တင်း(ဓာတုဗေဒ)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

တင်း(Tin) (ခဲမဖြူ) သည် ပျော့ပျောင်း၍ အလွယ်တကူပုံသွင်းနိုင်သော ငွေဖြူရောင် သတ္တု တစ်မျိုးဖြစ်သည်။ အောက်ဆီဂျင်နှင့် အလွယ်တကူ ဓာတ်ပြုခြင်း မရှိသောကြောင့် သံချေးတက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ တင်း(Tin)သည်ပင်လယ်ရေနှင့် သိုလှောင်ထားသော ရေများကြောင့် အလွယ်တကူသံချေးမတက်နိုင်ပေ။

အသုံးပြုခြင်း[ပြင်​ဆင်​ရန်​]

တင်း(Tin) ကို coating ပြုလုပ်ရာတွင် အသုံးပြုပြီး၊ အထူးသဖြင့် အစားအစာ စည်သွတ်ဘူးပြုလုပ်ရာတွင် Tin coating လုပ်ထားသော သံဗူးများကို အများဆုံးအသုံးပြုသည်။ Tin ပါဝင်သော သတ္တုစပ် (alloys) များကို ပိုက်ဆက်ခြင်း၊ လျှပ်စစ် circuits များချိတ်ဆက်ခြင်း၊ pewter, bell metal, babbit metal နှင့် dental amalgams စသည်တို့ ပြုလုပ်ရာတွင် အသုံးပြုသည်။ niobium-tin သတ္တုစပ်ကို superconduction magnets တွင်လည်းကောင်း၊ tin oxide ကို ကြွေထည်မြေထည် နှင့် gas sensors or gas detector များတွင် အသုံးပြုသည်။ Tin သတ္တုပြားများကို ယခင်က အစားအသောက်များ၊ ဆေးဝါးများ ထုပ်ပိုးရာတွင် အသုံးပြုသော်လည်း ယခုအခါ aluminium သတ္တုပြားများ ပိုမို အသုံးပြုလာသည်။

သဘာဝတွင် တွေ့ရှိမှု အခြေအနေ[ပြင်​ဆင်​ရန်​]

Tin oxide သည်ပျော်ဝင်မှုမရှိပဲ ရာသီဥတုဒဏ်ခံနိုင်သဖြင့် မြေထုနှင့် သဘာဝရေထဲတွင် ပါဝင်မှုနည်းသည်။ တချို့မြေကြီးတွင် 1-4 ppm ခန့်ပါဝင်ပြီး၊ တချို့ မြေတွင်မူ 0.1 ppm ထက်လျော့နည်းသည်။ မြေကြီးတွင် Tin oxide အများဆုံးပါဝင်နိုင်မှုမှာ 300 ppm ခန့်ဖြစ်သည်။ သဘာဝအသီးအရွက်နှင့် စားသုံးနေသော အသားများတွင် tin ပါဝင်မှုအနည်းငယ်ရှိသည်။ တင်းသတ္တုအလွှာ(tin belt) ထုတ်ယူနိုင်သော သတ္တုထုတ်လုပ်ရာနေရာ (mining area) ကို တရုတ်ပြည်မှ စတင်ပြီး ထိုင်း၊မြန်မာ၊မလေးရှားတို့ကိုဖြတ်ပြီး အင်ဒိုးနီးရှား ကျွန်းဆွယ်အထိ ရှည်လျားစွာ တွေ့ရသည်။ မလေးရှားသည် ကမ္ဘာပေါ်တွင် တင်း(Tin) ထုတ်လုပ်မှု၏ 40% ကို ရှိသည်။ Bolivia နှင့် Brazil တို့တွင်လည်း Tin mine များကိုတွေ့ရသည်။ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် တင်း(Tin) ၁၄၀ တန် ထုတ်လုပ်လျက်ရှိပြီး ထုတ်လုပ်နိုင်မှု 4 million tones အထိရှိသည်။ တင်း(Tin)ပါဝင်သောပစ္စည်းများတွင် လောလောဆယ် အသုံးပြုမှုမှာ တစ်နှစ်လျှင် ၁၃၀ တန်ခန့်ဖြစ်သည်။

ကျန်းမာရေးအပေါ် သက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

တင်း(Tin) သည်အဓိကအားဖြင့် အမျိုးမျိုးသော organic substances များနှင့် တွဲစပ်နိုင်သည်။ ထို organic tin bonds များသည် လူအတွက် အန္တရာယ် အများဆုံးဖြစ်သည်။ organic tin bonds များကို စက်ရုံများတွင် အများအပြား တွေ့ရတတ်သည်။ ဥပမာ- ဆေး(သုတ်ဆေး)စက်ရုံ၊ ပလပ်စတစ် စက်ရုံ၊ စိုက်ပျိုးရေးနှင့် ဆိုင်သော ပိုးမွှားသတ် ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ။ organic tin substances တွေဟာတိုးပွားလျှက်ရှိပြီး လူတွေအတွက် အဆိပ်အတောက် တစ်ခုသဖွယ်လက်ခံထားကြသည်။ ၎င်းတို့၏ သက်ရောက်မှုသည် organic ထဲတွင် ပါဝင်သော substance အမျိုးအစားပေါ်မူတည်၍ အမျိုးမျိုးကွဲပြားသည်။ ထိုထဲမှ Triethyltin သည် လူတို့အတွက် အန္တရာယ်အများဆုံး organic tin substance တစ်ခုဖြစ်တယ်။ ၎င်းထဲတွင် hydrogen bonds ပါဝင်မှုရှိပြီး၊ hydrogen bonds ပါဝင်မှုကြီးလေလေ tin substance ရဲ့အန္တရာယ်လျှော့ နည်းလေလေဖြစ်သည်။ လူသည် tin bonds များကို အစားအစာများမှလည်းကောင်း၊ အရေပြားကိုဖြတ်၍လည်းကောင်း စုပ်ယူနိုင်တယ်။ tin bonds များကို အသက်ရှူသွင်းခြင်းဖြင့် ရေရှည်တွင် ဆိုးကျိုးများ ဖြစ်စေနိုင်သည်။

အဓိကဖြစ်စေနိုင်သော သက်ရောက်မှုများမှာ –

  • မျက်စိနှင့် အသားအရေကို ထိခိုက်နိုင်သည်
  • ခေါင်းမူး၊ ခေါင်းကိုက် ဖြစ်စေနိုင်သည်
  • အစာအိမ် ထိခိုက်နိုင်သည်
  • ဖျားနာခြင်း၊ အတွေးအခေါ်ရှုတ်ထွေးခြင်းများ ဖြစ်စေနိုင်သည်
  • ပြင်းထန်သော စိတ်ဖိစီးမှု ခံစားရခြင်း၊ အသက်ရှူမဝခြင်းတို ့ ဖြစ်စေနိုင်သည်
  • ဆီးနှင့် ပက်သက်သော ပြဿနာများ ဖြစ်စေနိုင်သည်။

ရေရှည်တွင် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများမှာ –

  • စိတ်ဖိစီးမှုများ
  • အသည်းထိခိုက်မှု
  • ကိုယ်ခံအားကျဆင်းခြင်း
  • ခရိုမိုဆုန်း (Chromosome)များထိခိုက်ပျက်စီးခြင်း
  • သွေးနီဥများ သက်တမ်းတိုခြင်း
  • စိတ်တိုလွယ်ခြင်း၊ အိပ်မပျော်ခြင်း၊ မေ့ပျောက်လွယ်ခြင်း၊ ခေါင်းမူး ခေါင်းကိုက်ခြင်း အစရှိသော ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည်။

ပါတ်ဝန်းကျင်သို့ သက်ရောက်မှု အခြေအနေ[ပြင်​ဆင်​ရန်​]

တင်း(Tin)၏ single atoms သို့မဟုတ် molecules များသည် လူတို့၏ organism ကို အဆိပ် မဖြစ်စေနိုင်ပါ။ ၎င်းပါဝင်သော organic form တွေကသာ လူတွေကို အဆိပ်အတောက် ဖြစ်စေနိုင်သည်။ Organic tin components တွေဟာ သဘာဝပတ်ဝန်းကျင်ထဲမှာ အချိန်ကြာမြင့်စွာရှိနေနိုင်ပြီး အလွယ်တကူမပြို ကွဲနိုင်ပေ။ Microrganisms ဟာ organic tin compounds တွေကိုခွဲထုတ်ပေးပြီး ရေအောက်ကြမ်းပြင်ပေါ်တွင် စုစည်းပေးနေသည်။ ထို့ကြောင့် organic tins တွေ တိုးပွါးလျက်ရှိနေသည်။ Organic tins များသည် စွန့်ပစ်ပစ္စည်းများမှ တဆင့် ရေထဲတွင် ပျံ့နှံ့လာနိုင်သည်။ ထို့ကြောင့် fungi, algae နှင့် phytoplankton အစရှိသည့် ရေနေသတ္တဝါများ၊ အပင်များကို များစွာ အဆိပ်ဖြစ်နေနိုင်သည်။ Phytoplankton သည် aquatic ecosystem တွင် အရေးပါပြီး၊ အခြား ရေအောက်ရှင်သန်မှုများအတွက် oxygen ကိုလည်း ထုတ်လုပ်ပေးသည်။ ၎င်းသည် ရေအောက်အစားအစာအတွက်လဲ အရေးပါသည်။ Tributyltins များသည် ငါးနှင့် fungi တွေကိုအဓိက အန္တရာယ်ဖြစ်စေနိုင်ပြီး၊ phytoplankton များကို ပို၍ပင် အဆိပ်ဖြစ်စေနိုင်သည်။ Organic tins များသည် ပြန်လည်ထုတ်လုပ်ခြင်း၊ အစာချေဖျတ်မှု စနစ် နှင့် ရေနေသတ္တဝါများ၏ အစားအစာ များအပေါ် ပြင်းထန်စွာ အနှောက်အယှက်ပေးလျက်ရှိသည်။ tin compounds များသည် အဓိကအားဖြင့် ရေထု၏ အပေါ်ဆုံးအလွှာတွင် အများဆုံးပါဝင်နေတတ်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူယ ကိုပြည့်ဖြိုးအောင်မှ ဘာသာပြန်ဆိုသည်။

Stub