ဍရင်ကောက်ပင်

ဝီကီပီးဒီးယား မှ

ဍရင်ကောက်ပင်သည် ကျောက်ခက်ပင်မျိုးဖြစ်၍၊ 'တာရီ ဒေါ့ဖီတာ'ခေါ် အပင်လောကတွင်ပါဝင်လေသည်။ ဍရင်ကောက် ပင်ကို ရုက္ခဗေဒအရ 'အေသီရီယမ် အက်စကျူလင်တမ်'ဟုခေါ် သည်။ ထိုအပင်သည် ကုန်းပေါ်တွင်ပေါက်သည့် ကျောက်ခက် ပင် မျိုးစိတ်တွင်ပါဝင်လျက် ကမ်းခြေ၌ အခြားအပင်များပေါ် တွင် နွယ်၍ တင့်တယ်စွာပေါက်သော အပင်မျိုးဖြစ်သည်။ ထို ကဲ့သို့ အခြားအပင်များပေါ်တွင် နွယ်၍ တက်တတ်ခြင်းနှင့် ယင်း၏ရွက်မြွာကလေးများ၌ အနားအပြတ်များရှိခြင်းတို့ကြောင့် ထိုအပင်မျိုးကို လွယ်ကူ စွာနှင့်မှတ်မိနိုင်ပေသည်။ ထို့ပြင် ရွက် မြွာကလေးများ၌ အနားပြတ်များရှိနေခြင်းကြောင့် ယင်းကို အနားပြတ် ကျောက်ခတ်ပင်မျိုးဟုလည်း ခေါ်ကြသေးသည်။

အရွက်နုများကို ဟင်းသီးဟင်းရွက်တစ်မျိုးအဖြစ်ဖြင့် စားသုံးနိုင်ပေသည်။ ထို့ပြင် 'လိုင်ကိုပိုဒီယမ် စကင်ဒင်'နှင့် 'အိုဖိအိုဂလိုဆမ် စကင်ဒင်'ဟု ခေါ်ဆိုသော အခြားဍရင်ကောက် ပင်မျိုးများလည်း ရှိသေးသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)