ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်
ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်၊Biometric passport၊ e-passport၊ePassport၊digital passportဆိုသည်မှာ စာရွက်နှင့် အီလက်ထရောနစ် ရောပေါင်းထားသည့် နိုင်ငံကူးလက်မှတ်ဖြစ်ပြီး၊ ကိုင်ဆောင်သူ၏ ဇီဝအချက်အလက်များဖြစ်သည့်၊ လက်ဗွေ၊ လက်ဝါးဗွေ၊ မျက်ဆံအချက်အလက်များကို အခြေခံကာ မည်သူမည်ဝါဖြစ်ကြောင်း လျင်မြန်စွာ စစ်ဆေးနိုင်သည့် စနစ်ဖြစ်သည်။ ထိတွေ့စရာမလိုသည့် စမတ်ကဒ်ကို အသုံးပြုပြီး၊ မိုင်ခရိုပရိုစက္ဆာ၊ စစ်ဆေးမည့် စက်မှ လျပ်အားပေးနိုင်ရန်နှင့် ဆက်သွယ်နိုင်ရန် အင်တာနာကို နိုင်ငံကူးလက်မှတ်၏ အလယ်၊ မျက်နှာဖုံး (သို့) အနောက်ဖုံးထဲတွင် တပ်ဆင်ထားသည်။ နိုင်ငံကူးလက်မှတ်ထဲတွင် ပါရှိသည့် အချက်အလက်များကို International Civil Aviation Organization's (ICAO) Doc 9303 တွင် သိမ်းဆည်းထားသည်။[၁][၂][၃] နိုင်ငံကူးလက်မှတ်၏ အရေးပါသည့် အချက်အလက်များကို အထဲစာမျက်နှာတွင် ပုံနှိပ်ထားပြီး၊ ကြေးကဒ်ပြားပေါ်တွင်လည်း သိမ်းဆည်းထားသည်။ စက်ပစ္စည်းများကို သေခြာတပ်ဆင်ထားပြီး၊ Public Key Infrastructure (PKI)ကို အသုံးပြု၍ သိမ်းဆည်းထားသည့် အချက်အလက်များကို လျပ်စစ်နည်းဖြင့် စစ်ဆေးသောကြောင့်၊ အတုအပပြုလုပ်နိုင်ရန်အတွက် လွန်စွာ ခက်ခဲစျေးကြီးသည်။
လက်ရှိတွင် ဇီဝအမှတ်အသားဖြင့် အသိအမှတ်ပြု စံနှုန်းများမှာ- လူ၏ မျက်နှာအချက်အလက်၊ လက်ဗွေအချက်အလက်၊ မျက်ဆံ မှတ်မိနိုင်ခြင်း တို့ဖြစ်သည်။ ထိုစံနှုန်းများ ဖြစ်လာရန် လက်တွေ့စမ်းသပ်မှုများ များစွာပြုလုပ်မှုများထဲတွင် retinal ဖတ်စစ်မှုလည်းပါဝင်ခဲ့သည်။ICAO မှ မည်သို့ စနစ်ဖြင့် နိုင်ငံကူးလက်မှတ်သို့ ဆက်သွယ်မှုများ၊ အချက်အလက်သိမ်းစည်းမှုများ ပြုလုပ်နိုင်ရန် စံနှုန်းများကို သက်မှတ်ထားသည်။ ဂျေပဂ် (သို့) ဂျေပဂ်၂၀၀၀ အမျိုးအစား ဒီဂျီတယ်ပုံရိပ်ကို အသုံးပြုပြီး ကြေးပြားထဲတွင် သိမ်းစည်းထားသည်။ အီလက်ထရောနစ်နည်းဖြင့် စစ်ဆေးနိုင်သည့် ကောင်တာများ(e-borders)ကို အသုံးပြု၍ နိုင်ငံကူးလက်မှတ်ထဲရှိ ကြေးပြားထဲမှ အချက်အလက်များကို စစ်ဆေးမှုများ ပြုလုပ်ကြသည်။ ထိတွေ့ရန်မလိုသည့် ကြေးပြားထဲသို့ အချက်အလက်များ သိမ်းစည်းနိုင်ရန် ၃၂ ကီလိုဘိုက် ပါရှိသည့် အီးအီးပီရွမ် မှတ်ငြာဉ်ကို အသုံးပြုထားပြီး နိုင်ငံတကာစံနှုန်းISO/IEC 14443ကို အခြေခံ၍ အလုပ်လုပ်သည်။ ထိုစံနှုန်းများသည် တစ်နိုင်ငံမှ တစ်နိုင်ငံ ထုတ်လုပ်ကြသည့် နိုင်ငံကူးလက်မှတ်များကို တပြေးညီ စစ်ဆေးနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
တချို့သော နိုင်ငံသား စီစစ်ရေးကဒ်ပြားများ (ဥပမာ နယ်သာလန်, အယ်လ်ဘေးနီးယား နှင့် ဘရာဇီး) တွင် ဇီဝအချက်အလက် နိုင်ငံကူးလက်မှတ်များကို ICAO9303စံနှုန်းအပြည့် အသုံးပြုထားသော်လည်း၊ အမေရိကန် နိုင်ငံကူးလက်မှတ်ကဒ်သည် စံနှုန်းမညီပေ။
မာတိကာ |
အချက်အလက် လုံခြုံစိတ်ချနိုင်မှု [ပြင်ဆင်ရန်]
တိုက်ခိုက်ခံရမှု [ပြင်ဆင်ရန်]
အမြင်မတူသူများ [ပြင်ဆင်ရန်]
အမျိုးအစားများ [ပြင်ဆင်ရန်]
ဥရောပ သမဂ္ဂ [ပြင်ဆင်ရန်]
ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ် ပုံစံများ [ပြင်ဆင်ရန်]
-
Maltese ePassaporte.jpg
Maltese -
BiometricVenPassport.jpg
Venezuelan
ကိုးကား [ပြင်ဆင်ရန်]
- ↑ ICAO Document 9303, Part 1, Volume 1 (OCR machine-readable passports) (PDF). Retrieved on 8 September 2010။
- ↑ ICAO Document 9303, Part 1, Volume 2 (e-passports) (PDF). Retrieved on 8 September 2010။
- ↑ ICAO Document 9303, Part 3 (credit-card sized ID cards) (PDF). Retrieved on 8 September 2010။