ဇိုးဂုဘုရင်၊ ပထမ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အာမက် ဇိုးဂု

ဇိုးဂုဘရင်၊ ပထမ (ခရစ် ၁၈၉၃ ဖွား)[ပြင်​ဆင်​ရန်​]

၁၉၂၈ ခုနှစ်တွင် အယ်လဗေးနီးယားနိုင်ငံ ပထမဇိုးဂု ဘုရင်ဘွဲ့ကိုခံယူသူ အာမက်ဇိုးဂုသည် မင်းမျိုးမင်းနွယ်ထဲမှဖြစ် သော မင်းမဟုတ်ချေ။ သူ၏ မျိုးရိုးမှာ အယ်လဗေးနီးယားနိုင်ငံ တောင်တန်းသားစော်ဘွားစော်ကန်မျိုးရိုးဖြစ်သည်။ ခရစ် ၁၈၉၃ ခုနှစ်တွင် ဖွားမြင်သည်။ ကွန်စတန်တီနိုပယ်မြို့တွင် ပညာသင် ကြားခဲ့သည့် မွတ်စလင်တစ်ဦးဖြစ်သည်။ ပထမကမ္ဘာစစ်ကြီး တွင် ဩစတြီးယားစစ်တပ်ထဲ၌ စစ်မှုထမ်းခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် တူရကီလက်အောက်မှ လွတ်လပ်လာခဲ့သော အယ်လ ဗေးနီးယားနိုင်ငံရေး၌ စစ်ကြီးပြီးသည့်နောက် ဝင်ရောက်ခေါင်း ဆောင်ခဲ့ရာ၊ ၁၉၂ဝ ပြည့်နှစ်တွင် ပြည်ထဲရေးဝန်ကြီးဖြစ်လာ သည်။ ကာကွယ်ရေးဝန်ကြီးအဖြစ်ဖြင့်လည်း ဆောင်ရွက်ရသေး သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၂၄ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ်ဖြင့် ဆောင်ရွက်သည်။ ၁၉၂၅ ခုနှစ်တွင် အယ်လဗေးနီးယားနိုင်ငံ၏ သမ္မတဖြစ်လာလေသည်။ ၁၉၂၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် သမ္မတဇိုးဂုသည် သူ့ကိုယ်သူ အယ်လဗေးနီးယား နိုင်ငံ ဇိုးဂုဘုရင်ဟူ၍ ကျေညာလိုက်လေရာ၊ ယူဂိုဆလားဗီးယား နိုင်ငံနှင့် မသင့်မမြတ် ဖြစ်သွားလေသည်။ သို့သော် အီတလီ နိုင်ငံကို အားကိုးတစ်ခုပြု၍၊ ထိုနိုင်ငံနှင့် ပူးပေါင်းခဲ့သည်။

၁၉၃၈ ခုနှစ်တွင် ဇိုးဂုဘုရင်သည် မှူးမတ်မျိုးရိုးဖြစ်သော ဗရင် ဂျီဂိုဏ်းဝင် ဟန်ဂေရီအမျိုးသမီးတစ်ဦးနှင့် ထိမ်းမြားသည်။ ၁၉၃၉ ခုနှစ်တွင် ဇိုးဂုဘုရင်သည် အီတလီက အယ်လဗေးနီး ယားကို ဝင်ရောက်တိုက်ခိုက်သောအခါ၊ ဇိုးဂု ဘုရင်ထွက်ပြေးရ လေသည်။ ၁၉၄၄ ခုနှစ် ဂျာမန်တို့စစ်ရှုံးသောအခါ၊ တိုင်းပြည် ကိုပြန်ရသော်လည်း၊ ၁၉၄၆ ခုနှစ်သို့ရောက်သော်၊ အယ်လဗေးနီးယားနိုင်ငံမှာ သမ္မတနိုင်ငံဖြစ်သွားပြီးလျှင်၊ ဇိုးဂုဘုရင်နန်း ကျသွားသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)