ဇူးရစ်ချ်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဇူးရစ်ချ်မြို့
အထက်: ဇူးရစ်ချ်ကို ညဘက် အူတလီဘခ်မှ မြင်ရပုံ, အလယ်ဝဲ: ဆွစ်ဇာလန်အမျိုးသားပြတိုက်, အလယ်ယာ: ဆွစ်ဇာလန် ဖက်ဒရယ် နည်းပညာ တက္ကသိုလ်, အောက်: ဇူးရစ်ချ်မြို့နှင့် ရေကန် မြင်ကွင်း
အထက်: ဇူးရစ်ချ်ကို ညဘက် အူတလီဘခ်မှ မြင်ရပုံ, အလယ်ဝဲ: ဆွစ်ဇာလန်အမျိုးသားပြတိုက်, အလယ်ယာ: ဆွစ်ဇာလန် ဖက်ဒရယ် နည်းပညာ တက္ကသိုလ်, အောက်: ဇူးရစ်ချ်မြို့နှင့် ရေကန် မြင်ကွင်း
Official logo of ဇူးရစ်ချ်မြို့
Logo
Karte Gemeinde Zürich.png
အုပ်ချုပ်ရေး
 - မြို့တော်ဝန် ကိုရင်း မော့ချ်
လူဦးရေ
 - Total ၃၆၅ ၀၉၈
  (Dec 2009)
အင်တာနက်စာမျက်နှာ: www.stadt-zuerich.ch

ဇူးရစ်မြို့သည် ဆွစ်ဇာလန်နိုင်ငံတွင် အကြီးဆုံးမြို့ ဖြစ်ပြီး ဇူးရစ်ကန်တွန်၏ မြို့တော်လည်း ဖြစ်သည်။ ဇူးရစ်မြို့သည် ဆွစ်ဇာလန်နိုင်ငံ အလယ်ပိုင်းတွင် တည်ရှိပြီး ဇူးရစ်ရေကန်၏ အနောက်မြောက်ဘက် ထိပ်ဖျားတွင် တည်ရှိသည်။ ဇူးရစ်ချ် စည်ပင်သာယာရေး နယ်နိမိတ်တွင် နေထိုင်သူပေါင်း ၃၈၀,၅၀၀ ရှိသော်လည်း ဇူးရစ်ချ် မက်ထရိုပိုလစ်တန် ဒေသသည် နိုင်ငံတကာတွင် အရေးပါသော မြို့ပြဒေသဖြစ်ပြီး နေထိုင်သူပေါင်း ၂ သန်းခန့် ရှိသည်။ ဇူးရစ်ချ်မြို့သည် ရထားလမ်း၊ ကားလမ်း၊ လေကြောင်းလမ်းများ ဆုံစည်းရာ ဒေသဖြစ်သည်။ ဇူးရစ်ချ် လေဆိပ်နှင့် ဘူတာရုံတို့သည် နိုင်ငံအတွင်းတွင် အကြီးဆုံးနှင့် အလုပ်အများဆုံး နေရာများဖြစ်သည်။

နှစ်ပေါင်း ၇၀၀၀ ခန့်မျှ အခြေချ နေထိုင်ခဲ့ပြီး ဖြစ်သဖြင့် ဇူးရစ်ချ်၏ သမိုင်းကြောင်းသည် ဘီစီ ၁၅ တွင် ရောမသားတို့က တည်ထောင်ခဲ့ပြီး တူရီကမ်ဟု ခေါ်ဆိုခဲ့ကြသည်။

၁၁ ရာစု နှစ်မှစ၍ အလွန်ထင်ရှားခဲ့သည်။ ကြီးကျယ် သော ပိုးထည်လုပ်ငန်းနှင့် စက်မှုလုပ်ငန်းများရှိ၏။ မြို့ထဲတွင် လူမျိုးပေါင်းစုံ နေထိုင်ကြရာ၊ ဂျာမန်တို့မှာ အများဆုံးဖြစ်၏။ သာယာကြည်နူးဖွယ်ကောင်းသော ရာသီဥတု ရှိခြင်းကြောင့် အမေရိကန်၊ ဗြိတိသျှစသော နိုင်ငံခြားသားလူမျိုးများ သွား ရောက်လည်ပတ်လေ့ရှိကြသည်။ နိုင်ငံရေးကြောင့် ပြည်နှင်ဒဏ် ခံရသူများလည်း ဇူးရစ်မြို့တွင် ခိုလှုံနေထိုင်ကြသည်။ ဆွစ်အမျိုးသား ပြတိုက်၌ အဖိုးတန် ရှေးဟောင်းပစ္စည်း များရှိ၍၊ ဇူးရစ်မြို့စာကြည့်တိုက်မှာ ဆွစ်ဇာလန်ပြည်တွင် အကြီးဆုံးဖြစ်သည်။ ၁၈၃၃ ခုနှစ်တွင် တည်ထောင်ခဲ့သော ဇူးရစ်တက္ကသိုလ်သည် ဂျာမန်စကားပြောသော ဆွစ်လူမျိုးတို့ အဖို့ ပညာရှာမှီးရာ ဗဟိုဌာနကြီးဖြစ်ပေသည်။[၁]

ဇူးရစ်ချ်မြို့နှင့် ဇူးရစ်ချ်ရေကန်ကို မြင်ကွင်းကျယ် ရိုက်ကူးထားသောပုံ
ဇူးရစ်ချ်မြို့နှင့် ဇူးရစ်ချ်ရေကန်ကို မြင်ကွင်းကျယ် ရိုက်ကူးထားသောပုံ

ကိုးကား [ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)