ဇီယာ
| Cumin | ||||||||||
|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||
|
||||||||||
| ဒွိနာမ | ||||||||||
| ''Cuminum cyminum'' | ||||||||||
ဇီယာပင်သည် တစ်နှစ်ခံ သစ်နုပင်မျိုးဖြစ်၍၊ 'အမ်ဗဲလစ် ဖရီ'မျိုးရင်းဝင် ဖြစ်သည်။ ထိုအပင် မူလပေါက်ရောက်ရာဒေသ များမှာ ဥရောပတိုက်တောင်ပိုင်းနှင့် အာဖရိကတိုက်မြောက်ပိုင်း တို့ဖြစ်သည်။ ရှေးအခါက အာရေဗျ၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့ အပြင် မြေထဲပင်လယ်ကမ်းခြေရှိ ဒေသများတွင်လည်း ဇီယာပင် ကိုစိုက်ပျိုးခဲ့ကြသည်။ ယခုအခါ မြေထဲပင်လယ်ထဲရှိ စစ္စလီ ကျွန်း၊ မော်လတာကျွန်း၊ မြောက်အာဖရိကတိုက်၊ အိန္ဒယ၊ ဆီးရီးယား၊ မက္ကဆီကို နိုင်ငံတို့တွင် အမြောက်အမြား စိုက်ပျိုး ကြသည်။
ဇီယာ၏ ယေဘုယျ ပုံသဏ္ဌာန်သည် စမုန်စပါးနှင့်တူ၏။ ပင်စည်သည် သေးသွယ်၍ ဖြာထွက်နေ၏။ အပင်၏ အမြင့်မှာ တစ်ပေခန့်ရှိသည်။ အပွင့်သည် သေးငယ်၍ အဖြူရောင်ရှိသည်။ အရွက်များသည် ခြည်မျှင်များသဖွယ် အစိတ်စိတ်ပြတ်လျက်ရှိကြ၏။ ဇီယာပင်မှ အစေ့ဟုခေါ်သော အသီးသည် ဘဲဥပုံရှိသည်။ ထိုအသီး၏ အနံ့သည် မွှေး၍ အရသာမှာခါးသည်။ ဇီယာစေ့များကို ရေနှင့်ရော၍ ပေါင်းခံ ယူလျှင် ဇီယာဆီခေါ် ဆီတစ်မျိုးကိုရ၏။ ထိုဆီ၏အရောင်မှာ အဝါနုရောင်ဖြစ်၍၊ အနံ့စူးရှ၏။ တစ်ကမ္ဘာလုံးမှ နှစ်စဉ်ထွက် သော ဇီယာတန်ချိန်ပေါင်းမှာ ၂ဝဝဝ ခန့်ရှိသည်။ အထူးသဖြင့် ဇီယာကို ဟင်းခတ်အမွှေးအကြိုင်များ ပြုလုပ်ရာတွင်အသုံးပြုကြသည်။ ဇီယာနှင့် စီမံထားသောဆေးဝါများကို တိရစ္ဆာန်များအား ဆေးကုရာတွင် အသုံးပြု ကြသည်။
မြန်မာလူမျိုးတို့သည် ဇီယာစေ့ကို ထောင်းပြီးလျှင် လတ် ဆတ်သော သားငါးတို့၏ အနံ့အသက်များ လျော့ပါးစေရန် အမှုန့်ကို ဖြူးပေးလေ့ရှိကြသည်။[၁]
[ပြင်ဆင်ရန်] ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)