တင်ရွှေ၊ ဆရာဝန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆရာဝန် တင်ရွှေ (၁၉၃၆ - ၂၀၀၀)

ဆရာဝန် တင်ရွှေ (၁၉၃၆ - ၂၀၀၀)[ပြင်​ဆင်​ရန်​]

၁။ အမည်ရင်း - ဦးတင်ရွှေ ၂။ မိဘအမည် - ဦးပါ + ဒေါ်ရှင်ရှင် ၃။ မွေးသက္ဗရာဇ် - ၁၉၃၆ ခုနှစ် ၄။ မွေးဖွားရာဒေသ - မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၅။ ကလောင်အမည်ခွဲများ - မရှိပါ။

ကိုယ်ရေးဖြစ်စဉ်[ပြင်​ဆင်​ရန်​]

ငယ်စဉ်က မော်လမြိုင်မြို့၊ စိန်ု့ပက်ထရစ်ကျောင်း၊ ဥပစာ ကောလိပ်တို့တွင် ပညာ သင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန် ဆေးတက္ဗသိုလ် (၁)၊ လန်ဒန် တက္ကသိုလ်၊ အမေရိကန်နိုင်ငံ ဂွျန်ဟော့ပကင်း တက္ဗသိုလ်တို့တွင် အထက်တန်း ပညာများကို သင်ကြားခဲ့ရသည်။


ရန်ကုန် ဆေးတက္ကသိုလ် (၁) မှ ၁၉၆ဝ ပြည့်နှစ်တွင် ဆရာဝန်ဘွဲ့ ရသည်။ ၁၉၆၇ ခုနှစ်တွင် D.C.M.I. ဘွဲ့နှင့် ၁၉၆၈ ခုနှစ်တွင် D.C.M.I. ဘွဲ့တို့ကို ရခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန် တက္ကသိုလ်မှ Ph.D. ဘွဲ့ရရှိသည်။ ထို့အပြင် ဆေးသုတေသန စာတမ်းများ အပေါ် စိစစ်ပြီး ပေးသော F.A.C.T. (Autralia) နှင့်F.R.C.P. (Edin) D.L.S.H.T.M. ဘွဲ့များလည်း ချီးမြှင့် ခံရသည်။


၁၉၆၃ ခုနှစ်တွင် အနုပညာ စာပေဆိုင်ရာ စာပဒေသာ (ပထမ) ဆုနှင့် ၁၉၉၄ ခုနှစ်၌ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး ကျမ်းစာပေ အတွက် နှစ်သိမ့်ဆု ချီးမြှင့် ခံရသည်။ ၁၉၉၆ ခုနှစ်၊ ဆေးသုတေသန စာတမ်း ဖတ်ပွဲတွင် အကောင်းဆုံး ပိုစတာဆု၊ ဝန်ထမ်းကောင်း ဆုများကိုလည်း ချီးမြှင့် ခံရသည်။ စာရေးဆရာ ဆရာဝန်တင်ရွှေသည် ၁၉၆ဝ ပြည့်နှစ်က မော်လမြိုင်တွင် နေသော ဦးရွှေကူး၊ ဒေါ်ကြည်တို့၏ သမီး ဒေါ်အေးသန့်နှင့် လက်ထပ်ခဲ့ကြသည်။


ဆရာဝန်ဘွဲ့ ရပြီးနောက် လူနာအရေးကို ဦးစားပေးကာ အနာကြီးရောဂါ အထူးကု ဆရာဝန် တာဝန်ကို မန္တလေး၊ ထောက်ကြံ့နှင့် ကျိုင်းတုံမြို့တို့တွင် ထမ်းဆောင်ခဲ့သည်။ ထို့နောက် ကျမ်းမာရေး ဝန်ကြီးဌာန အောက်ရှိ ဆေးသုတေသန ဦးစီး ဌာနအပြင် ငှက်ဖျား သုတေသန ယူနစ်တွင် သုတေသနမှူး၊ ယူနစ် ခေါင်းဆောင် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် သက်ပြည့် ပင်စင် ယူခဲ့သည်။ ကမာ္ဘ့ ကျန်းမာရေး အဖွဲ့ ငှက်ဖျားရောဂါ သုတေသနတွင် အဓိက သုတေသီ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုသုတေသန လုပ်ငန်းများကို ဆရာ ကွယ်လွန်ချိန် အထိ ဆောင်ရွက်ခဲ့သည်။


ဆေးတက္ကသိုလ် (၂) တွင် ၁ဝ နှစ်ကျော် အကျိုးဆောင် ကထိက တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ မဟာသိပ္ပံ သင်တန်းသား ၁၂ ဦး၊ Ph.D. ကျောင်းသား နှစ်ဦးတို့၏ သုတေသန စာတမ်းများ ဖြစ်မြှောက်ရေး ကြီးကြပ်သူ အဖြစ် အကူအညီ ပေးခဲ့သည်။ လစဉ်ထုတ် မဂ္ဂဇင်းများတွင် ဆေးပညာပေး ဆောင်းပါးများကိုလည်း ရေးသားခဲ့သည်။ ဆေးပညာ သုတေသန စာတမ်း ၁၈၂ စောင်ကို ပြည်တွင်း အတွက် သာမက၊ ပြည်ပသို့ပါ ရေးသား တင်သွင်းခဲ့သည်။ ဆရာ၏ 'သူရဲခြောက်သော အိမ်ကြီး'၊ 'လူနာအမှတ်'၊ 'ယောနယ်၌ ပြုစားခံရခြင်း' နှင့် 'ဆေးပညာ အထွေထွေ'ဟူသည့် ဆောင်းပါး သုံးပုဒ်ကို ကျောင်းသုံး အဖြစ် ပြဌာန်း ခဲ့ရသည်။ ဆရာဝန် တင်ရွှေ ရေးသား ထုတ်ဝေခဲ့သော စာအုပ်များသည် အကျိုးအမြတ် ရရှိသော စာအုပ်များလည်း ရှိပါသည်။ သို့သော် ဆရာဝန် အချိန်ပြည့် မရှိနိုင်သော ဒေသများတွင် 'စာတအုပ် ဖတ်ရှု နားလည်က ရောဂါ သက်သာနိုင်ပါစေ' ဟူသော စေတနာ ရည်ရွယ်ချက်ဖြင့် အကျိုးအမြတ် မရရှိနိုင်မှန်း သိသော်လည်း ထုတ်ဝေခဲ့သော စာအုပ်များလည်း ရှိပါသည်။ အချို့ စာအုပ်များသည် ဝန်ထမ်းများ အသုံးပြုနိုင်ရန် သက်ဆိုင်သော ဌာနများသို့ လှူဒါန်း ခဲ့သည်တို့လည်း ရှိပါသည်။ ဥပမာ၊ ငှက်ဖျားရောဂါနှင့် အနာကြီးရောဂါ စာအုပ်များ ဖြစ်ပါသည်။ လက်တွေ့ တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ အတွက် အထောက်အကူ ပြုရန် ရည်ရွယ်သည်။ ဆေးကျောင်းသားများ ရန်ပုံငွေ အတွက် 'မြန်မာ့ ဆေးလောကကို တည်ဆောက်ပေးခဲ့သော ပညာရှင်များ' စာအုပ် နှစ်တွဲကို ပြုစု လှူန်းဒါန်း ခဲ့ပါသည်။


ဇီဝိတဒါန သံဃာ့ ဆေးရုံ၊ စလင်းကျောင်းတိုက် ကဲ့သို့သော စာသင် ကျောင်းတိုက်များတွင်လည်း လုပ်အားပေး ဆရာဝန် အဖြစ် ကုသိုလ် ပြုခဲ့သည်။ သမိဒ္ဓေါယ သုခိတာရာမ ဒေါ်ဉာဏစာရီ မြန်အောင် သီလရှင် စာသင်တိုက်တွင် ဓမ္မာရိယ ပြန့်ပွားရေး အသင်းကို စတင် တည်ထောင် တာဝန်ယူခဲ့သည်။


ထို့အပြင် စာပေနှင့် စာနယ်ဇင်း ဗဟိုကော်မတီဝင်၊ စာပေဗိမာန် စာမူဆု ရွေးချယ်ရေး အဖွဲ့ဝင်၊ မြန်မာနိုင်ငံ မူးယစ်ဆေး ဆန့်ကျင်ရေး အသင်း ဗဟိုကော်မတီဝင်၊ ဗွီဒီယို လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ၊ ယဉ်ကျေးမှု အဖွဲ့အကြံပေး ပုဂ္ဂိုလ်၊ ကြည့်မြင်တိုင်မြို့နှင့် လှိုင်မြို့နယ်တို့၏ စာပေနှင့် စာနယ်ဇင်း အဖွဲ့ နာယက၊ ရွှေတိဂုံ စေတီတော် အထက်ပစ္စယံ တံမြက်လှည်း အသင်း၏ ရာသက်ပန် အသင်းဝင်၊ မဟာစည် သာသနာ့ရိပ်သာ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ အကျိုးတော်ဆောင် မဟာစည် ဆရာတော်၏ စာအုပ်များ၊ စီဒီသွင်းခြင်း လုပ်ငန်း အဖွဲ့ဝင်၊ စာသင်တိုက်များစွာ၌ စေတနာ့ ဝန်ထမ်း လုပ်အားပေး ဆရာဝန် စသည့် တာဝန်များစွာကို ထမ်းဆောင်ခဲ့သည်။


ဆရာတင်ရွှေ အသက်ရှိစဉ် (၁) အသက် မသေဆုံးမီ မိမိ လေ့လာ တတ်မြောက်ထားသော ပညာကို မြန်မာ စာပေဖြင့် ဖြန့်ဖြူးခဲ့ရန်၊ (၂) မိမိ ရေးသားခဲ့သော စာအုပ်စာတမ်း အားလုံးကို စီးပွားရေး အတွက် မဟုတ်ပါက လွတ်လပ်စွာ ကူးယူ အသုံးပြုခွင့် ပြုရန်၊ (၃) ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားရေး အတွက် သူ၏ ခန္ဓာကိုယ်နှင့် မျက်လုံးကို လှူဒါန်း မှာကြားခဲ့သည် အထိ ပရဟိတ အကျိုးကို ဆောင်ရွက်သူ ဖြစ်သည်။


စာရေးဆရာ ဆရာဝန် တင်ရွှေ၏ မိသားစုသည် ၂၈၊ ၁၂၊ ၂၀၀ဝ ရက်နေ့တွင် ကွယ်လွန် သွားခဲ့သော မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဗဟို အမှုဆောင် ကော်မတီဝင်နှင့် တင်ရွှေ စာပေ ထုတ်ဝေရေးတိုက် တည်ထောင်သူ ဆရာဝန်တင်ရွှေအား ရည်စူး၍ ဆရာဝန် တင်ရွှေ၏ စာပေ သံယောဇဉ်နှင့် စာပေဝန်ဆောင်မှု စိတ်ဓာတ် အရှိန်မပျက် ဆက်လက် ပြန့်ပွားစေရန် ရည်သန်ပြီး နှစ်စဉ် စာပေဆိုင်ရာ ဆုတမျိုးကို ချီးမြှင့်ပေးမည် ဖြစ်သည်။


ဆရာဝန်တင်ရွှေ စာပေဆု၏ ရည်ရွယ်ချက်များမှာ

၁။ မြန်မာစာပေတွင် နိုင်ငံသားတို့အတွက် အသိအမြင် ဗဟုသုတ တိုးပွားစေသော စာအုပ် စာပေများ ပွားများဖို့ အားပေးရန်၊

၂။ ထိုသို့ အားပေးရာတွင် နှစ်စဉ်စာအုပ်၊ စာမူ တမျိုးမျိုးကို မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဗဟိုအမှုဆောင် ကော်မတီ၏ ကြီးကြပ်မှုဖြင့် ရွေးချယ် ချီးမြှင့်ရန်၊

၃။ မြန်မာ စာပေကို ဘက်စုံ ဖွံ့ဖြိုးအောင် အားပေး မြှင့်တင်ရေးနှင့် စာရေး ဆရာတို့၏ ဘဝဖူလုံရေးကို စာပေဆု ချီးမြှင့်ခြင်းဖြင့် တနည်းတလမ်း ကူညီရန်၊

'ဆရာဝန်တင်ရွှေ စာပေဆု' ကို နှစ်စဉ် မြန်မာနိုင်ငံ စာဆိုတော်နေ့ မတိုင်မီ ဆုချီးမြှင့်ပွဲ ကျင်းပသွားမည် ဖြစ်သည်။ စာပေဆုသည် ပုံနှိပ် ထုတ်ဝေပြီး စာအုပ်ကို အဓိက ထား၍ လက်ခံ ယှဉ်ပြိုင်စေခြင်း ဖြစ်သည်။ သို့သော် စာကောင်း ပေမွန်များ ပေါ်ထွန်းရေးကို ရည်စူး၍ တင်ပြလာပါမည်။ စာမူများကို အဖွဲ့နှင့် စိစစ်ပြီး ထိုက်သင့်ပါက စာအုပ်အဖြစ် ဝယ်ယူ ချီးမြှင့်သွားမည် ဖြစ်သည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

ဆရာဝန်တင်ရွှေသည် သုတေသန စာတမ်း ပြုစုနေစဉ် ၂၈၊ ၁၂၊ ၂၀၀ဝ ပြည့်နှစ်တွင် ကွယ်လွန် သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အေးသန့်နှင့်အတူ ဒေါ်တင်တင်အေး၊ ဒေါ်သက်သက်ရွှေ၊ ဦးသက်လွင်ရွှေ၊ သားသမီး သုံးယောက်၊ မြေးနှစ်ယောက် ကျန်ခဲ့သည်။


ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်​ဆင်​ရန်​]

  1. ကင်ဆာရောဂါ ၁၉၆၅
  2. ကြောက်ဖွယ်ကောင်းသည့် အသက်ကယ်ဆေးများ ၁၉၆၅
  3. ယောနယ်၌ ပြုစားခံရခြင်းနှင့် ဆေးပညာ အထွေထွေ ၁၉၆၅
  4. ကျန်းမာရေး ဝတ္ထု၊ ဆောင်းပါးများ ၁၉၆၆
  5. ဆရာဝန် တွေ့ခဲ့ရသည့် အဖြစ်ဆန်းများ ၁၉၆၆
  6. ယောနယ်၌ ပြုစားခံရခြင်းနှင့် အဖြစ်ဆန်းများ (နှစ်အုပ်တွဲ) ၁၉၆၆
  7. သင့်ကိုယ်တွင်း ရောဂါများ ၁၉၆၆
  8. ဆရာဝန်ကိုယ်တွေ့ ၁၉၆၇
  9. စုန်းတဈေ အတွေ့အကြုံနှင့် ရောဂါဆန်း အထွေထွေ ၁၉၆၇
  10. လူငယ်များ ဆိုင်ရာ ဆေးပညာ ၁၉၆၇
  11. အနယ်နယ်က ကျန်းမာရေး ပြဿနာ ပြန်လည် ဖြေကြားလွှာများ ၁၉၆၇
  12. အပူပိုင်းဒေသ ရောဂါများ ၁၉၆၇
  13. ကာကွယ်ခြင်း ကုသခြင်းနှင့် ခွဲစိတ်ခြင်း ၁၉၆၈
  14. ကျန်းမာရေး ပြဿနာ ပြန်လည် ဖြေကြားလွှာများ ၁၉၆၈
  15. ကာလသား ရောဂါ ၁၉၆၉
  16. စေတနာ ဝေဒနာ မဖြစ်စေလို ၁၉၇၂
  17. သွားဝေဒနာ အဖုံဖုံနှင့် ဆန်းသစ်သော ဆေးပညာစုံ ၁၉၇၂
  18. ေ့မအကြောင်း သိကောင်းစရာ ၁၉၇၄
  19. အရေပြားရောဂါ ၁၉၇၄
  20. လုပ်ငန်းနှင့် သတိ ၁၉၇၅
  21. သင့်သွေးတစက် ၁၉၇၅
  22. သားသမီး နီးလို ဝေးလိုသော် ၁၉၇၆
  23. မိန်းမတို့ ဓမ္မတာ ၁၉၇၇
  24. ကျန်းမာရေးနှင့် ဆေးလိပ် ၁၉၇၇
  25. ဆင်ခြေထောက်ရောဂါ ၁၉၇၇
  26. အစာအိမ်လမ်းတလှျောက် ဖြစ်တတ်သော ရောဂါများ ၁၉၈၀
  27. ငှက်ဖျား ၁၉၈၀
  28. ဉာဏ်စမ်းပညာ ၁၉၈၁
  29. ဝသောသူများ ကိုယ်ရေစစ်၍ ပိန်သောသူများ ဝဖြိုးလိုလှျင် ၁၉၈၁
  30. တိရစာ္ဆန်များမှ ရတတ်သော ရောဂါများ ၁၉၈၂
  31. ဉာဏ်စမ်း ပဟေဠိနှင့် ဉာဏ်စွမ်းပညာ အဖြေရှာ ၁၉၈၂
  32. မျိုးရိုးကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများနှင့် ပြဿနာအဖုံဖုံ ၁၉၈၂
  33. အနယ်နယ်က ကျန်းမာရေး ပြဿနာ ပြန်လည် ဖြေကြားလွှာများ ပေါင်းချုပ် ၁၉၈၂
  34. အင်္ဂလိပ်စကားလုံး ပဟေဠိ ၁၉၈၂
  35. စိမ်းနေအုံးမည့် ဤဌာနေ ၁၉၈၃
  36. ဉာဏ်စမ်းပဟေဠိ ပေါင်းချုပ် ၁၉၈၃
  37. လူတိုင်းတွက်တာ လက်တွေ့ အသုံးချ ဆေးပညာ ၁၉၈၃
  38. ဆရာဝန် တွေ့ခဲ့ရသည့် စုန်းတဈေများ ၁၉၈၄
  39. အဆင့်မြင့် ဉာဏ်စမ်းပညာ ၁၉၈၅
  40. ငှက်ဖျားရောဂါ ၁၉၈၆
  41. နိုင်ငံတကာအဆင့် ဉာဏ်စမ်း ပဟေဠိ ၁၉၈၆
  42. သမိဒေါဒ္ဓယသုခိတာရာမ ဒေါ်ဉာဏစာရီ ၁၉၈၆ မြန်အောင်ကျောင်းတိုက်
  43. ကမာ္ဘ့ မှတ်တမ်းဝင် ဖြစ်ရပ်ဆန်းများ ၁၉၈၆
  44. သင့်ရင်သွေး မွေးစ အရွယ်မှ အရွယ်ရောက်သည် အထိ ကြုံတွေ့ရတတ်သော ပြဿနာစုံနှင့် အဖြေများ (ပထမတွဲ) ၁၉၈၆
  45. နိုင်ငံတကာ အင်္ဂလိပ်စာ ၁၉၈၇
  46. သူနာပြု ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများ အတွက် အခြေခံကုထုံး ကုနည်းများ ၁၉၈၇
  47. လက်တွေ့ အသုံးချ အဆင့်မြင် ဖို+မ ပညာ (ပထမတွဲ) ၁၉၈၇
  48. လိင်မှတဆင့် ကူးစက်သော ရောဂါများ (ကာလသား ရောဂါများ) ၁၉၈၇
  49. အခြေခံ ကျန်းမာရေး ဝန်ထမ်းများ အတွက် ရောဂါကုထုံး ကုနည်းများ ၁၉၈၇
  50. လူငယ်များ အတွက် ဉာဏ်စမ်းပညာ ၁၉၈၈
  51. ကမာ္ဘ့ အမြင့်ဆုံး မင့်ဆာ (Men Sar) အဆင့်မြင့် ဉာဏ်စမ်းပဟေဠိ ၁၉၈၉
  52. ကိုယ်ဝန်ဆောင် တည်စမှ မွေးဖွားသည် အထိ တွေ့ကြုံ ရတတ်သော ပြဿနာစုံနှင့် အဖြေ ၁၉၈၉
  53. စိတ်ပညာ စမ်းသပ်နည်းများ ၁၉၈၉
  54. တသက်မခွဲ ရွှေလက်တွဲလိုလှျင် ၁၉၈၉
  55. လက်တွေ့ အသုံးချ ဆေးဝါးဗေဒ ၁၉၈၉
  56. အသက် လေးဆယ်ကျော်လှျင် ၁၉၈၉
  57. အဆစ်အမြစ် ကိုက်ရောဂါ ၁၉၉၀
  58. အထွေထွေ ဗဟုသုတ လေ့လာနည်း (ပထမတွဲ) ၁၉၉၀
  59. အထွေထွေ ဗဟုသုတ လေ့လာနည်း (ဒုတိယတွဲ) ၁၉၉၀
  60. ရောဂါကုထုံးနည်းများ ၁၉၉၁
  61. ကလေးရောဂါ ကုထုံး၊ ကုနည်းများ ၁၉၉၁
  62. ကမာ္ဘတွင် စံပြုထားသော မှတ်တမ်းများ (ပထမတွဲ) ၁၉၉၁
  63. ကမာ္ဘတွင် စံပြုထားသော မှတ်တမ်းများ (ဒုတိယတွဲ) ၁၉၉၁
  64. ဆီးချိုရောဂါ ၁၉၉၁
  65. မြတ်ဗုဒ္ဓ သာသနာပုံတော် သမိုင်း (ပထမတွဲမှ ဒဿမတွဲ အထိ) ၁၉၉၁
  66. သွေးတိုးရောဂါနှင့် လေဖြတ်ခြင်း အမျိုးမျိုး ၁၉၉၂
  67. အမျိုးသမီးတို့ ဓမ္မတာ ၁၉၉၂
  68. နှလုံးသွေးကြောကျဉ်း ရောဂါစုံ ၁၉၉၂
  69. သမိဒေါဒ္ဓရသုခိတာရာမ ဒေါ်ဉာဏစာရီ မြန်အောင် ၁၉၉၃(သီလရှင် စာသင်တိုက်၏ ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ် အထိ ၅ နှစ်တာ ကာလအထိ တိုးတက်မှု မှတ်တမ်း)
  70. အမျိုးသမီးများ အတွက် အရေးပေါ်နှင့် အခြားကျန်းမာရေး သုတများ ၁၉၉၃
  71. ကိုယ်ဝန်ဆောင် တည်စမှ မွေးဖွားပြီးသည် အထိ တွေ့ရတတ်သော ပြဿနာစုံနှင့် အဖြေလွှာ ပေါင်းချုပ် ၁၉၉၃
  72. ဆေးဝါးဗေဒ ၁၉၉၃
  73. တီဘီရောဂါ မိတ်ဆက် ၁၉၉၃
  74. ပဋိသန္ဓေတားနည်း ပေါင်းချုပ် ၁၉၉၃
  75. မှတ်တမ်းဝင် စိတ်နယ်လွန် ဖြစ်ရပ်မှန်များ အတွဲ (၁) မှ အတွဲ (၅၀) အထိ ၁၉၉၃
  76. သားသမီးရတနာ ထွန်းကားလိုလှျင် ၁၉၉၃
  77. သင့်၏ ဉာဏ်ရည် စွမ်းပကားကို တိုင်းတာကြည့်ရအောင် ၁၉၉၃
  78. သင့်ရင်သွေး မွေးစ အရွယ်မှ အရွယ်ရောက်သည် အထိ ကြုံတွေ့ရတတ်သော ပြဿနာစုံနှင့် အဖြေများ ၁၉၉၃
  79. အသည်းနှင့် သည်းခြေတို့၌ ဖြစ်တတ်သောရောဂါများ ၁၉၉၃
  80. မြန်မာနိုင်ငံ၌ မကြာခဏ တွေ့ရတတ်သော ရောဂါများ ရုပ်ပုံပြ ၁၉၉၄
  81. အရေးပေါ်ဆေးပညာ ၁၉၉၄
  82. ကလေးရောဂါ ကုထုံးနည်းများ (ဒုတိယတွဲ) ၁၉၉၄
  83. ကင်ဆာဆိုတာ ကြောက်စရာ ရောဂါ မဟုတ်တော့ပါ သို့သော် … ၁၉၉၄
  84. မြတ်ဗုဒ္ဓ သာသနာပုံတော် သမိုင်း အတွဲ (၁၁) မှ (၁၉) ထိ ၁၉၉၄
  85. ရင်ကျပ်ပန်းနာ ၁၉၉၄
  86. ရှေ့ဖြစ်ဟောနည်း ပေါင်းချုပ် (နှစ်တွဲ) ၁၉၉၄
  87. အစာအိမ်တဝိုက် ဖြစ်တတ်သော ရောဂါများ ၁၉၉၄
  88. ဆရာဝန်များ လက်ခံ သုံးစွဲသော မြန်မာဆေးနှင့် ဆေးပင်များ ၁၉၉၅
  89. တေဇတို့အတွက် ဉာဏ်စမ်းပညာ (ပထမတွဲ) ၁၉၉၅
  90. မြန်မာ ဆေးလာကကို တည်ဆောက် ပေးခဲ့သော ပညာရှင်များ (ပထမတွဲ၊ ဒုတိယတွဲ) ၁၉၉၅
  91. ဝိညာဉ် ရှိ မရှိ နိုင်ငံတကာ သုတေသန မှတ်တမ်း ၁၉၉၅
  92. အနာကြီးရောဂါ ၁၉၉၅
  93. အသံမဲပြုသော ရောဂါများ ၁၉၉၅
  94. တေဇတို့ ရွှင်မြူးစရာ ဉာဏ်စမ်းပညာ (ဒုတိယတွဲ) ၁၉၉၅
  95. ဗုဒ္ဓ၏ မြတ်စွယ်တော်များ (ပထမတွဲ၊ ဒုတိယတွဲ) ၁၉၉၅
  96. ဝိညာဉ် ရှိ မရှိ ၁၉၉၅
  97. အဓိက ကူးစက်မြန်ရောဂါများ ၁၉၉၅
  98. အရေးကြီးသော ရောဂါအချို့ အတွက် အကောင်းဆုံး ကုထုံးကုနည်းများ ၁၉၉၅
  99. ခွေးရူးရောဂါ ၁၉၉၆
  100. သွေးအားနည်း ရောဂါများနှင့် အခြားသွေးနှင့် ပတ်သက်သော ဝေဒနာစုံ ၁၉၉၆
  101. မြတ်ဗုဒ္ဓ သာသနာပုံတော် သမိုင်း (အတွဲ ၂၀) ၁၉၉၆
  102. ခါးနာသူများ အတွက် လက်ခံထားသော နောက်ဆုံးပေါ်ကုထုံးနည်းများ ၁၉၉၇
  103. သား သို့မဟုတ် သမီးလေး သင်ကြိုက်ရာရွေး ၁၉၉၇
  104. သိပ္ပံနည်းကျ အလှပြုပြင် ထိန်းသိမ်းနည်းများ (ပထမတွဲ၊ ဒုတိယတွဲ) ၁၉၉၇
  105. ဘုရားမြတ် ရွှေတိဂုံ ပုံတော်သမိုင်း (ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ) ၁၉၉၇
  106. လူသားတို့ တည်ဆောက်ခဲ့ကြသော ကမာ္ဘ့ အံ့ဖွယ် အဆောက်အအုံများ ၁၉၉၇
  107. ပန်းသေ ပန်းညှိုးရောဂါ ၁၉၉၇
  108. ကုန်းဘောင်ခေတ်ဦး ပုရပိုက်ပန်းချီ လက်ရာတို့ဖြင့် တန်ဆာ ဆင်အပ်သော မဟာဗုဒ္ဓဝင် ၁၉၉၇
  109. ကျောက်ကပ်နှင့် ဆီးလမ်းတလှျောက် ဖြစ်တတ်သော ရောဂါများ ၁၉၉၇
  110. ကျန်းမာရေးဆိုင်ရာ သင့်အိမ်တွင် ပြုပြင်စရာများ ၁၉၉၈
  111. စားသုံးဆီနှင့် စားအုန်းဆီ အဟာရ ၁၉၉၈
  112. နာတာရှည် အစာမကြေ လေအောင့်ရောဂါ ၁၉၉၈
  113. နှလုံးရောဂါဝေဒနာများ ၁၉၉၈
  114. အမျိုးသားရေးနှင့် မြန်မာ ဆေးပညာရှင်များ ၁၉၉၈
  115. မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ပညာ ပြန့်ပွား လှုံ့ဆော်ရေး စာစဉ်
  116. တက္ကသိုလ် ကျောင်းသားများ အတွက် နိုင်ငံတကာ အင်္ဂလိပ်စာ (Tofel) (ပထမတွဲ၊ ဒုတိယတွဲ) ၁၉၉၈
  117. သားဖွားမီးယပ် ရောဂါစု၊ နောက်ဆုံး တွေ့ရှိချက်များ (ပထမတွဲ၊ ဒုတိယတွဲ) ၁၉၉၉
  118. မဟာစည် သာသနာ့ရိပ်သာ ၁၉၉၉
  119. ကလေးသူငယ် ဘဝ သာယာဖို့ အေအိုင်ဒီအက်(စ်) ကာကွယ် တိုက်ဖျက်စို့ ၂၀၀၂
  120. အသားဝါ၊ အသည်းရောင် ရောဂါ နောက်ဆုံး တွေ့ရှိချက် ၂၀၀၂
  121. အဆိပ်သင့်ခြင်းနှင့် အရေးပေါ် ကုသနည်း


[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)'