ဇွန် ၂၀၁၁
Wikipedia မှ
| ၂၀၁၁ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ |
|
|
|||||||||
|---|---|---|---|---|---|---|---|---|---|
| ၁ | ၂ | ၃ | ၄ | ၅ | ၆ | ၇ | |||
| ၈ | ၉ | ၁၀ | ၁၁ | ၁၂ | ၁၃ | ၁၄ | |||
| ၁၅ | ၁၆ | ၁၇ | ၁၈ | ၁၉ | ၂၀ | ၂၁ | |||
| ၂၂ | ၂၃ | ၂၄ | ၂၅ | ၂၆ | ၂၇ | ၂၈ | |||
| ၂၉ | ၃၀ | ||||||||
မာတိကာ |
(၁)ရက် [ပြင်ဆင်ရန်]
-
-
- အမေရိကန် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်။ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် သီးခြားစီ တွေ့ဆုံ။ [၁]
-
(၄) ရက် [ပြင်ဆင်ရန်]
-
-
- ၂၀၁၀ - ၂၀၁၁ ပညာ သင်နှစ်၏ အခြေခံ ပညာ တက္ကသိုလ် ဝင်တန်း အောင် စာရင်းများ ဇွန်လ ၄ ရက်နေ့တွင် ထွက်ရှိ ခဲ့ရာ နှစ်သုံးဆယ် ဝန်းကျင် အတွင်း စနေနေ့ ထုတ်ပြန် ခြင်းမှာ ပထမ ဦးဆုံး အကြိမ် အဖြစ် ထုတ်ပြန် ကြေညာ ခြင်းမျိုး ဖြစ်သည်။[၂]
-
(၅) ရက် [ပြင်ဆင်ရန်]
-
-
- စာရေးဆရာ၊ သီချင်းရေးဆရာ မောင်သစ်မင်း သည် ဘန်ကောက်မြို့၊ဆီမီတာဝေ့ဆေးရုံကြီးတွင် အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်သည်။
-
(၁၃) ရက် [ပြင်ဆင်ရန်]
-
-
- ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ နွဲ့နွဲ့မူ အစာအိမ် သွေးကြောပေါက်၍ ကွယ်လွန်ခဲ့သည်။
-
(၁၈)ရက် [ပြင်ဆင်ရန်]
-
-
- အရေးကြီးသည့် ရေအားလျှပ်စစ် စီမံကိန်းကို ကာကွယ် စောင့်ရှောက်လိုသော ရည်မှန်းချက် တစ်ခုတည်းဖြင့် မိမိတပ်မတော်သားများနှင့် KIA အဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွား နေရခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှ တဆင့် ရှင်းလင်းဖော်ပြ။ [၃]
-
(၂၉)ရက် [ပြင်ဆင်ရန်]
-
-
- ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အခြား နိုင်ငံရေး ပါတီ ငါးပါတီတို့ တွေ့ဆုံခြင်းကို ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် အခြား နိုင်ငံရေးပါတီ ငါးပါတီမှ လူငယ်များ ဇူလိုင်လ အတွင်း ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ တွေ့ဆုံခြင်း ဖြစ်သည်။ သွားရောက်မည့် အဖွဲ့တွင် အဖွဲ့ဝင် ၂၀ ဦး ပါဝင်မည် ဖြစ်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တို့မှ ပါတီဝင် လူငယ်များ ပါဝင်မည် ဖြစ်သည်။ [၄]
-
(၃၀)ရက် [ပြင်ဆင်ရန်]
-
-
- နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများနှင့် နိုင်ငံရေး ပင်စင်လစာများကို တိုးမြှင့်သတ်မှတ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာများဖြင့် ကြေညာခဲ့။ မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားဦးရေ ၈ သိန်းကျော်နှင့် နိုင်ငံရေးပင်စင်စား ဦးရေ ၄၀၀၀၀ ခန့် ရှိကြောင်း၊ တိုးမြှင့်လိုက်သော ပင်စင်လစာကြောင့် ပင်စင်စားများ အနေဖြင့် တစ်လလျှင် ပင်စင်လစာ အနည်းဆုံးကျပ် ၂၀၀၀၀ မှ အများဆုံး ကျပ် ၁၁၀၀၀၀ အထိ ခံစားခွင့် ရရှိမည် ဖြစ်ကြောင်းသိရ။ [၅] [၆]
-
-
-
- ဂျီအက်စ်အမ်ဖုန်း အလုံးရေ လေးသန်းအတွက် ဆက်သွယ်ရေး တာဝါတိုင် ၁၄၀၀ ကျော်ကို မြန်မာတစ်နိုင်ငံလုံးတွင် တည်ဆောက်သွားမည်။ [၇]
-
ကိုးကား [ပြင်ဆင်ရန်]
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=8767:2011-06-05-08-20-37&catid=42:2009-11-10-07-36-59&Itemid=167
- ↑ http://myanmar-myanmar.net/index.php?option=com_content&view=article&id=24011:2011-06-06-08-06-28&catid=99:myanmar-education-news&Itemid=553
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=8969:-kia-&catid=42:2009-11-10-07-36-59&Itemid=167
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=9176:2011-06-29-18-31-53&catid=42:2009-11-10-07-36-59&Itemid=167
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=9197:2011-06-30-13-16-00&catid=42:2009-11-10-07-36-59&Itemid=167
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=9270:2011-07-06-19-23-51&catid=42:2009-11-10-07-36-59&Itemid=167
- ↑ http://www.news-eleven.com/index.php?option=com_content&view=article&id=9311:2011-07-10-19-08-56&catid=42:2009-11-10-07-36-59&Itemid=167