ မူလဇာတိနေရာကတော့ အမေရိကအလယ်ပိုင်း ၊ ဂွာတီမာလာ ၊ ပနားမား နဲ့ ကိုလံဘီယာနိုင်ငံ တို့ဖြစ်ကြပါသည်။ အပင်ငယ်စဉ်ကာလမှာ ရေကိုပုံမှန်လောင်းပေးရန် လိုအပ်သော်လည်း အပင်ကြီးထွားလာပြီးနောက်ပိုင်းမှာ ရေကို နေ့စဉ်မှန်မှန်လောင်းပေးဖို့ မလိုအပ်တော့ဘဲ ခြောက်သွေ့မှုကိုခံနိုင်ရည်စွမ်းရှိတဲ့ အပင်အမျိုးအစားဖြစ်ပါသည်။ နေရောင်ခြည်အနည်းငယ်ရရှိရန်သာလိုအပ်ပြီး ရေစီးရေလာကောင်းမွန်တဲ့မြေဆီလွှာမျိုးကိုနှစ်သက်ပါသည်။ ပန်းပွင့်များကြီးထွားရင့်မှည့်လာပြီး လျှင် အစိမ်းရောင်အသီးလေးများသီးပါသည်။ ထိုအသီးများရင့်မှည့်လာသောအခါ မျိုးအောင်သောအစေ့များမှ မျိုးပွားပါသည်။ အသီးများပေါက်ကွဲပြီး အစေ့များသည် အဝေးသို့လွင့်စင်ပြီး အစေ့ကျတဲ့နေရာမှာ အပင်သစ်တစ်ပင် ပေါက်ပါသည်။

တစ်ပင်ရွှေထီးအပင်သည် ၁၈ လက်မမှ ၂၄ လက်မအထိ မြင့်မားကြီးထွားပါသည်။ ပန်းအိုးအတွင်းမှာထည့်ပြီးစိုက်ပျိုးလေ့ရှိကြသလို အိမ်ခြံဝင်းအတွင်းမှာလည်း မြေကြီးချ စိုက်ပျိုးလေ့ရှိကြပါသည်။

ပန်းပွင့်နေလျှင် အပင်၏ထူးခြားသည့် အလှကြောင့် ကလေးငယ်များသည် တစ်ပင်ရွှေထီးပင်ကို နှစ်သက်တတ်ကြပြီး အပွင့် ၊ အရွက် တို့ကိုချိုးယူဆော့ကစားတတ်ကြပါသည်။ တစ်ပင်ရွှေထီးအပင်၏ အစေ့နှင့် အပင်တစ်ပင်လုံး၏ မည်သည့်အစိတ်အပိုင်းမဆိုသည် အဆိပ်အတောက်ဖြစ်စေတဲ့အတွက် ကလေးငယ်ရှိသည့် အိမ်ရှင်မများ ဂရုတစိုက်ကြည့်ရှုဖို့တော့လိုအပ်ပါသည်။ ပန်းပွင့်များ၏ ထူးခြားသည့်အလှ ၊ အပင်၏ တစ်မူထူးသည့် အသွင်သဏ္ဌာန်တို့ကြောင့် နေအိမ်မှာစိုက်ပျိုးထားရှိမယ် ဆိုရင် အိမ်ကိုအလည်လာတဲ့ ဧည့်သည်များက အထူးစိတ်ဝင်စားမှာဖြစ်ပြီး စိုက်ပျိုးသူ ကိုလည်းထူးခြားတဲ့အမြင်အာရုံကိုပေးစေနိုင်ပါသည်။

ကိုးကား[ပြင်​ဆင်​ရန်​]