တစ်ပင်တိုင်ဝါး

ဝီကီပီးဒီးယား မှ
Melocanna baccifera
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
Clade: Commelinids
မျိုးစဉ်: Poales
မျိုးရင်း: Poaceae
မျိုးဇာတ်သေး: Melocanninae
မျိုးစု: Melocanna
မျိုးစိတ်:
M. baccifera
ဒွိနာမ
Melocanna baccifera
(Roxb.) Kurz
Synonyms[၁]

ရုက္ခဗေဒအလိုအရ တစ်ပင်တိုင်ဝါးကို 'မဲလိုကန္နား ဗမ်းဗူး ဆွိုက်ဒီး' (melocanna bambusoides) ဟုခေါ်သည်။ တစ်ပင်တိုင်ဝါး ရခိုင်ရိုးမအထက်ပိုင်းနှင့် တနင်္သာရီရိုးမတောင်များ၌ ပေါက် ရောက်သည်။ ထိုဝါးမျိုးသည်အခြားဝါးများကဲ့သို့ ဝါးရုံဖွဲ့၍ မပေါက်ဘဲ၊ မြေကြီးအောက်တွင် ကွေ့ကောက်လျက်ရှိသော ရိုင်းဇမ်းများမှ ထိုးထွက်၍ပေါက်ကြသည်။ ထိုဝါးပင်များသည် အမြင့်ပေ ၃ဝ မှ ၆ဝ အထိရှိ၍၊ အချင်း ၁ လက်မ မှ ၃ လက်မအထိရှိသည်။ ထို ဝါးကို အိမ်ဆောက်ရာ၌လည်းကောင်း၊ တောင်းများပြုလုပ်ရာ၌လည်းကောင်း အသုံးချကြသည်။ စက္ကူ လုပ်ရာတွင်လည်းအသုံးချကြသည်။ တစ်ပင်တိုင်းဝါး အရိုးငယ်ကလေးများကို ပုသိမ်မြို့၌ထီးရိုးတံများပြုလုပ်ရာတွင် အသုံးပြုကြသည်။

ထီးရိုးလုပ်ရန်အတွက် သက်သက်အသုံးပြုသော ဝါးမျိုးရှိ သည်။ ထိုဝါးကို ထီးရိုးဝါးဟု ခေါ်ကြ၏။ ရုက္ခဗေဒအမည်မှာ 'သားစိုးစတားချီး ဆိုင်အမ်မင်းစစ်'ဖြစ်သည်။ ထီးရိုးဝါးသည် တည့်မတ်စွာပေါက်၍ ခိုင်ခံ့သော ဝါးမျိုးဖြစ်သည်။ အမြင့်ပေ ၃ဝ မှ ၄ဝ အထိရှိ၍၊ အချင်း ၁ ၁/၂ လက်မမှ ၂ ၁/၂ လက်မအထိ ရှိသည်။ ထီးရိုးဝါးကို ငါးမျှားတံလုပ်ရာ၌လည်း အသုံးပြုကြသည်။

တစ်ပင်တိုင်ဝါးသည် နှစ်ပေါင်း ၃ဝ တွင် အခါအပွင့်ပွင့် သည်ဟုဆိုသည်။ အပွင့်ပွင့်သောအခါ တစ်တောလုံး တစ်ချိန် တည်း ပွင့်ကြသည်။ တစ်ပင်တိုင်ဝါးပင်များ အသီးသီးသည်။ ထိုအသီးများသည် အလျား ၃ လက်မမှ ၅ လက်မထိ ရှိ၍၊ အနံ ၂ လက်မမှ ၃ လက်မထိ ရှိသည်။ အစေ့ထဲမှ အသားကို စားနိုင်သည်။

တစ်ပင်တိုင်ဝါးကို ကရင်ဝါး သို့မဟုတ် ခရောင်းဝါးဟူ၍ လည်း ခေါ်ကြသည်။ တစ်ပင်တိုင်ဝါးအမည်ဖြင့် အခြားဝါးမျိုး များလည်း ရှိသေးသည်။ ထိုဝါးမျိုးတို့၏ ရုက္ခဗေဒအမည်များ မှာ 'ဗမ်းဗူးဆား ဗိလိုဆူလာ'၊ 'ဂျိုင်ဂင်တိုကလိုအာ မက်ကရို စတက်ချီယား'၊ 'ဒင်ဒရိုကယ်လေးမတ် လောင်ဂျီစပေးသပ်'၊ 'ဗမ်းဗူးဆား တာလဒါ'၊ 'ဗမ်းဗူးဆား လောင်ဂျီစပီကျူလေး တား'၊ 'မယ်လိုကနား ဟျူမီလစ်'တို့ဖြစ်ကြသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. The Plant List: A Working List of All Plant Species။ 18 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 April 2015 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)