ညိုမြ၊ စာရေးဆရာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
{{{အမည်}}}
[[Image:{{{ဓာတ်ပုံ}}}|200px]]
{{{သက်တမ်း}}}
မွေးသက္ကရာဇ် {{{မွေးသက္ကရာဇ်}}}
အမည်ရင်း ဦးသိန်းတင်
မိဘအမည် ရှေ့နေ ဦးသာဇံ၊ အမိ ဒေါ်အံ့ (ဒေါ်ရွှေအံ့)
မွေးဖွားရာဒေသ မုံရွာခရိုင် ချောင်ဦး မြို့နယ် အမြင့်မြို့ သောတာပန်ရွာ
နိုင်ငံသား Flag of Myanmar.svg မြန်မာ
လူမျိုး ဗမာ
ကိုးကွယ်သည့်ဘာသာ {{{ကိုးကွယ်သည့်ဘာသာ}}}
ပညာအရည်အချင်း မဟာ သိပ္ပံ (သတင်းစာ ပညာ), နော့သ်oက်စတင်း တက္ကသိုလ်
အလုပ်အကိုင် စာရေးဆရာ၊ မြန်မာစာ နည်းပြ ဆရာ၊ စစ်သတင်း မြန်မာလို ထုတ်လွှင့်သူ၊ မြန်မာ သတင်းစဉ် ထုတ်ဝေသူ (၁၉၄၂ - ၄၃)၊ ဝါရှင်တန် ဒီစီ မြန်မာ့ရေးရာ အကြံရေး ပုဂ္ဂိုလ် (၁၉၄၃ - ၄၄)၊ အိန္ဒိယပြည် အာသံပြည်နယ် လီဒိုမြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ စိတ်ဓာတ် စစ်ဆင်ရေး ဌာန အကြီးအကဲ (၁၉၄၄ - ၄၅)၊ မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်း ဥက္ကဋ္ဌ (၁၉၅၇ - ၅၈)၊ မုံရွာမြို့နယ် ပါလီမန် လွှတ်တော် အမတ် (၁၉၆ဝ)
ကလောင် အမည်ခွဲများ ဘုန်းကြီး ကျောင်းသား မောင်သုမန
ထင်ပေါ်ကျော်ကြားမှု အိုးဝေ ဂျာနယ်
စာပေအမျိုးအစား သရော်စာ ဆောင်းပါး
ထင်ရှားသည့်စာ ငရဲခွေးကြီး လွတ်လာပြီ
ရရှိသည့်ဆု နိုင်ငံ ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်)
ကြင်ဖော် {{{ကြင်ဖော်}}}
သားသမီး {{{သားသမီး}}}
ကွယ်လွန်ရက် ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်
ကွယ်လွန်ရာဒေသ ရန်ကုန်
လက်မှတ်
ကွန်ယက်


မုံရွာခရိုင် ချောင်းဦးမြို့နယ် အမြင့်မြို့ သောတာပန် ရွာ၌ အဖ မင်းတိုင်ပင် အမတ် တီပီအက်စ်ဘွဲ့ရ အမိန့်တော်ရ ရှေ့နေ ဦးသာဇံ၊ အမိ ဒေါ်အံ့ (ဒေါ်ရွှေအံ့) တို့က ၁၉၁၄ ခုနှစ် ဧပြီလ ၁ဝ ရက် သောကြာနေ့တွင် မွေးဖွားသည်။ အမည်ရင်း ဦးသိန်းတင် ဖြစ်သော်လည်း ကလောင် အမည် ညိုမြ သည်ပင် အမည်ရင်း ကဲ့သို့ တွင်သည်။

အိုးဝေညိုမြ

ရွှေကူရွာ ဆရာလှိုင်၏ မူလတန်း ကျောင်း၊ ကြက်သွန်ဈေးရွာ ဆရာတော် ဦးဉာဏ ကျောင်းတို့တွင် စတင် ပညာ သင်ခဲ့၏။ ၁၉၂၁ ခုနှစ်တွင် မုံရွာမြို့ ဗုဒ္ဓ ဘာသာ အထက်တန်း ကျောင်း (အထက - ၁)၌ မူလတန်း ပညာကို တတိယတန်း အောင်သည် အထိ ဆည်းပူးသည်။ ၁၉၂၃ ခုနှစ်တွင် မႏၱလေး ကယ်လီ ကျောင်းသို့ ပြောင်းသည်။ ထိုကျောင်းတွင် သတ္တမတန်း အောင်မြင် သည်ထိ နေခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် မုံရွာမြို့ ဗုဒ္ဓ ဘာသာ အထက်တန်း ကျောင်း၌ အဋ္ဌမတန်းမှ ဒသမတန်းထိ ဆက်လက် ပညာ သင်ခဲ့ရာ ၁၉၃၂ ခုနှစ်တွင် ဆယ်တန်း အောင်သည်။ ၁၉၃၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်သည်။ ၁၉၃၈ ခုနှစ်တွင် ဝိဇ္ဇာ (အင်္ဂလိပ်စာ ဂုဏ်ထူးတန်း) ဘွဲ့ ရခဲ့သည်။ ၁၉၃၉ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် အင်္ဂလန် နိုင်ငံသို့ သတင်းစာပညာ အတွက် ပညာတော်သင် သွားရောက် ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြောင့် အင်္ဂလန် တက္ကသိုလ်များ ပိတ်ထား သဖြင့် အမေရိကန် ပြည်ထောင်စု အီဗာစတင် မြို့ရှိ နော့သ်oက်စတင်း တက္ကသိုလ်တွင် သတင်းစာ ပညာ သင်ယူ ခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် မဟာ သိပ္ပံ (သတင်းစာ ပညာ) ဘွဲ့ ရခဲ့သည်။


၁၉၃၅ - ၃၈ ခုနှစ်များတွင် ရန်ကုန် တက္ကသိုလ် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ လုပ်သည်။ အမေရိကန် ပြည်ထောင်စု ယေးလ် တက္ကသိုလ် အရှေ့ပိုင်း ဌာန မြန်မာစာ နည်းပြ ဆရာ၊ စစ်သတင်း မြန်မာလို ထုတ်လွှင့်သူ။ မြန်မာ သတင်းစဉ် ထုတ်ဝေသူ (၁၉၄၂ - ၄၃)၊ ဝါရှင်တန် ဒီစီ မြန်မာ့ရေးရာ အကြံရေး ပုဂ္ဂိုလ် (၁၉၄၃ - ၄၄)၊ အိန္ဒိယပြည် အာသံပြည်နယ် လီဒိုမြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ စိတ်ဓာတ် စစ်ဆင်ရေး ဌာန အကြီးအကဲ (၁၉၄၄ - ၄၅) အဖြစ် အမှု ထမ်းခဲ့ပြီး အမှုထမ်း လောကမှ အပြီး အပိုင် နုတ်ထွက် ခဲ့သည်။ မြန်မာပြည် ပြန်ရောက်ပြီးနောက် ၁၉၄၆ ခုနှစ်တွင် အိုးဝေ သတင်းစာ ထူထောင် ခဲ့သည်။ ၁ ဖေဖော်ဝါရီ ၁၉၄၇ ခုနှစ်တွင် ဒေါ်ခင်သန်းနွယ်နှင့် လက်ထပ်သည်။ ၁၉၅၃ ခုနှစ်တွင် အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ယူဂိုစလားဗီးယား၊ ဆွစ်ဇာလန်၊ ဂရိ၊ ၁၉၅၄ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် စင်ကာပူ၊ ၁၉၅၅ ခုနှစ်တွင် မာလာယု၊ မမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂျပန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ယိုးဒယား၊ ၁၉၆၁ ခုနှစ်တွင် မြောက်ကိုးရီးယား နိုင်ငံများသို့ သွားရောက် ခဲ့သည်။ မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်း ဥက္ကဋ္ဌ (၁၉၅၇ - ၅၈)၊ မုံရွာမြို့နယ် ပါလီမန် လွှတ်တော် အမတ် (၁၉၆ဝ) အဖြစ်လည်း ဆောင်ရွက် ခဲ့သည်။ ၁၉၆၈ - ၇၄ ခုနှစ် များတွင် အိုးဝေ ဂျာနယ်ကို ထုတ်ဝေ ခဲ့သည်။ ၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံ ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ချီးမြှင့် ခံရသည်။

အိုးဝေညိုမြ

၁၉၃၃ ခုနှစ် ရန်ကုန် တက္ကသိုလ်သို့ ရောက်သည့် အချိန်မှ စ၍ "ညိုမြ" ကလောင် အမည် ခံယူကာ တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်း၊ အိုးဝေ မဂ္ဂဇင်း၊ ဂန္ဓလောက မဂ္ဂဇင်း တို့တွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေးများ ရေးခဲ့သည်။ ၁၉၃၅ - ၃၆ ခုနှစ် ဇန်နဝါရီလ အိုးဝေ မဂ္ဂဇင်းတွင် ပါရှိသည့် "ငရဲခွေးကြီး လွတ်လာပြီ" ဟု အနက် ရသော အင်္ဂလိပ်လို ရေးသည့် ဆောင်းပါးသည် ညိုမြ၏ အပြောင်မြောက်ဆုံး သမိုင်းဝင် သရော်စာ တပုဒ် အဖြစ် ထင်ရှားသည်။ ၁၉၄၆ ခုနှစ်တွင် အိုးဝေ သတင်းစာ ထူထောင်သော အခါ "ဘုန်းကြီး ကျောင်းသား မောင်သုမန" ကလောင် အမည်ခံ၍ သတင်း ဆောင်းပါး မြောက်မြားစွာ ရေးသား ခဲ့သည်။ ထင်ရှားသည့် စာပေ လက်ရာ အချို့မှာ နမ်းကြာညို (၁၉၃၈)၊ ညိုမြစာစု (၁၉၃၉)၊ တရုတ်နှင့် ရုရှား အကွဲတော်ပုံ (?)၊ တကိုယ်တော် [ဘာသာပြန်] (၁၉၆၃)၊ ဘိန်းဋီကာ [သုံးစောင်တွဲ] (ဖေဖော်ဝါရီ ၁၉၇၄)၊ ရွှေလမ်း ငွေလမ်း - မြန်မာ အမေရိကန် ဆက်ဆံမှု မှတ်တမ်း (၁၉၈ဝ)၊ ကုန်းဘောင် ရှာပုံတော် (မေ ၁၉၈၂)၊ ဤမိုး ဤမြေ (ဧပြီ ၂ဝဝ၂)၊ ဤမိုး ဤမြေ [၂] (၂ဝဝ၄) တို့ ဖြစ်ကြသည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၃ဝ မိနစ်တွင် ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန် ခဲ့သည်။ [၁]



စာညွှန်း[ပြင်​ဆင်​ရန်​]

  1. မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၂၂၇ - ၂၂၈။
  2. မနုနုအောင် (ဝိဇ္ဇာဘွဲ့ - သမိုင်း)။ ဆရာညိုမြ စာစုစာရင်း (အောက်တိုဘာ ၁၉၉၅)။
  3. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၆)။ စာ ၁၇၆ - ၁၇၇။
  4. ဒဂုန်တာရာ။ ရုပ်ပုံလွှာ (၁၉၅၅)။ စာ ၁၈၉ - ၂ဝ၁။
  5. ဒဂုန်တာရာ။ ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ (၁၉၉၇)။ စာ ၁၄၉ - ၁၅၇။
  6. လူထု ဒေါ်အမာ။ လွမ်းသူ့စာ (၂ဝဝ၃)။ စာ ၁၇၅ - ၁၉၉။
  7. စာရေးဆရာများ။ အနောက်သွား ညိုမြ နှုတ်ဆက် စာတမ်း (၁၉၃၉)။
  8. ကိုပညာ (အမရပူရ)။ ဦးညိုမြ၏ တောင်သမန် နောက်ဆုံး ခရီး၊ စံပယ်ဖြူ (ဒီဇင်ဘာ ၁၉၈၅)။ စာ ၁၅၇ - ၁၅၉။
  9. မောင်လွန်းကြင်။ ညိုမြတဲ့ ..... ချိုမြစေ၊ ရှုမဝ (နိုဝင်ဘာ ၁၉၈၅)။ စာ ၁၄၃ - ၁၄၈။
  10. ဒဂုန် မဂ္ဂဇင်း (နိုဝင်ဘာ ၁၉၈၅)။ စာ ၅၃ - ၅၅၊ ၁၁၆ - ၁၁၇၊ ၁၂၅ - ၁၃၃။]
  11. Hell Hound at Large

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ် (၂ဝဝ၅ ခု၊ ဇူလိုင်)